"လောကဓံမြေဇာပင်များစွာအတွက်
ပေးဆပ်ခြင်းဖြင့် အသက်ဆက်နေဆဲ လောကအလင်းပညာဒါန ကျောင်းတော်(၃)"
==========================================================
မိုးအောင်လင်းနိုင်)
(၅)
ဆရာတော်နဲ့ပတ်သက်ပြီး အပြင် မှာ ကြားရတဲ့သတင်းတွေ၊
ဝေဖန်သံ တွေကြောင့် ဆရာတော်တည်ထောင် ထားတဲ့ လောကအလင်းပညာဒါနကျူ ရှင်ကျောင်းကို လာရောက်သင်ကြား
ပေးရတဲ့အတွက် စိတ်ကသိကအောက် ဖြစ်တာမျိုး၊ နောက်ဆုတ်ဖို့ စိတ်ကူး တာမျိုး ရှိခဲ့ဖူးလား
မေးမြန်းရာမှာတော့ ဒီသတင်းတွေနဲ့ပတ်သက် ပြီး သူ့မှာ ဘာဖိအားမှ မရှိကြောင်း ဆရာဦးမင်း
အောင်က ရင်ဖွင့်ပါတယ်။
ဒဆရာ့မှာ ဘာဖိအားမှ မရှိဘူး။ ကလေးတွေအတွက် ဆရာတော်
တောင်မှ လုပ်နိုင်သေးတာပဲဆိုတဲ့စိတ် နဲ့ပဲ လာသင်ပေးနေတာပါ။ ဆရာ တော် ဦးဝီရသူက တော်တော်လေးကို
တော်ပါတယ်။ လူတစ်ယောက်ကို ကောင်းတယ်ဆိုးတယ်ဆိုတာက သူ့ရဲ့ သမိုင်းအပေါ်မှာ မူတည်ပါတယ်။
ဆ ရာတော် မကောင်းတာ လုပ်လုပ်၊ ကောင်းတာလုပ်လုပ် သူ့ရဲ့သမိုင်းက သူလုပ်တဲ့အတိုင်း တွင်ကျယ်လာမှာပဲ
လေ။ ဆရာတော်ရဲ့ လုပ်နိုင်တဲ့စွမ်း အားတွေက အံ့မခန်းပါပဲ။ ခုနှစ်ဆို ကျောင်းသား ၁၅ဝ
ကျော်ကျော် လောက် ရှိတယ်။ ဒီလိုမျိုး ပညာဒါန ကုသိုလ်ကို တော်တော်တန်တန်နဲ့ လုပ် ပေးနိုင်ဖို့
မလွယ်ပါဘူး။ ဆရာက တော့ နိုင်ငံရေးအမြင်နဲ့လည်း မကြည့် တတ်ဘူး၊ လူမျိုးရေးအမြင်နဲ့လည်း
မကြည့်တတ်ဘူး။ လုပ်သင့်လုပ်ထိုက် တဲ့ ပညာရေးကိုပဲ
ကျောင်းသူ။သား တွေအတွက် ဦးစားပေးတာပါဒလို့ ဆို ပါတယ်။
ဆရာတော်ဦးဝီရသူရဲ့ ရပ်တည် ချက်နဲ့ပတ်သက်ပြီး
ဆရာမဒေါ်ဝင်း ဝင်းအေးကလည်း ဒကျွန်တော်တို့က တော့ ဆရာတော်ကို မကောင်းလည်း မမြင်ပါဘူး။
သူ့ဘာသာသူ နိုင်ငံ့အ တွက် ကောင်းအောင်လုပ်ပေးတာပဲ။ ဒီလို အလုပ်မျိုးတွေ ကိုယ်တွေမှ မ လုပ်နိုင်တာလေ။
သူမို့ လုပ်နိုင်တာကိုး။ ကိုယ်တွေက နောက်ကနေ
ပညာရေး ကို စိတ်ဝင်စားလို့ လာပံ့ပိုးပေးတဲ့သ ဘောပဲ။ ဆရာတော်လုပ်နိုင်တာကို ဂုဏ်ယူပါတယ်။
ကိုယ်ငယ်ငယ်တုန်း ကကျတော့ ပိုက်ဆံပေးမှ ပညာတတ် တာလေ။ ခုကျတော့ ပညာဒါနအနေ နဲ့ ဆရာတော်က
