"ရမ်းဗြဲမြို့နယ်လုံးဆိုင်ရာ
ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ"
========================================
ဝါခေါင်လဆုတ်
၁၄ ရက်(လကွယ်) 21.8.2017 မနက် 9:00 နာရီ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ အောင်စေတီရပ်ကွက်
အောင်ဓမ္မဗိမာန်မှာ ကျင်းပပါတယ်။
တိပိဋကဓရ
တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ကြီးမှူးကျင်းပတဲ့ပွဲပါ။
ရခိုင်ပြည်နယ်တဝှမ်းလုံးမှ
မဘသ ဦးဆောင်ဆရာတော်များ ကြွရောက်ကြပါတယ်။
ရမ်းဗြဲမြို့မှ
ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် ကျောင်းထိုင်ဆရာတော်များလည်း ကြွရောက်ကြပါတယ်။
ရမ်းဗြဲမြို့
ပုဏ္ဏားတောင်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဝိသုဒ္ဓ(အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်)က
ရှစ်ပါးသီလချီးမြှင့်ပြီး ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလက ရေစက်ချအနုမောဒနာ တရား ချီးမြှင့်ပါတယ်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ
ဦးစိုးထွန်းရှိန်နှင့် ဓမ္မဝံသာနုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးမင်းလတ်တို့က သံဃာတစ်ပါးလျှင် မာတင်သင်္ကန်းတစ်စုံစီနှင့်
အလှူငွေငါးသောင်းကျပ်စီ လှူဒါန်းပါတယ်။
ရမ်းဗြဲမြို့သူမြို့သားများကလည်း
သင်္ကန်းများ အလှူငွေများ လှူဒါန်းကြပါတယ်။
ပထမအကြိမ်
စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူခြင်းဖြစ်ပြီး စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊
မင်းပြား စသော ရခိုင်ပြည်နယ်မြို့နယ်များမှ မဘသဆရာတော်များ စုစည်းမိတဲ့ပွဲဖြစ်ပါတယ်။
နှစ်စဉ်
ကျင်းပသွားမည်လို့ သိရပါတယ်။
စာရေးသူကတော့
ရခိုင်ပြည်နယ်မြောက်ပိုင်း အမျိုးတွေဆီ ထောက်ပံ့အားပေးဖို့ ရန်ကုန် ပဲခူး၊ မွန်၊ ကရင်
မဘသ နောင်တော်ညီတော်များနှင့် တစ်ဖွဲ့တည်းသွားရာမှ ရမ္မာဝတီဆရာတော်က ရမ်းဗြဲတွေ့ဆုံပွဲမှာ
ရခိုင်ဆရာတော်များနှင့် ဘူးသီးတောင် မောင်တောအရေး ဆွေးနွေးစေချင်လို့ ထပ်မံပင့်ဖိတ်တာကြောင့်
မြောက်ပိုင်းခရီးစဉ်ကို မြနန်းဆရာတော်အား အပ်နှံတောင်းပန်ကာ တောင်ပိုင်းရမ်းဗြဲမြို့သို့
ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။
ညနေပိုင်း
ဘူးသီးတောင် မောင်တောအရေး ဆွေးနွေးပုံများကို တင်ပြပါဦးမယ်။


























No comments:
Post a Comment