"လောကဓံမြေဇာပင်များစွာအတွက်
ပေးဆပ်ခြင်းဖြင့် အသက်ဆက်နေဆဲ လောကအလင်းပညာဒါန ကျောင်းတော်(၂)"
==========================================================
မိုးအောင်လင်းနိုင်)
(၃)
လောကအလင်း ပညာဒါနကျူ ရှင်ကျောင်း စတင်ဖွင့်လှစ်တည်ထောင်
ခဲ့တဲ့ ၂ဝ၁၂-၁၃ ပညာသင်နှစ်မှာ ကျောင်းသား%။သူ ၅ဝ ကျော် တက် ရောက်ခဲ့ပြီး ၁၅ ယောက် ဆယ်တန်းစာမေးပွဲ
ဖြေဆိုအောင်မြင်ခဲ့ပါတယ်။
၂ဝ၁၃-၁၄ ပညာသင်နှစ်မှာ ကျောင်းသား။သူ အယောက် ၂ဝ၊
၂ဝ၁၄-၁၅ ပညာသင်နှစ်မှာ ၁၄ ယောက်၊ ၂ဝ၁၅-၁၆ ပညာသင်နှစ် မှာ ၁၂ ယောက်၊ ၂ဝ၁၆-၁၇ ပညာ သင်နှစ်မှာတော့
၁၆ ယောက် စာမေး ပွဲအောင်မြင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီကျောင်းတော်ကနေ ဂုဏ်ထူးထွက် တဲ့မှတ်တမ်းအနေနဲ့ကတော့
ကျောင်း စဖွင့်တဲ့ ၂ဝ၁၂-၁၃ ပညာသင်နှစ်မှာ ကျောင်းသား မောင်မင်းခန့်ဦးက ရူပ ဗေဒ(တစ်ဘာသာ)ဂုဏ်ထူး၊
၂ဝ၁၅-၁၆ ပညာသင်နှစ်မှာ မချစ်ချစ်ခိုင်- ဇီဝဗေဒဂုဏ်ထူး၊ မချစ်စုစုအောင်- ပထဝီဂုဏ်ထူးနဲ့
၂ဝ၁၆-၁၇ ပညာ သင်နှစ်မှာ ကျောင်းသူလေး မဝေဝေ ဖြိုးက ဓာတုဒေဗနဲ့ ရူပဗေဒ နှစ်ဘာ သာဂုဏ်ထူးတို့
ရရှိခဲ့ပါတယ်။
ကျောင်းသားမိဘတွေရဲ့ သွန် သင်ဆုံးမမှုပိုင်းအားပေးချက်နဲ့
ပညာ ရေးပိုင်းမှာ အားနည်းနိုင်မှု နည်းပါး ခြင်းတို့ကြောင့် တခြား သိန်း ၃ဝ တန်၊ သိန်း
၎ဝ တန် ဘော်ဒါဆောင် ကြီးတွေလို ဂုဏ်ထူးတွေ အများကြီးမ ထွက်ပေမဲ့ ဒီလောက် အောင်မြင်မှုရ
တာကိုပဲ အမှိုက်ထဲက ရွှေဖြစ်လာ တယ်ဆိုပြီး ဝမ်းသာနေရကြောင်း လည်း ကျောင်းရဲ့ လိုအပ်ချက်နဲ့
ဝေ ယျာဝစ္စကိစ္စအဝဝကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေရတဲ့ ဆရာဦးမိုး အောင်က ပြောပါတယ်။
ဆရာတော်ဦးဝီရသူ ထောင်ထဲ မှာ ရှိနေစဉ်ကတည်းက အပြင်ဘက်
ကနေ တတ်နိုင်သမျှ ထောက်ပံ့လှူ ဒါန်းခဲ့ပြီး ခုချိန်ထိ ဆရာတော်ရဲ့ သာ သနာပြုလုပ်ငန်းနဲ့