လုပ်ပေးတယ်ဆို တော့ ကြည်ညိုပါတယ်။ ရှေ့မှာ မ ဟော်သဓာကျောင်းကြီး ဖွင့်တော့မယ် ဆိုတော့လည်း
သဘောကျပါတယ်။ မရှိတဲ့ကလေးတွေအတွက် တကယ် လိုအပ်လို့ပါဒလို့
ဖွင့်ဟသွားခဲ့ပါတယ်။
လောကအလင်း ပညာဒါနကျူ ရှင်ကျောင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့
ဆရာ တော် ဦးဝီရသူကတော့ ဒဦးဇင်းက ကိုယ့်ကိုယ်ကိုယ် ဝီရသူလို့လည်း မိတ် ဆက်မပေးဘူး။
ကိုယ့်အကြောင်း လည်း ကလေးတွေကို မပြောဘူး။ အဓိကယကတော့ ဒီကျောင်းမှာနေတဲ့ ကလေးတွေ စာမှန်မှန်ကျက်ဖို့ရယ်၊
ကျောင်းမှန်မှန်တက်ဖို့ရယ်၊ လေ့ကျင့် ခန်းမှန်မှန်လုပ်ဖို့ရယ်။ ပညာရေးအ တွက် ဒါပဲလေ။
နောက် ဆရာ။မတွေ စကား နားထောင်ဖို့၊ ကျောင်းစည်း ကမ်းလိုက်နာဖို့၊ ဒါတွေပဲပေါ့။ ဦးဇင်း
တို့ကျောင်းရဲ့ ဆောင်ပုဒ်ကကို သာသ နာ၊ ပညာ၊ ယဉ်ကျေးမှု၊ ကောင်း တော် ယဉ်အောင်ပြုဆိုတဲ့အတိုင်း
လူကောင်း ဖြစ်ဖို့၊ လူတော်ဖြစ်ဖို့၊ လူယဉ်ကျေးဖြစ် ဖို့ကြိုးစားရင်ကိုပဲ ကျေနပ်ပါပြီ။
ကလေး တွေဆီက ဘာမှမလိုချင်ပါဘူး။ ဒီ ကျောင်းကိုလည်း ဘာမှပြန်ပြီးတော့ အကျိုးပြုစရာမလိုပါဘူး။
အဲလို ပြော ထားတာပါဒလို့ သူ့သဘောထားဆန္ဒကို မိန့်ကြားပါတယ်။
မလိုလားအပ်တဲ့ အဖွဲ့အစည်း တွေ၊ သတင်းမီဒီယာတွေက
သူ့ကို အစ္စလာမ်မုန်းတီးရေး လိုက်လံဟော ပြောနေတဲ့ ဘာသာရေးအစွန်းရောက် အဖြစ် ဝေဖန်နေကြပေမဲ့
၂ဝ၁၂-၁၃ ပညာသင်နှစ်တုန်းက လောကအလင်း ပညာဒါနကျောင်းကနေ ရူပဗေဒဂုဏ် ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့
မောင်မင်း ခန့်ဦး(မရမ-၃၁၈ဝ)ဟာ အစ္စလမ်ဘာ သာဝင်တစ်ဦးဖြစ်ကြောင်းလည်း ဆ ရာတော်က မိန့်ပါတယ်။
(၆)
လက်ရှိအနေအထားအရ ကျောင်း ရဲ့လိုအပ်ချက်နဲ့ အသုံးစရိတ်၊
စာအုပ် စာတမ်းပံ့ပိုးမှု၊ ကျောင်းကို လာရောက် ပြီး စာသင်ကြားပေးတဲ့ ဆရာ%။မတွေ ကို ဆိုင်ကယ်ဆီဖိုး
လမ်းစရိတ်ထောက် ပံ့မှုစတဲ့ သုံးစွဲမှုတွေအပါအဝင် လောက အလင်းပညာဒါနကျောင်းအတွက် တစ် လကို
၂၅ သိန်းခန့်ကုန်ကျငွေရှိပြီး စာသင်နှစ်တစ်ခုမှာ သိန်း ၂၅ဝ နဲ့ ၃ဝဝ ကြားထိ ကုန်ကျမှုရှိတယ်လို့
