"နိုင်ငံရေးပါတီ
၂၈ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်"
======================================
"နိုင်ငံရေးပါတီ
၂၈ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်"
၂၀၁၇
ခုနှစ်၊ သြဂုတ်လ (၂၈)ရက်၊ ၁၃၇၉ခုနှစ်၊ တော်သလင်းလဆန်း(၇)ရက်
၁။
ရခိုင်ပြည်နယ်တွင် ပိုင်နက်နယ်မြေဆုံးရှုံးမည့်အလားအလာများကို ရင်ဆိုင်နေရပြီး ဒေသခံပြည်သူများ၏
အသက်အိုးအိမ်နှင့် ဥစ္စာပစ္စည်းများ ဖျက်ဆီးခြင်းခံရမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ဆက်စပ်နေသော
အကြမ်းဖက်အဖွဲ့အစည်းနှင့် အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း နိုင်ငံတော်အစိုးရမှ ရဲဝံ့ခိုင်မာစွာ
ထုတ်ပြန်ကြေညာပေးရန် ၂၈.၁၁.၂၀၁၆ ရက်နေ့တွင် နိုင်ငံရေးပါတီ (၁၃)ပါတီမှ ပူးတွဲသဘောထား
ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၄င်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် အစွန်းရောက်ဘင်္ဂါလီ
အကြမ်းဖက်သမားများက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ပြီး တည်ငြိမ်မှုပျက်ပြားစေရန်
ဆောင်ရွက်လာသဖြင့် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ
တိကျပြတ်သားစွာ အရေးယူဆောင်ရွက်သွားရန် ၆-၇-၂၀၁၇ရက်နေ့တွင် နိုင်ငံရေးပါတီ(၁၄)ပါတီမှ
ပူးတွဲသဘောထားထုတ်ပြန်ခဲ့ပါသည်။
၂။
ယင်းသဘောထားထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတော်အစိုးရက တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်ခြင်းမရှိ
ခဲ့သဖြင့် အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူအများအပြား ရက်စက်စွာသတ်ဖြတ်ခံ
ရခြင်း၊ ထိုခိုက်ဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ လူမှုစီးပွားဘဝ ပျက်စီးဆုံးရှုံးရခြင်းစသော
နစ်နာမှုများကြုံတွေ့ခံစားခဲ့ရပါသည်။
၃။
ယခုအခါ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၅.၈.၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်
၁/၂၀၁၇ ဖြင့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်သမားများအတွက်
တာဝန်ရှိသော Arakan Rohingya Salvation Army(ARSA)တို့ကို အကြမ်းဖက်အုပ်စုဖြစ်သည်ဟု
ကြေညာချက်အပေါ် ကြိုဆိုပါသည်။
၎။
ပစ္စတာကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အား ၂၄-၈-၂၀၁၆ ရက်စွဲပါ
ကြေညာချက်ဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက နိုင်ငံရေးပါတီ (၁၁)ပါတီ၊ ရဟန်းရှင်လူပြည်သူများ
အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများက သဘောမတူ ကန့်ကွက်ကြောင်း သဘောထားကြေညာချက်
များထုတ်ပြန်ခဲ့ပါသည်။ ၄င်းအပြင် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းကန့်ကွက်ခြင်းနှင့်
ရခိုင်ပြည်နယ် လွှတ်တော်၌လည်း အရေးကြီးအဆိုတင်သွင်းကန့်ကွက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၅။
သို့ရာတွင် မစ္စတာကိုဖီအာနန်ကော်မရှင်၏ တာဝန်သည် အကြံပြုချက်များပေးရန်သာဖြစ်ကြောင်း
ဖော်ပြပါရှိသကဲ့သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ပြောကြားချက်တွင်လည်း ကော်မရှင်ထံမှ
အကြံပြုချက် ကိုသာရယူမည်ဖြစ်ကြောင်း ဖော်ပြပါရှိပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ၂၄-၈-၂၀၁၇
ရက်နေ့ ထုတ်ပြန်ကြေညာချက်၌ အကြံပေးကော်မရှင်၏ ၂၀၁၇ ခုနှစ်မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့်
ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက် အများအပြားကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း
ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
၆။
ပြည်သူ့လွှတ်တော်၌ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ တင်သွင်းသော
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်
ဖြစ်ပွားလျက်ရှိသော ဘင်္ဂါလီလူမျိုး အစွန်းရောက်အဖွဲ့အစည်းများ၏ ရာဇဝတ်မှုကျူးလွန်နေကြခြင်းသည်
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ်
လုံခြုံရေးတို့ကို များစွာထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသအတွင်း ပိုမိုကောင်းမွန်သည့်
အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချက်မှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်
နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုအား ၂၄.၈.၂၀၁၇ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရှုံးနိမ့်ခဲ့ပြီး
မှတ်တမ်းတင်အဆင့်သာ ဖြစ်ခဲ့ပါသည်။ ၄င်းနေံ၌ပင် အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို
