"အမျိုးတွေဆီ
အရောက်လာခဲ့ပါဦးမည်"
======================
အင်မတန်ရိုးသားတဲ့
တိုင်းရင်းသားတွေပါ။
စကားနည်းသလို
အစားလည်းနည်းပါတယ်။
အသားငါး
မစားကြပါဘူး။
အသီးအရွက်
ရေလုံပြုတ်စားတာများပါတယ်။
အလုပ်နဲ့လက်မပြတ်သူတွေဖြစ်ပြီး
မိုးလုံလေလုံ တဲအိမ်လေးတွေကို အင်ဂျင်နီယာမလိုဘဲ သေသပ် ခိုင်ခံ့အောင် ဆောက်တတ်ကြတဲ့သူတွေပါ။
အလုပ်မရှိရင်
ထင်းခွေပါတယ်။
အခု
ထင်ခွေရင်းပျောက်သွားရာမှ အကြမ်းဖက်ခံလိုက်ရတာပါ။
ဘင်္ဂလားဒေ့ရှ်မှ
ပြန်ဝင်လာသူတွေဖြစ်ပြီး ဘင်္ဂလားမှာလည်း ကုလားဒဏ်ခံရ၊ ရခိုင်ပြည်မှာလည်း ကုလားဒဏ်ခံရနှင့်
ကုလားဘေးမှ မကင်းဝေးသေးတဲ့သူတွေဖြစ်ပါတယ်။
ကျန်ရစ်သူမိသားစုများနှင့်အတူ
ကိုင်းကြီးရွာသူရွာသားများထံ နောက်တစ်ခါလာပြီး ထောက်ပံ့လှူဒါန်းပါဦးမည်။
ဝီရသူ(မစိုးရိမ်)
15.8.2017
PM
12:31
==========================================================
"ရွာသားရှစ်ဦး
အသတ်ခံခဲ့ရပြီးနောက် ရွာပြင်ထွက်အလုပ်မလုပ်ရဲတော့သဖြင့် ကိုင်းကြီးကျေးရွာသားများ အလှူရိက္ခာများဖြင့်
စားသောက်နေရ"
မောင်တော၊
သြဂုတ် ၁၀
ကျေးရွာသားရှစ်ဦး
အသတ်ခံခဲ့ရပြီးနောက်ပိုင်း ရွာပြင်ထွက်အလုပ်မလုပ်ရဲတော့သဖြင့် ကိုင်းကြီးကျေးရွာ သားများ
အလှူရိက္ခာများဖြင့် စားသောက်နေကြရကြောင်း ကျေးရွာသားများက ပြောကြားသည်။
"အခုကတောင်ယာသွားတဲ့ကျွန်တော်တို့ကျေးရွာသားရှစ်ဦးကို
အကြမ်းဖက်သမားတွေက သေနတ်နဲ့ပစ် ဓားနဲ့ခုတ် သတ်ဖြတ်လိုက်ကြတော့ ကျွန်တော်တို့ရွာသားအားလုံး
ကြောက်နေကြတယ်။ အခုဆိုရင် ရွာပြင်လည်း မထွက်ရဲကြဘူး။ အမျိုးသမီးတွေဆိုရင် ရေခပ်ဖို့တောင်
မသွားရဲတော့ဘူး။ ဟင်းရှာမရောင်းနိုင် တော့ အခက်အခဲရှိပါတယ်။ အခုတော့ အလှူအဖွဲ့တွေရောက်တယ်။
လှူတာနဲ့စားလိုက်နေလိုက်ကြတယ်။ ရွာမှာလုံခြုံရေးရှိလို့သာ နေရဲတာ။ လုံခြုံရေး ဒီနေ့ထွက်ရင်
ရွာသားတွေလည်း ဒီနေ့ထွက်လာတော့မှာပဲ။ ဘုန်းကြီးကျောင်းတွေမှာ သွားနေတော့မယ်" ဟု
ကိုင်းကြီးမြိုရွာမှ ရွာသားတစ်ဦးက ဆိုသည်။
လက်ရှိတွင်