လူမှုကူညီရေးလုပ် ငန်းများစွာကို လက်တွဲမဖြုတ်စတမ်း ဆောင်ရွက်ပေးနေတဲ့ ဦးမိုးအောင်က
ဒကျောင်းသား။သူတွေရဲ့ အခြေအနေ ကတော့ အခုမြင်တဲ့ကြားတဲ့အတိုင်းပဲ။ ဒီကလေးတွေရဲ့ဘဝကို
ရသလောက် ဆွဲခေါ်နေရတာ။ ပြောရမယ်ဆိုရင် တော့ လောကအလင်းဟာ အမှိုက် ထဲကနေ ရွှေလိုက်ကောက်နေရတာ
ပေါ့ဗျာ။ တခြားကျောင်းတွေလို ရွှေစ တွေထဲကနေ ရွှေလိုက်ကောက်နေ ရတာမဟုတ်တော့ ဒီလောက်အောင်
မြင်တာကို ကျေနပ်ပါတယ်။ ဒါဟာ ဆရာတော်ရဲ့ ကျေးဇူးကြောင့်ပဲဒလို့ ဖွင့်ဟပါတယ်။
လောကအလင်း ပညာဒါနကျူ ရှင်ကျောင်းအပြင် ဆင်းရဲနွမ်းပါးတဲ့
ရပ်ကွက်ငယ်လေးတွေထဲမှာ နဂါးနီစု ဘူးအသင်းကိုလည်း တည်ထောင်မြှင့် တင်ပေးထားတဲ့ ဆရာတော်ဦးဝီရသူ
ကလည်း-
ဒလောကအလင်းဖွင့်ပြီး နောက် တစ်နှစ်လောက်မှာ သိရတာက
ဆယ် တန်းကျောင်းသားတစ်ယောက်ကို သူ တို့ရပ်ကွက်ထဲမှာ ကျူရှင်ခ သုံးသိန်း ပေးရတယ်။ သုံးသိန်းကို
သုံးရစ်ခွဲပေး ရတာပေါ့။ မိဘတွေက ဆင်းရဲတော့ ပထမအရစ် တစ်သိန်းပေးရတာကိုပဲ ဟိုပေါင် ဒီချေးနဲ့ဆိုတော့
တော်တော် ကို အကျပ်အတည်းတွေ့ရတာပေါ့။ ဒီလိုနေရာမှာ လောကအလင်းဖွင့်လှစ် တော့ ကျောင်းသား
၁ဝဝ ဆို ငွေ သိန်း ၃ဝဝ၊ မိသားစု ၁ဝဝ သက်သာ ချောင်ချိသွားတာပေါ့။
ကလေးတွေရဲ့ စရိုက်ကတော့ ဆင်းရဲသူဆင်းရဲသားဆိုတော့
စရိုက်ကြမ်းတာလေးတွေလည်း ပါတာပေါ့ လေ။ ဒါပေမဲ့ သင်ကြားရေးဆရာတွေ ထဲမှာ သံဃာတော် လေးပါးကလည်း
ပါထားတယ်ဆိုတော့ တစ်လလောက် ဆိုရင်ကို သိသိသာသာ လိမ္မာရေးခြား ရှိလာပါတယ်။
သူတို့ဆီကတော့ သိပ်အများကြီး မျှော်လင့်လို့မရဘူး။
မိဘတွေ ကိုယ် တိုင်က တာဝန်အရ ကျောင်းထားပေး တယ်၊ သူတို့ဘာသာသူတို့ဆိုရင်တော့ မတတ်နိုင်ဘူးဆိုတဲ့
ပုံစံမျိုးတွေနဲ့ နေ ကြတာ။ တကယ်လို့ စာမေးပွဲ ကျ ရင်လည်း ငါတို့ကတော့ မတတ်နိုင် ဘူးဆိုတဲ့
မိဘတွေ များတာပေါ့။ က လေးတချို့ကျတော့လည်း ရည်ရွယ် ချက်ကြီးကြီးမားမား မရှိဘဲ မိဘတွေ
