"ဦးနာအောက်
အမွေ ထိန်းသိမ်းစေ(၃)"
=====================
မွန်သူဌေးကြီးဦးနာအောက်အကြောင်း
ကြားဖူးကြမှာပါ။
မျိုးချစ်ပုဂ္ဂိုလ်ကြီး
စီးပွားရေးနှင့် စစ်အေးကို ပထမဦးဆုံး ဆင်နွှဲခဲ့တဲ့ပုဂ္ဂိုလ်ကြီး၊ သူ့အကြောင်း သူ့ရာဇဝင်
လူတိုင်းသိကြပေမဲ့ သူ့ဇာတိ သူ့အတ္ထုပ္ပတ် သူ့ဘဝဖြစ်စဉ်တွေနဲ့ သူ့ဓမ္မအမွေတွေကို လက်ဆင့်ကမ်း
ထိန်းသိမ်းစေလိုတဲ့အတွက် ဒီဆောင်းပါးလေးကို စာစီပြီး ပြန်တင်ပေးလိုက်တာပါ။
ဓာတ်ပုံတွေကတော့
မော်လမြိုင်မြို့ မြစေတီရဲကျောင်းစာချဆရာတော်လေး ဦးသုစိတ္တ(ဒါယဇ္ဇဓမ္မ)ရဲ့ လက်ရာတွေပါ။
ဦးနာအောက်စိတ်ဓာတ်
ဦးနာအောက်အမွေ ခံယူနိုင်ကြပါစေသတည်း။
ဝီရသူ(မစိုးရိမ်)
13.8.2017
PM
6:20
==========================================================
"အမျိုးဘာသာသာသနာကို
စောင့်ရှောက်ခဲ့တဲ့ဦးနာအောက်(၃)"
=========================================
သိန်းထက်အောင်
သင်္ဘောသူဌေးဦးနာအောက်
ဦးနာအောက်သည်
တရုတ်ပွဲစား၊ ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် မိမိတို့တိုင်းရင်းသား တောင်သူလယ်သမားများအား
မတန်တဆအတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ခြယ်လှယ်ခံနေရခြင်းမှကယ်တင် ရန်အလို့ငှာ
အတိုးနှုန်းနည်းပါးစွာဖြင့် ငွေတိုးချစားခြင်းနှင့် စပါးရောင်းဝယ်ခြင်းလုပ်ငန်းကိုလည်း
အခက်အခဲ အတိုက်အခံအမျိုးမျိုးကြားမှ ဝင်ရောက်လုပ်ကိုင်ကာ တောင်သူလယ်သမားတို့၏ အကျိုးလည်းဆောင်ရွက်
ခဲ့ပါသည်။ (၇.၈.၂၀၁၇ ရက်နေ့ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်ပြည်သူများ၏
စကားဝိုင်းဆွေးနွေးပွဲတွင် ပုဂ္ဂလိက ဘဏ်တစ်ခုက အတိုးနှုန်း ၃၀ ရာခိုင်နှုန်းအထိယူကြောင်း
ကြားသိလိုက်ရ၍ ဒေါ်အောင်ဆန်းစုကြည်ပင် အံ့အားသင့်ခဲ့ရပါသည်။ ဦးနာအောက်၏ ဆင်းရဲသားတောင်သူလယ်သမားများ
အပေါ် ထားရှိသည့်စေတနာနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်)။
ဦးနာအောက်သည်
မိမိတို့တိုင်းရင်းသားများ နိုင်ငံခြားသားတို့၏ သွေးစုပ်ခြယ်လှယ်မှုအောက်မှ လွတ်မြောက်
ရန်ရည်ရွယ်၍ စကော့တလန်နိုင်ငံ ဂလာစကိုမြို့ရှိ မက္ကီအင်ဘက္ကစတားကုမ္ပဏီထံမှ သင်္ဘောအသစ်များကို
ဝယ်ယူခဲ့သလို သဘောင်္အဟောင်းများကို လွန်းတင်ခြင်း လုပ်ငန်းများပြုလုပ်ရန်အတွက် ၁၂၆၂
ခုနှစ်တွင် မုတ္တမမြို့၌ သင်္ဘောကျင်းတစ်ခုတည်ဆောက်သည်။ ဦးနာအောက်သည် ၄င်းပိုင်သင်္ဘောကိုးစင်ကို
သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်စသည်တို့တွင် ပြေးဆွဲစေခဲ့ပြီး သင်္ဘောခများမှာ ဧရာဝတီသင်္ဘောများထက်သက်သာကာ
ဘုန်းကြီး၊ ကိုရင်၊ သီလရှင်၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား အခမဲ့သယ်ယူပို့ဆောင်ပေးသည်။
နှစ်စဉ် နှစ်တိုင်း သင်္ဘောပြေးဆွဲရာမြစ်ကြောင်းတစ်လျှောက်ရှိ ဘုန်းကြီးကျောင်းများတွင်
ကထိန်သင်္ကန်းများကိုလည်း ဆက်ကပ်လှူဒါန်းပါသည်။
ဧရာဝတီသင်္ဘောနှင့်တိုက်ပွဲ
ဦးနာအောက်၏
သင်္ဘောများသည် ဈေးသက်သာပြီး တိုင်းရင်းသားများကလည်း ပိုမို၍ အားပေးကြသောကြောင့် လူစီးများပြီး
ဧရာဝတီသင်္ဘောများမှာ အထိနာလာသည်။ ထို့ကြောင့် ၄င်းတို့က ဦးနာအောက်၏ သင်္ဘောလုပ်ငန်းအား
ပျက်စီးအောင်ကြံဆောင်ကြတော့သည်။ ၄င်းတို့က သင်္ဘောခကို အဆင့်ဆင့်ဈေးလျှော့ယူလာသဖြင့်
ဦးနာအောက်က အခကြေးငွေလုံးဝမယူဘဲ အခမဲ့သယ်ယူပို့ဆောင်ပေး လေသည်။ (ရန်ကုန်မြို့မှ
YBS ဘက်စ်ကားများ ထိုကဲ့သို့ အပြိုင်အဆိုင်ဖြစ်လာပြီး အခကြေးငွေမယူဘဲ သယ်ယူပို့ဆောင်ပေးလျှင်ကောင်းလေစွ)။
ထိုအခါ ဧရာဝတီကုမ္ပဏီက ဦးနာအောက်၏ သင်္ဘောများ ဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် ဆိပ်ကမ်းမှန်သမျှ
အခွန်ဆောင်၍ ၄င်းတို့၏သင်္ဘောများသာ ဆိုက်ကပ်စေခဲ့သည်။ ထိုအခါ ဦးနာအောက်၏ တူတော်သူဦးရွှေလေးက
မြစ်ချောင်းအားလုံးကို အခွန်ဆောင်ပေးလိုက်သဖြင့် ဧရာဝတီသင်္ဘောများမှာ မြစ်အတွင်းပြေးဆွဲခွင့်မရတော့ဘဲ
အခက်တွေ့ကုန်ကြ လေတော့၏။
ထိုကဲ့သို့
သူနိုင်ကိုယ်နိုင်အပြိုင်အဆိုင်ပြုလာကြသဖြင့် မည်သည့်သင်္ဘောမှ မပြေးဆွဲနိုင်တော့ဘဲ ခရီးသည်များ
အခက်တွေ့ကြရာ တရားရုံး၏ အဆုံးအဖြတ်ကိုခံယူရလေတော့သည်။ နောက်ဆုံး၌ တရားရုံးက ဧရာဝတီသင်္ဘောများအား
ဆိပ်ကမ်းမှအချိန်စော၍ ထွက်ခွါစေပြီး ဦးနာအောက်သင်္ဘောများကို နောက်ကျမှ ထွက်ခွါစေရန်
အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း ဦးနာအောက်သင်္ဘောများက ပို၍မြန်ပြီး ဆိပ်ကမ်းသို့
ဆောလျင်စွာပြန်လည်ရောက်ရှိကြသဖြင့် ခရီးသည်အစီးများကြသော်လည်း ဧရာဝတီသင်္ဘောများမှ ခရီးသည်မရရှိသည့်အပြင်
ဆိပ်ကမ်းသို့အဝင်နောက်ကျသဖြင့် ဒဏ်ငွေအရိုက်ခံရပြန်ရာ မိအေးနှစ်ခါနာ ဖြစ်ကြရပါသည်။
ရည်ရွယ်ချက်
ဤဆောင်းပါးကို
ရေးသားတင်ပြရခြင်း၏ ရည်ရွယ်ချက်မှာ မည်မျှပင်ဆင်းရဲသူဖြစ်ပါစေ၊ ရိုးရိုးသားသားဖြင့်
