Friday, August 4, 2017

"ဒုက္ခိတဦးဇင်းကြီးတစ်ပါး တွေ့ရှိထား ပိုင်ရှင်များ အမြန်ဆက်သွယ်ပါ"



"ဒုက္ခိတဦးဇင်းကြီးတစ်ပါး တွေ့ရှိထား ပိုင်ရှင်များ အမြန်ဆက်သွယ်ပါ"
=====================================

အမရပူရမြို့အပိုင် ဒုဋ္ဌဝတီတံတားအနီး အဝေးပြေးလမ်းမကြီးဘေး ဖရဲကျွန်းကျေးရွာ ခြံတစ်ခြံထဲမှာ ဒီကနေ့ 4.8.2017 ညဦးပိုင်းမှာ ဦးဇင်းကြီးတစ်ပါး တွေ့ရှိထားပါတယ်။
စွန့်ပစ်သွားတာလား၊ ထွက်ပြေးလာတာလား မသိရပါ။
ညာဘက်ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်ထားပြီး စကားလည်းမပီပါ၊ ဘာမှလည်း မေးမရပါ၊ ထိရောင် ထိရောင်လို့ပဲ အော်နေပါတယ်။
ဘယ်ကလဲ ဘွဲ့ဘယ်သူလည်း ဘယ်လိုမှ မေးလို့မရပါဘူး။
ဘယ်နှစ်ဝါရလဲလို့ မေးတဲ့အခါတော့ လက်ညှိုးတစ်ချောင်းထောင်ပြီး လက်မနဲ့လက်ညှိုး ကွေးပြပါတယ်။
သုံးဝါလား၊ ဆယ့်နှစ်ဝါလား၊ နှစ်ဆယ့်တစ်ဝါလား၊ တစ်ဝါရပြီး နှစ်ဝါမြောက်လား ဘယ်လိုမေးမေး မရပါဘူး၊ စာရွက်ပေါ်မှာ ရေးခိုင်းတဲ့အခါ ဘယ်ဘက်လက်နဲ့ ရေးပါတယ် ၁၃ ဆိုတဲ့ ဂဏန်းလေးပါ။
ဒါကိုထောက်ရင် ၁၃ ဝါရပြီဆိုတာ သိရပါတယ်။
တစ်ထောင်ကျပ်တန် ကိုးရွက်နှင့် ငါးထောင်ကျပ်တန်လေးရွက် ပါလာပါတယ်။
ဆေးရုံပို့ရအောင်လည်းခက်၊ လက်ခံထားရဖို့လည်းခက်ဖြစ်နေလို့ သိတဲ့သူများ ကူညီကြပါဦး။
နေရပ်ပြန်ပို့ပေးချင်လို့ပါ။
လောလောဆယ် အမရပူရ မြို့နယ်သံဃနာယကအတွင်းရေးမှူးဆရာတော်ထံ အပ်နှံထားပါတယ်။

No comments:

Post a Comment