လုပ်ကိုင်နေတဲ့ အလုပ်ကြမ်းဘဝနဲ့ပဲ ဇာတ်သိမ်းကြဖို့ ရှိနေတာပေါ့။ အဲ တော့ ဦးဇင်းတို့က
အဲလိုဘဝတွေကို မြှင့်တင်ပြီး ဆယ်တန်းအောင်ရင်၊ ဘွဲ့ ရရင် အနည်းဆုံး ဘောပင်လေးကိုင်
ပြီး လေအေးခန်းထဲမှာ သက်သက် သာသာ အလုပ်လုပ်ရတယ်၊ လခ ကောင်းကောင်းရတယ်။ ပန်းရံမလုပ်
ရတော့ဘူး၊ အလုပ်ကြမ်းမလုပ်ရတော့ ဘူးဆိုပြီး အဲလောက်ထိပဲ မျှော်လင့်နိုင် တာပါ။ တစ်နှစ်ထက်တစ်နှစ်တော့
တိုး တက်လာတာ တွေ့ရပါတယ်ဒလို့ မိန့် ကြားထားပါတယ်။
ဆယ်တန်းကျောင်းသား တစ် ယောက်ကို ရပ်ကွက်ထဲမှာ
ကျူရှင်ခ သုံးသိန်း၊ လေးသိန်းဆိုပြီး ရှိတတ်သ လို တချို့ ဘော်ဒါဆောင်ကြီးတွေမှာ တော့
တစ်နှစ်စာ ၂၆ သိန်း၊ သိန်း ၃ဝ၊ သိန်း ၄ဝ အထိ ပညာရေးစရိတ် က ကြီးမြင့်လွန်းပါတယ်။ ဒီလိုအခြေ
အနေမျိုးမှာ ဆင်းရဲနွမ်းပါးမှုကြောင့် စိတ်ဒဏ်ရာရ တေပေပြီး လမ်းမပေါ် လွင့်သွားနိုင်တဲ့
လူငယ်လေးတွေကို ဘာကျူရှင်ခ၊ စာအုပ်ဖိုးမှ ပေးစရာမ လိုဘဲ စာသင်ခန်းထဲရောက်အောင် ချော့မော့ခေါ်ဆောင်၊
ပညာသင်ကြား ပေးနေတာတစ်ခုတည်းနဲ့တင် လော ကအလင်းဆိုတဲ့ ပညာဒါနကျောင်း လေးဟာ သူတတ်နိုင်သမျှအင်အားနဲ့
လောကအလင်းကို ဆောင်နေတယ် လို့ ဆိုနိုင်ပါပြီ။
(၄)
လက်ရှိ ၂ဝ၁၇-၁၈ ပညာသင် နှစ်အတွက် လောကအလင်း ပညာဒါ
န ကျူရှင်ကျောင်းမှာ အတန်းတက် (Fresher ) ၇၄ ယောက်၊ အတန်းကျ (Repeater) ၈၅ယောက်နဲ့
စုစုပေါင်း ကျောင်းသား/ကျောင်းသူ အယောက် ၁၅ဝ ကျော် တက်ရောက်နေကြပါတယ်။
ဆရာတော် ဦးဝီရသူနဲ့ ဆရာ တော်များအပါအဝင် စုစုပေါင်း
ဆရာ။ ဆရာမ ၂ဝ ကျော်နဲ့ လောကအလင်း ကို လည်ပတ်နေပြီး Fresher ကျောင်းသား/ကျောင်းသူတွေအတွက်
အတန်းကျောင်းနဲ့ လွတ်တဲ့အချိန်တွေမှာ သက်ဆိုင် ရာဘာသာရပ်အလိုက် ဆရာ။မများက စေတနာရှေ့ထား
သင်ကြားပေးနေပြီး Repeater ကျောင်းသား/ကျောင်းသူတွေကိုလည်း သူ့အချိန်ဇယားအလိုက် အားသွန်ခွန်စိုက်
သင်ကြား၊ လေ့ကျင့် ပေးနေပါတယ်။
ကျောင်းကြီး ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေတွေမှာဆိုရင်တော့
Fresher ရော၊ Repeaterရော အားလုံး ပေါင်းပြီး သင်ကြားခြင်း၊ မေးခွန်းပုံစံတွေကို လေ့ကျင့်ဖြေကြားပေးခြင်းတွေ
လုပ်ပေးသလို ည Guide တန်းမှာလည်း ည ၇ နာရီကနေ ၁ဝ နာရီအထိ ကျောင်းသား။သူများ စာကျက်ချိန်ပေးခြင်း၊
နားမလည်တဲ့ သင်ခန်းစာတွေကို ဆရာ ဆရာမတွေက တာဝန်ယူ ဖြေရှင်းသင်ကြားပေးခြင်းတွေ လုပ်ဆောင်နေကြောင်းလည်း
သိရပါတယ်။
မြရည်နန္ဒာ၊ မမ-၁၁ ရပ်ကွက်က နေ လောကအလင်းပညာဒါနကျောင်း
ကို ရောက်ရှိလာတဲ့ ကျောင်းသားတစ် ဦးဖြစ်သူ မောင်စည်သူက ဒီကျူရှင် ကျောင်းနဲ့ပတ်သက်ပြီး-
"ကျွန်တော်တို့လမ်းကြားမှာ ဆယ် တန်းတွေ ရှိပါတယ်။
သူတို့က ကျူရှင်မတက်နိုင်လို့ ဒီလောကအလင်းမှာ လာတက်တာကို ကျွန်တော် ကြားတာ။ အစတုန်းကတော့
ကျွန်တော်က မိခင်မေတ္တာမှာ တက်မလို့၊ အလုပ်လုပ် ပြီး ပိုက်ဆံတွေ စုထားပါတယ်။ ပိုက်ဆံတွေက
လှူလိုက်လို့ မရှိတော့လို့ ကျွန်တော့်အမေနဲ့တိုင်ပင်ပြီးတော့ ဒီ မှာလာတက်တာပါ။
ဆရာတွေက အကုန်လုံးကောင်းပါတယ်။ အသင်အပြကတော့ ပြောစရာကို
မရှိပါဘူး။ ကျွန်တော် ကိုးတန်း တုန်းက ကျူရှင်တက်တယ်။ အဲဒီတုန်းက စာအုပ်တစ်အုပ်ကို
ငါးရာပေးရတယ်။ ဒီနှစ် ဆယ်တန်း ဒီမှာတက် တယ်။ စာအုပ်ဖိုး တစ်အုပ်မှ မပေးရပါဘူး။ အကုန်လုံး
ထောက်ပံ့တာရပါတယ်။ ဆရာတော်က လှူတာပါ။
ဘုန်းဘုန်း ဦးဝီရသူက နိုင်ငံရေးကို ဦးစားပေးတယ်။
ကျွန်တော်တို့ ဒီကျောင်းသား ကျောင်းသူတွေကို ပညာတတ် ဖြစ်စေချင်တယ်။ သူ့မှာ တရားပွဲတွေသွားတယ်၊
အခု ဒီနှစ် တရားပွဲအပိတ်ခံရတယ်လို့တော့ ကြားပါတယ်။ ဆရာတော်က သူ့တရားပွဲမှာ ရရှိတဲ့
ပိုက်ဆံတွေနဲ့ ကျွန်တော်တို့ ဒီကျူရှင်ကို ထောက်ပံ့ပေးနေတာပါ" လို့ မဟာဝီရ မဂ္ဂဇင်းကို
ဖွင့်ဟပါတယ်။
မြရည်နန္ဒာမြို့သစ်ကနေ လောကအလင်းကျူရှင်ကျောင်းကို
လာတက်တဲ့ ကျောင်းသူလေး မမာလာ ဆွေကလည်း ဒီကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေဟာ စာအသင်အပြကောင်းသလို
