Tuesday, August 15, 2017

“မုဒိတာရပ်ဝန်း” (လောကအလင်း ပညာရေးအလှူတော်)



“မုဒိတာရပ်ဝန်း”  (လောကအလင်း ပညာရေးအလှူတော်)
================================


ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန ကျူရှင်ကျောင်းအတွက် ကြံခင်းမြို့၊ ပုဂံပြန်ဆရာတော် ဘဒ္ဒန္တစန္ဒိမာနှင့် ဖခင်ကြီးဦးတိုက်စိန်တို့အား ရည်စူး၍ မိခင်ကြီးဒေါ်ပုအား အမှူးထားလျှက် မလဲ့လဲ့မွေးနေ့အလှူတော်အဖြစ် ကိုမြင့်စိုးအောင်+မလဲ့လဲ့ (ငါးသုံးလုံးမုန့်တိုက်)မိသားစုမှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းစဉ်။(14.8.2017)

အလှူရှင် သစ္စဝေဒဂူဆရာတော်နှင့်အတူ ဆင်းရဲသူ/သားတို့၏ ပညာရေးကို လိုလားကြကုန်ုသော  အနုမောဒနာပြုကြသူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။

လောကအလင်း ပညာဒါန ကျူရှင်ကျောင်းသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်းနှင့် ယုဇနလမ်းသွယ်ရှိ မဟာဣန္ဒကာရာမကျောင်းတိုက်အတွင်းမှာ တည်ရှိပါတယ်။
ဆရာတော် ဦးဝီရသူ ၂၀၁၂-ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဆယ်တန်းကျောင်းသူ/သား တစ်ရာကျော် သင်ယူလျက်ရှိပြီး (၈၀)ဦး ဝင်ရောက် ဖြေဆိုကြပါတယ်။
ဆရာတော် (၄)ပါး၊ ဆရာ/မ (၁၇)ဦးနှင့် မနက် ၆း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ သင်ကြားပေးခဲ့တာပါ။




No comments:

Post a Comment