အလုပ်ကိုကြိုးစားလုပ်ကိုင်ပါက ကြီးပွားတိုးတက်၍ ချမ်းသာနိုင်သည်ကိုလည်းကောင်း၊ နိုင်ငံခြားသားများ
အုပ်ချုပ်၍ သူ့ကျွန်ဘဝတွင်ရောက်နေသော်ငြား မကြောက်မရွံ့မထိတ်မလန့်ဖြင့် မိမိတို့တိုင်းရင်းသားများအကျိုး
အတွက် အနစ်နာခံကာ မားမားမတ်မတ်ရပ်တည်ခဲ့ခြင်းကိုသော်လည်းကောင်း၊ လူချမ်းသာသူဌေးတစ်ဦး
ဖြစ်လာသည့်တိုင် မဝင့်ကြွားမမောက်မာဘဲ ဆင်းရဲသားများအပေါ် သနားခြင်း၊ သည်းခံခြင်း၊ ထောက်ပံ့ခြင်းတို့ကို
ပြုလုပ်ကာ မိမိ၏ အမျိုးသားတိုင်းရင်းသားများ၏ တိုးတက်ကြီးပွားချမ်းသာခြင်းကို အစဉ်အားပေးလေ့ရှိခြင်းကိုလည်းကောင်း၊
ဘာသာ သာသနာအကျိုးကို သယ်ပိုးထမ်းဆောင်သူတစ်ဦးအဖြစ် လည်းကောင်း ယခုခေတ် လူငယ်များကို
အားကျအတုယူစေလိုပြီး အမျိုး ဘာသာ သာသနာကို နည်းမှန်လမ်း မှန်ဖြင့် စောင့်ရှောက်နိုင်ကြစေရေးကို
ဦးတည်ရည်ရွယ်ပါသည်။
ဦးနာအောက်
ဆောက်လုပ်လှူဒါန်းခဲ့သော သာသနိကနှင့် သမိုင်းဝင်အဆောက်အအုံများတည်ရှိရာ ကျေးရွာများကို
အများအားဖြင့် ကတိုးကော့နှပ်ဟူ၍ ခေါ်ဆိုနေကြေသော်လည်း အမှန်အားဖြင့် ကတိုးကတစ်ရွာ၊ ကော့နှပ်ကတစ်ရွာဖြစ်ကြပါသည်။
ယင်းရွာတို့မှာ ရွာနားနီးချင်းများဖြစ်ကြပြီး ဘားအံမှ ကီလိုမီတာ ၄၀ခန့်ဝေးကာ မော်တော်ကားဖြင့်
၄၅ မိနစ်ခန့်မောင်းရပါသည်။ မော်လမြိုင်မှဆိုလျှင် သံလွင်မြစ်ကြောင်းအတိုင်း ရေလမ်းခရီးမှလည်းသွားနိုင်ကာ
၄၅ မိနစ်ခန့်ကြာသည်ဟု သိရှိရပါသည်။ ကျွန်တော်တို့ရောက်ရှိစဉ်က နိုင်ငံခြားသားခရီးသွားအချို့ရေလမ်းမှလာရောက်ကြသည်ကို
တွေ့ရှိရပါသည်။
ဘားအံ
မော်လမြိုင်လမ်းခွဲမှနေ၍ ကတိုး-ကော့နှပ်ရွာများသို့ ဝင်ရောက်ရသည့် လေးမိုင်ခွဲခန့်အရှည်ရှိလမ်းမှာ
ကတ္တရာလမ်းဖြစ်သော်လည်း လမ်းကျဉ်းသဖြင့် ကားကြီးနှစ်စီးရှောင်ရန်ပင် ခက်ခဲပါသည်။ သို့ဖြစ်ပါ၍
ခရီးသွားကားကြီး(Tour Bus)များမှာ ဝင်ရောက်ကြည့်ရှုလေ့လာလိုကြသော်လည်း မဝင်နိုင်ဖြစ်နေရပါသည်။
ထို့ကြောင့် အဆိုပါလမ်းကို တိုးချဲ့ပြုပြင်ပေးမည်ဆိုပါက နိုင်ငံခြားသားခရီးသွားများ
ပိုမိုဝင်ရောက်လာကြမည် ဖြစ်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းပိုမိုတိုးတက်ဖွံ့ဖြိုးလာကာ
နိုင်ငံခြားဝင်ငွေများလည်း တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
(Democracy
Today သတင်းစာ ၁၁.၈.၂၀၁၇ ရက်နေ့ထုတ် သိန်းထက်အောင်ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)





















No comments:
Post a Comment