"အနောက်တံခါးလုံခြုံရေးခရီးစဉ်(၆)"
====================
ဇူလိုင်လ
၁၂ ရက်နေ့ ညနေပိုင်းမှာ အောင်ဇေယျရွာသို့ ရောက်ရှိပါတယ်။
အောင်ဇေယျဆိုတာ
ငြိမ်းချမ်းနှင့် စုစည်းဆိုပြီး တစ်ရွာတည်း ရွာအမည်နှစ်ခုကွဲ ကျေးရွာအုပ်စု နှစ်အုပ်စုကွဲ
နေပေမဲ့ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်တဲ့ရွာပါ။
အိမ်ခြေ
၉၁ အိမ်ရှိပြီး အိမ်ထောင်စု ၉၇ စုရှိပါတယ်။
မောင်တောမြို့
အလိုတော်ပြည့်ဆရာတော်လေး ဦးမဏိသာရက စာရေးသူတို့အဖွဲ့နှင့် ရွာသူရွာသားများကို မိတ်ဆက်ပေးပြီး
မြင်းခြံ မန္တလေး ရန်ကုန် မြန်အောင် စသည်တို့မှ လာရောက်အားပေးကြတာဟာ စိတ်ဓာတ်ခွန်အားရစေလိုသောကြောင့်ဖြစ်ကြောင်း
မိန့်ကြားပြီး တစ်ပါးချင်းစီ မိတ်ဆက်ပေးပါတယ်။
သံတွဲမြို့နယ်
ငပလီကမ်းခြေ ဂျိတ္တောရွာ ပုလဲရတနာဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒာစာရက ရခိုင်ပြည်ကို သံယောဇဉ်ထားဖို့
ညီညီညွတ်ညွတ်နေထိုင်ဖို့ စုစုစည်းစည်းကာကွယ်ကြဖို့ မိန့်ကြားပြီး ဘေးရန်ကင်းပါစေကြောင်း
ဆုတောင်းပေးပါတယ်။
ဒေါပုံမဘသမှ
ဒေါက်တာဥတ္တမသီရိက ရခိုင်ပြည်မှာ ရခိုင်တွေကို သိပ်မတွေ့ရဘဲ ငမဲတွေကိုသာတွေ့နေရလို့
ရခိုင်ပြည်သူတွေကို စာနာမိကြောင်းနှင့် ဦးဇင်းတို့က ပံ့ပိုးရုံပဲတတ်နိုင်တာ၊ ရခိုင်ပြည်ကို
တကယ်ကာကွယ်ရမှာက ရခိုင်လူမျိုးတွေပဲဖြစ်တယ်။
ချစ်ရင်ကာကွယ်ပါ
မိန့်ကြားပြီး ကလေးများများမွေးဖို့ ကလေးတွေရဲ့ စားဝတ်နေရေး ကျန်းမာရေး ပညာရေး လုံးဝစိတ်မပူကြဖို့
ဘ.က ကျောင်းတွေ ပရဟိတကျောင်းတွေမှာ ကလေးတွေကိုအပ်နှံပြီး ကလေးတွေ လူလားမြောက်တဲ့အခါ
ရခိုင်ပြည်ကို ပြန်လည်ကာကွယ်ကြဖို့ မိန့်ကြားပါတယ်။
ဒေါက်တာဥတ္တမသီရိမိန့်ခွန်းပြောအပြီးမှာတော့
အောင်ဇေယျ ငြိမ်းချမ်း စုစည်း ရွာသူရွာသားများ အားရပါးရ လက်ခုပ်တီးကြပါတယ်။
တစ်ခြားရွာတွေလိုပဲ
စားစရာ၊ ကစားစရာ၊ နားဆင်စရာ၊ မိုးကာ စတာတွေ တစ်အိမ်ထောင်လျင် တစ်ထုပ်စီ ဝေပေးကြပါတယ်။
No comments:
Post a Comment