လိုအပ်တဲ့ပညာရေးထောက်ပံ့မှုတွေ ပေးကြောင်းဆိုပါတယ်။
ဘုန်းဘုန်း ဦးဝီရသူက ဒီကျောင်းကို တစ်လတစ်ကြိမ်၊
ဒါမှမဟုတ် နှစ်ကြိမ်လာပြီး ဆုံးမပါတယ်။ အကြမ်း ဖက်တာတွေ၊ အစွန်းရောက်တာတွေပြောတာမျိုး
မရှိပါဘူး။ ဘုန်းဘုန်းက ကြည်ညိုဖွယ်ရာကောင်းတယ်၊ လေး စားဖွယ်ရာကောင်းတယ်၊ တည်ကြည်ပါတယ်။
သမီးအနေနဲ့ ပြောချင်တာကတော့ ဒီကျောင်းက ကျောင်းသား
ကျောင်းသူတွေအနေနဲ့ ဗရုတ်သုတ်ခကျတာမျိုးတွေ မလုပ်ပါနဲ့လို့ ပြောချင်တယ်။ ဒီကျောင်းရဲ့နာမည်
မပျက်အောင်၊ ဂုဏ်သိက္ခာမပျက်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်" လို့ ရင်ဖွင့်
ပြောဆိုသွားခဲ့ပါတယ်။
တစ်ဖက်မှာ ဆရာတော်ဦးဝီရသူကို အစွန်းရောက်၊ အကြမ်းဖက်၊
ဘာသာရေး လူမျိုးရေး အမုန်းတရားတွေ ဟောပြောနေတဲ့ပုဂ္ဂိုလ် စသဖြင့် အမျိုးမျိုးသော ဝေဖန်ပြောဆိုမှုတွေ၊ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်က အွန်လိုင်းပေါ်မှာ
မဆင်မခြင်ဆဲဆိုမှုတွေ လုပ်နေကြပေမဲ့ အခုလိုမျိုး လိုအပ်နေတဲ့ ကျောင်းသားလူငယ်တွေ အတွက်
စွမ်းနိုင်တဲ့ဘက်ကနေ လောကအလင်းလိုမျိုး၊ မဟော်သဓာကျောင်းလိုမျိုး ပညာရေးထောက်ပံ့မှု
စီမံကိန်းတွေ လုပ်ဆောင်နေတာ၊ ဆင်းရဲသား ရပ်ကွက်ငယ်လေးတွေအတွက် နဂါးနီစုဘူးအသင်းလိုမျိုး
တစ်ပိုင်တစ်နိုင် ထောက်ပံ့မှုအစီအစဉ်လေးတွေ လုပ်ဆောင်နေတာကိုတော့ သတင်းမီဒီယာတွေက ဖော်ထုတ်တင်ပြတာမျိုး
မရှိသလောက်ပါပဲ။
ဒါပေမဲ့ လောကအလင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူလေးတွေနဲ့
ဆရာ တော်ရဲ့ ပညာရေးကျူရှင်ကျောင်းမှာ တစ်တပ်တစ်အား ပါဝင်အားဖြည့်နေတဲ့ ဆရာ။မတွေကတော့
ဆရာတော်ဦးဝီ ရသူရဲ့ လုပ်ရပ်နဲ့ မြင့်မြတ်တဲ့ ပရဟိတစိတ်ဓာတ်တွေကို ကောင်းကောင်းနားလည်
ခံစားမိကြပါတယ်။
"ဒီကျောင်းတော်ကြီး စကတည်းက ကလေးတွေကို သင်ပေးလာခဲ့တာပါ။