ကျောင်း အကျိုးတော်ဆောင် ဦးမိုးအောင်က ပြောပြပါတယ်။
ကျူရှင်ကျောင်း ကုန်ကျစရိတ် တွေထောက်ပံ့ဖို့အတွက်
အလှူငွေ တွေကို ဆရာတော်ရဲ့ ဓမ္မပူဇာငွေထဲ ကနေပဲ အဓိကရရှိပြီး ပြင်ပအလှူရှင် အနေနဲ့ ငါးသောင်း၊
တစ်သိန်းပါဝင် လှူဒါန်းသူ တစ်ယောက်စ နှစ်ယောက် စပဲ ရှိတဲ့အကြောင်း သိရပါတယ်။ ဆင်း ရဲနွမ်းပါးတဲ့
ကလေးငယ်လေးတွေ ပညာရေးအသက်ဆက်နိုင်ဖို့အရေး ဆ ရာတော်ဦးဝီရသူအနေနဲ့ တရားပွဲတွေ ကနေပဲ
ရန်ပုံငွေ ရှာဖွေနေရတဲ့အချိန် မှာ ဆရာတော်ကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်လိုက်တဲ့အတွက်
ဒီဘက် နှစ်ထဲမှာ ရန်ပုံငွေသိသိ သာသာအား နည်းသွားကြောင်းလည်း ဦးမိုးအောင် က ညည်းတွားရှာပါတယ်။
ဒလောကအလင်း စတင်တည် ထောင်တဲ့ နှစ်တွေကတည်းက ဦးဇင်း
တရားပွဲတွေကရတဲ့ ဓမ္မပူဇာအလှူငွေ လေးတွေနဲ့ပဲ လည်ပတ်ခဲ့တာပါ။ အခု တော့ မဟာဝီရအယ်ဒီတာ
ငြိမ်းချမ်း သာ လစဉ်လှူဒါန်းတာလေး ရှိတယ်။ ဟိုအရင်က ဟိုလူတစ်သောင်း၊ ဒီလူ တစ်သောင်း၊ ဟိုလူတစ်သိန်း၊ ဒီလူ တစ်သိန်း လှူတာ
လေးငါးဦးရှိတယ် ပေါ့။ ဒါပါပဲ။ ကျန်တာကတော့ ကိုယ့် ဓမ္မပူဇာနဲ့ပဲ လည်ပတ်ခဲ့တာပါ။
အခုတော့ တရားပွဲတွေ အပိတ် ခံထားရတော့ လောကအလင်းအ
တွက် ကျပ်တည်းသွားပြီ။ တကယ်လို့ လာမယ့်နှစ်ပါ ထပ်ပြီး တရားဟောခွင့် ပိတ်မယ်ဆိုရင်တော့
ကျောင်းက ပိတ် ရတော့မယ့် အနေအထား ရောက် သွားမလားပဲ။ ဒီနှစ်က ဝင်ငွေလုံးဝ မရှိဘဲ ထွက်ငွေတွေချည်း
များနေ တော့ လာမယ့်နှစ်ဆိုရင် လုပ်ငန်းတွေ ရပ်ရတော့မယ့်ကိန်းပဲဒလို့ ဆရာတော် က မိန့်ကြားပါတယ်။
တကယ်တမ်းဆိုရင် လောကအ လင်းဆိုတာ ဘယ်ခရိုနီ၊ ဘယ်အာ
ဏာရှင်ရဲ့ ထောက်ပံ့မှုမှမရှိဘဲ ဆရာ တော်ရဲ့ တရားပွဲတွေက ရလာတဲ့ ဓမ္မ ပူဇာငွေလေးတွေနဲ့ပဲ
ရပ်တည်လာခဲ့ရ တာပါ။
ပြီးခဲ့တဲ့ လေးငါးနှစ်ကတည်းက လောကအလင်းနဲ့ပတ်သက်ပြီး
ဆရာ တော် ဦးဝီရသူလုပ်ဆောင်ခဲ့တာတွေ ဟာ ဘာသာခြားမုန်းတီးရေးမဟုတ်သ လို အစွန်းရောက်တဲ့
လုပ်ငန်းစဉ် လည်းမဟုတ်ပါဘူး။ ဘဝပေးအခြေ အနေအရ ဆင်းရဲနွမ်းပါးတဲ့ မိသားစုနဲ့ အသိÓာဏ်ပညာအားနည်းတဲ့ မိဘ တွေလက်ထဲမှာ အလိုလိုနေရင်း