နိုင်ငံတော်သမ္မတထံ ပေးအပ်ခဲ့ပါသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးမှလည်း ၄င်းနေ့၌ပင်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်ကို
တွေ့ရှိရပါသည်။ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား အချိန်ယူ လေ့လာသုံးသပ်ပြီး
စနစ်တကျ စီမံဆောင်ရွက်ရမည့်အစား ၂၄.၈.၂၀၁၇ ရက်နေ့ တစ်ရက်တည်းမှာပင် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ
အလျင်အမြန် ကြေညာချက်ထုတ်ပြန်ခြင်းအပေါ် အံ့သြဖွယ်စိုးရိမ်စရာဖြစ်ပါသည်။
၇။
ရခိုင်ပြည်နယ်၌ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများသည် ကျေးလက်ဒေသများမှ မြိုပြဒေသများအထိ
ကူးစက်ပြန့်ပွားလာပြီး ဆက်တိုက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအား ပြင်းထန်စွာ ရှုတ်ချပါသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး
ဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည့်အတိုင်း အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်များ၏ ရက်စက်ကြမ်းတမ်းစွာ
တိုက်ခိုက်ပြုမူ ဆောင်ရွက်ချက်များတွင် ပါဝင်ကျူးလွန်သူများ အားပေးကူညီသူများ စီစဉ်ဆောင်ရွက်
သူများ၊ ပူးပေါင်းကြံစည်သူများ၊ ငွေကြေးထောက်ပံ့သူများအား နိုင်ငံတော်က ပြဋ္ဌာန်းထားသည့်
တည်ဆဲအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက် ဖော်ထုတ်အရေးယူသွားရန်
လိုအပ်မည်ဖြစ်ပါသည်။
၈။
လက်ရှိဖြစ်ပွားနေော အခြေအနေများပေါ်တွင် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားနှင့် ထပ်တူထပ်မျှဖြစ်ကြောင်း
ဖော်ပြအပ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တစ်ပြည် နယ်လုံးတွင်
တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှုအပြည့်အဝ ရရှိရေးအတွက် နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အလေးအနက်ထားဆောင်ရွက်ပေးရန် တိုက်တွန်းပါသည်။
၁။
ဦးမြတ်ဟိန်း ဒုဥက္ကဋ္ဌ ပြည်ထောင်စုံကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၂။
ဦးဟန်ရွှေ ဒုဥက္ကဋ္ဌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၃။
ဦးသိန်းညွန့် ဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ
၎။
ဒေါက်တာနေဇင်လတ် ဥက္ကဋ္ဌ အမျိုးသားတိုးတက်ရေးပါတီ
၅။
ဦးနေမင်းကျော် အထွေထွေအတွင်းရေးမှူး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
၆။
ဦးသုဝေ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီ(မြန်မာ)
၇။
ဦးထွန်းအောင်ကျော် ဥက္ကဋ္ဌ ခေတ်သစ်ပြည်သူ့ပါတီ
၈။
ဦးကျော်သူအောင် အထွေထွေအတွင်းရေးမှူး အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ
၉။
ဒေါ်နန်းရွှေကြာ ပူးတွဲဥက္ကဋ္ဌ ဝံသာနုဒီမိုကရက်တစ်ပါတီ
၁၀။
ဦးဝင်းမြင့် ဥက္ကဋ္ဌ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၁။
ဦးစောသာထူးကျော် ဥက္ကဋ္ဌ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၂။
ဦးအေးကြိုင် ဥက္ကဋ္ဌ ရခိုင်အမျိုးသားအင်အားစုပါတီ
၁၃။
ဦးလီပေါရဲ့ ဒုဥက္ကဋ္ဌ(၁) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
၁၄။
ဒေါ်စန္ဒာဦး ဥက္ကဋ္ဌ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
၁၅။
ဦးစံသာအောင် ဥက္ကဋ္ဌ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၆။
ဦးအေးလွင် ဥက္ကဋ္ဌ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ
၁၇။
ဦးသန်းစိုး ဒုဥက္ကဋ္ဌ ၈၈ မျိုးဆက်သစ်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ
၁၈။
ဦးစောမြင့်ထွေး အထွေးထွေးအတွင်းရေးမှူး ကရင်ဒီမိုကရက်တစ်ပါတီ
၁၉။
ဦးစောထွန်းကြည် ဒုဥက္ကဋ္ဌ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
၂၀။
ဦးအောင်မျိုးခိုင် ဥက္ကဋ္ဌ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ
၂၁။
ဦးအောင်မျိုးခိုင် ဥက္ကဋ္ဌ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ
၂၁။
ဒေါ်မြင့်မြင့်ဝေ ဗဟိုအလုပ်အမှုဆောင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
၂၂။
ဦးခွန်ထွန်းရွှေ တွဲဖက်အတွင်းရေးမှူး(၂) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ
၂၃။
ဦးမင်းမင်းထွန်း ဥက္ကဋ္ဌ ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီ
၂၄။
ဦးမျိုးညွန့် အထွေထွေအတွင်းရေးမှူး ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၂၅။
ဦးအောင်သန်း ဥက္ကဋ္ဌ ခေတ်သစ်ပြည်ထောင်စုပါတီ
၂၆။
ဦးပါစီပြည်ဟိန်း ဥက္ကဋ္ဌ စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီ
၂၇။
ဦးရန်ကျော် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် "ဝ"ဒီမိုကရစ်တစ်ပါတီ
၂၈။
ဦးအောင်သိန်း ဒုဥက္ကဋ္ဌ(၁) ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
No comments:
Post a Comment