စနေ၊ တနင်္ဂနွေဆိုတော့ ပညာ ဒါနလေးပေါ့ဗျာ။ ဆရာတော်ကြီး(ဦးဝီရသူကိုဆိုလို)တောင်မှ လုပ်ပေးနိုင်ရင်
ကျွန်တော်တို့အနေနဲ့က မလုပ်ပေးနိုင်စရာ အကြောင်းမရှိဘူးလေ။ ဆရာကတော့ မန်းမြို့ဈေးအရှေ့ဘက်၊
အိုးဘိုရပ်ကနေ လာရောက်ပြီးတော့ သင်ကြားတာပါ"လို့ ဓာတုဗေဒဘာသာ ရပ်ကို သင်ကြားပေးနေတဲ့
ဆရာဦးမင်းအောင်က ပြောဆိုပါတယ်။
ဒီအနီးအနားရပ်ကွက်တွေထဲက မိသားစုတွေဟာ ကျောက်လမ်းခင်းတဲ့သူ၊
သံချည်သံကွေး၊ ပန်းရန်၊ ပျံကျဈေးသည်တွေ ရှိသလို ကျူးကျော်နေရာလေးတွေမှာ နေထိုင်ကြတဲ့သူတွေလည်း
ပါဝင်တာကြောင့် လောကအလင်းကျောင်းက ကျောင်းသား ကျောင်းသူလေးတွေထံမှာ စရိုက်ကလေးတွေ အမျိုးမျိုး
တွေ့ရတတ်ကြောင်းလည်း ဆရာဦးမင်းအောင်က ဖွင့်ဟထားပြီး ဆရာဆရာမများအနေနဲ့ ကလေးတွေရဲ့
ပညာ ရေးအတွက် သူတို့ဘဝအခြေအနေ၊ စိတ်နေစရိုက်တွေကို နားလည်ပေးရင်း အကောင်းဆုံး ကြိုးစားသင်ပြပေးနေကြောင်း
ဆိုပါတယ်။
"ဒီမှာတော့ ဆရာတို့က ကလေးတွေရဲ့ ဂုဏ်အရည်အချင်းကို
မတမ်းတတော့ဘူးလေ။ သူတို့လေးတွေ အောင်မြင်ဖို့ကိုပဲ တမ်းတကြရတာပါ။ နောက်ပြီး (စာမေးပွဲ) အောင်မြင်တာ၊ မအောင်မြင်တာထက်
သူတို့တစ်တွေရဲ့ ယဉ်ကျေးမှုနဲ့ စရိုက်ကလေးတွေကိုလည်း ဒီကျောင်းကနေ ထွက်သွားတဲ့အခါ ကောင်းမွန်စွာဖြစ်စေချင်တယ်။
ပညာရေးအပြင် စာရိတ္တပိုင်းလည်း သင်ပေးရတာပေါ့။ ဆိုးတဲ့ကလေးရှိသလို ကောင်းတဲ့၊ တော်တဲ့ကလေးလည်း
ရှိပါတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် ကလေးတွေရဲ့ ပညာရေးက မြို့ထဲပိုင်းကနဲ့တော့ မတူဘူးပေါ့လေ။
မြို့ထဲပိုင်းကျတော့ ခြောက်ဘာသာဂုဏ်ထူးထွက်အောင် သင် မယ်ဆိုလည်း သင်ပေးလို့ရတယ်။ ဒီဘက်ပိုင်းမှာကတော့
ဂုဏ်ထူးဆိုတာထက် ဆယ်တန်းအောင်ဖို့ကိုပဲ ခြေ လှမ်းလှမ်းရတာပေါ့။ အင်မတန်ကြိုး စားတဲ့ကလေးတွေတော့
ဂုဏ်ထူးပါသွားတာလည်း ရှိတာပေါ့လေ"။
(ဆက်လက်ဖော်ပြပါမည်။)







No comments:
Post a Comment