လော ကဓံမြေဇာပင်ဖြစ်ပြီး အနာဂတ်မရှိသ လို ဖြစ်နေရှာတဲ့ ဆင်ခြေဖုံးရပ်ကွက် ငယ်လေးတွေထဲက
ကလေးတွေရဲ့ ပညာရေးအတွက်ပဲ ဖြစ်ပါတယ်။ လောကအလင်းအတွက် ကြောင့်ကြ စိုက်ပြီး တစ်နှစ်ပြီးတစ်နှစ်
ပိုမိုအောင် မြင်တဲ့ ပညာဒါနကျူရှင်ကျောင်းတစ် ကျောင်းဖြစ်လာဖို့အတွက်လည်း အ ခက်အခဲ
အကျပ်အတည်းပေါင်းများ စွာ၊ အောက်ကျနောက်ကျခံမှုများစွာ ကို ဖြတ်သန်းရင်ဆိုင်ခဲ့ရကြောင်း
ဆ ရာတော်က ဆက်လက်မိန့်ပါတယ်။
ဆယ်ကျော်သက်အရွယ် လူငယ် လေးတွေရဲ့ အနာဂတ်ဘဝ လှပတင့်
တယ်စေဖို့ ရရှိခဲ့သမျှ ဓမ္မပူဇာငွေလေး တွေကိုပဲ အားကိုးပြီး ထူထောင်ပံ့ပိုးနေ ရတဲ့အချိန်မှာ
တရားပွဲတွေ အပိတ်ခံ လိုက်ရတာကတော့ ဘဝပေါင်းများစွာ ရဲ့ အသက်ရှူပေါက်တွေကို ပိတ်ပစ်
လိုက်သလို ခံစားရကြောင်းလည်း ဆ ရာတော်က ရှုမြင်ထားပါတယ်။
ဒဦးဇင်းရတဲ့ ငွေတွေက ဆင်းရဲ သူ၊ ဆင်းရဲသားတွေကို
ထောက်ပံ့နေ တာ။ လောကအလင်းဆိုတာကလည်း ဆင်းရဲသားမိသားစုတွေကနေ ပေါက် ဖွားလာတဲ့ ကလေးတွေအတွက်
ပညာ ဒါနအနေနဲ့ ထောက်ပံ့ပေးနေတာ။ ဦး ဇင်းရဲ့ တရားပွဲတွေကို ပိတ်တာဟာ ပြည်သူ့ထမင်းလုတ်ကို
ပုတ်ချတာပဲ။ ဒီဟာ(တရားပွဲတွေ)ရပ်သွားရင် ဆရာ တော် ထောက်ပံ့နေတဲ့ ပြည်သူတွေ ငတ်သွားမှာပေါ့ဒလို့
သူ့ဝသီအတိုင်း ဆရာတော်က ခပ်ပြင်းပြင်းလေး တုံ့ ပြန်ပါတယ်။
တကယ်လို့ အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူကို
ချစ်လို့ပဲဖြစ် စေ၊ မုန်းလို့ပဲဖြစ်စေ၊ ဦးဝီရသူကို ယုံ လို့ပဲဖြစ်စေ၊ မယုံလို့ပဲဖြစ်စေ၊
ဆရာ တော် ဘာလုပ်လုပ် အဟုတ်ထင်နေ သူပဲဖြစ်ဖြစ်၊ အပြစ်မြင်သူပဲဖြစ်စေ မန္တ လေးမြို့၊ ဆင်ခြေဖုံးရပ်ကွက်လေးထဲ
က လောကအလင်း ပညာဒါနအခမဲ့ ကျူရှင်ကျောင်းကို သွားရောက်လေ့ လာမယ်ဆိုရင်တော့ လောကဓံဇာတ်
ဝင်ခန်းထဲက ဆယ်ကျော်သက်အရိုင်း ပန်းလေးတွေရဲ့ စာအံသံ၊ စာကျက်သံ တွေကို နူးညံ့တဲ့နှလုံးသားရှိသူတိုင်း
ကရုဏာသက်စွာ ကြားရလိမ့်မယ်ဆို တာ သေချာပါတယ်။
မိုးအောင်လင်းနိုင်







No comments:
Post a Comment