ကိုဖီအာနန်
ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အစီရင်ခံစာနှင့် ခိုးဝင်ဘင်္ဂလီများ၏
အကြမ်းဖက်လုပ်ရပ်များအပေါ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး၏
“သဘောထား ထုတ်ပြန်ကြေညာချက်”
==========================================================
၂၃- ၈- ၂ဝ၁၇-ရက်နေ့၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏
အကြံပေးပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ပေးပို့ခဲ့သော မစ္စတာကိုဖီအာနန်
ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာသည်-
၁။(က) ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ကျော်လွန်၍
ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော တရားမဝင် ဘင်္ဂါလီ မွတ်ဆလင် တို့အား နိုင်ငံသားဖြစ်နိုင်ရေးကိုသာ
ရှေးရှုအကြံပြုထားခြင်း၊
(ခ)နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အလေးဂရု
မပြုဘဲ ထိပါးစေခြင်း၊
(ဂ)ဒေသခံတိုင်းရင်းသားတို့ အပေါ်၌ အဆိုပါ
ဘင်္ဂါလီမွတ်ဆလင်တို့၏ အနိုင့်အထက်ပြုမူခြင်းယ အကြမ်းဖက်ခြင်းတို့ကို မျက်ကွယ်ပြုထားခြင်း၊
(ဃ)ဌာနေရခိုင်သား အပါအဝင် တိုင်းရင်းသားတို့၏
အကျိုးစီးပွားနှင့် နစ်နာချက်များကို လျစ်လျူရှု၍ ခိုးဝင်ဘင်္ဂါလီတို့၏ အကျိုးအတွက်သာ
အလေးပေး ဖော်ပြထားခြင်း၊
(င) နိုင်ငံတော်၏ တရားဝင်ဥပဒေများကို ပျက်ပြယ်အောင်
ပြုလုပ်သည့်သဘော ဆောင်နေခြင်း၊
စသည်တို့ကိုသာ ဦးစားပေး ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
၂။ ၂၅- ၈- ၂ဝ၁၇၊ နံနက် ၁-နာရီအချိန်တွင် ရခိုင်ပြည်နယ်၊
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များ ရှိ ရဲကင်းစခန်း ၃ဝ-ခုနှင့် ဘူးသီးတောင်မြို့နယ်၊
တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်တို့ကို ဘင်္ဂါလီအစွန်းရောက် အကြမ်း ဖက်သမားများက
တစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်၊ ယခုအချိန်ထိလည်း
တိုက်ခိုက်လျက်ရှိသည်၊ ထိုတိုက်ခိုက်မှုကြောင့် လောလောဆယ်အချိန်အထိ စစ်သည်တစ်ဦး၊ ရဲတပ်ဖွဲ့ဝင်
၁ဝ-ဦး၊ ဒု-လဝကမှူး ၁-ဦး ကျဆုံး၍ ဒဏ်ရာရ တပ်ဖွဲ့ဝင်ပေါင်း ၁၁-ဦး၊ စိုးရိမ်ရသူ ၃-ဦး
ဖြစ်ပြီး လက်နက် ၆-လက် ဆုံးရှုံးကြောင်းလည်း သိရသည်။
၃။ ထိုသို့ အင်အားအလုံးအရင်းဖြင့် ရဲစခန်းများ နယ်မြေခံတပ်ရင်းဌာနချုပ်များကို
အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီအရင်ခံစာ
ထုတ်ပြန်သည့်အချိန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပခါနီးချိန်တို့နှင့် အချိန်ကိုက်
ဖန်တီးပြုလုပ်ခြင်းကို ကြည့်ခြင်းအားဖြင့် ယင်းတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အစီအစဉ်
တကျ အားပေးအားမြှောက် စီစဉ် ပြုလုပ်ပေးနေသည့် လက်မဲကြီးများ ရှိနေကြောင်း သိသာထင်ရှားသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်သည့်သဘောယ
ထိပါးနှောက်ယှက်သည့် သဘော ဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်
အကြံပြုချက်များကိုလည်းကောင်း၊ ယင်းအကြံပြုချက် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကိုလည်းကောင်း၊
၂၅- ၈- ၂ဝ၁၇-နေ့ ရခိုင်ပြည်နယ် ဒေသ များ၌ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက တစ်ချိန်တည်း
တစ်ပြိုင်တည်း အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကို လည်းကောင်း ပြင်းပြင်းထန်ထန်
ကန့်ကွက်ရှုတ်ချပါကြောင်း၊ ယင်းအကြမ်းဖက်မှုကြောင့် အသက် ဆုံးရှုံးရသူများယ ထိခိုက် နစ်နာသူများ
အတွက်လည်း သက်ဆိုင်ရာ မိသားစု များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲရပါကြောင်း အဆိုပါ
ကိစ္စရပ်များ အတွက် နိုင်ငံတော် အစိုးရ အပါအဝင် တာဝန်ရှိသူများယ ပါတီအဖွဲ့အစည်း အသီးသီးများယ
နိုင်ငံသားများ အားလုံး ညီညီညွတ်ညွတ် ပါဝင်ဆောင်ရွက်စေလိုကြောင်း မိမိတို့၏ အမျိုး
ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကြီးက နိုင်ငံသားအားလုံး၏ ကိုယ်စား လေးလေးနက်နက် သဘောထား ထုတ်ပြန်လိုက်သည်။
ဦးဆောင်တာဝန်ခံ နာယကများ
အမျိုး ဘာသာ
သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတ
ဖောင်ဒေးရှင်းကြီး

No comments:
Post a Comment