ကိုင်းကြီးကျေးရွာသားများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ အလှူအဖွဲ့များရောက်ရှိလှူဒါန်း
နေကြကြောင်း သိရသည်။
ကိုင်းကြီးမြိုရွာသားများကို
ထောက်ပံ့မှုလာလုပ်သည့် RAINBOW FOUNDA TION မှ ကိုမျိုးရခိုင်က "မောင်တော၊ ကိုင်းကြီးမြိုရွာက
အိမ်ခြေ ၄၈ ဆောင်နဲ့ သေဆုံးခဲ့ရတဲ့ လူတွေရဲ့ မိသားစုတွေအတွက် ကျွန်တော်တို့အဖွဲ့ကနေ
မိမိတို့တတ်နိုင်သလောက် အလှူငွေပေးအပ်ခဲ့ပါတယ်။ အခုကျေးရွာသားတွေ ပြောတာကတော့ သူတို့ဟာရွာပြင်မထွက်ရဲဘူး။
တောင်ယာမတက်ရဲတော့ဘူးလို့ ပြောကြတယ်။ အခု ထောက်ပံ့လှူဒါန်းတာနဲ့ စားနေကြပြီး ထောက်ပံ့မှုမရှိရင်
ဘယ်လိုမှ သူတို့ရပ်တည်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်လည်း ထောက်ပံ့ပေးစေချင်ပါတယ်"
ဟု ပြောကြားသည်။
ကျေးရွာသားရှစ်ဦး
အသတ်ခံခဲ့ရသည့် ကိုင်းကြီးမြိုကျေးရွာတွင် အိမ်ထောင်စု ၄၈ စု လူဦးရေ ၂၅၈ ဦးနေထိုင်လျက်ရှိကြောင်း
သိရသည်။
အသတ်ခံခဲ့ရသည့်
ကျေးရွာသားရှစ်ဦးအနက် ခုနစ်ဦးကိုရှာဖွေတွေ့ရှိခဲ့သဖြင့် သင်္ဂြိုလ်ပြီးဖြစ်ကာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ
ဒေါ်စံဂေါ်အား ရှာမတွေ့သေးပေ။ ပျောက်ဆုံးနေသူတွင် ကျန်ရစ်သည့် သားဖြစ်သူ ကိုးတန်းကျောင်းသားက
"ကျွန်တော်အမေကို အခုထိရှာမတွေ့သေးဘူး။ ကျွန်တော့်မှာ အစ်မနှစ်ဦးရှိပြီးတော့
ညီမလေးတစ်ယောက် ညီလေးနှစ်ယောက်ရှိပါတယ်။ ကျွန်တော်က မောင်တောက ဇောတိကာရုံကျောင်းမှာနေပြီး
စာသင်ပါတယ်။ အသတ်ခံရတဲ့နေ့မှာ အမေက နံနက် ၈ နာရီကတည်းက တောင်တက်သွားတာမှာ အကြမ်းဖက်သမားတွေ
ခုတ်လို့ ရေထဲခုန်ဆင်းပျောက်သွားတာပါ။ အလောင်းကို ရှာမတွေ့သေးပါ" ဟုပြောကြားသည်။
လက်ရှိ
သြဂုတ် ၃ ရက်က ကိုင်းကြီး မြိုတိုင်းရင်းသားကျေးရွာမှ ရွာသားရှစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရပြီး
နောက်ပိုင်း မြိုတိုင်းရင်းသားများ ၄င်းတို့၏ သက်မွေးဝမ်းကျောင်းအလုပ်ကို မလုပ်ကိုင်နိုင်တော့သဖြင့်
အခက်အခဲဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်
မေယုတောင်ကို အမှီပြုကာ ရှာဖွေစားသောက်နေကြသည့် မြိုတိုင်းရင်းသားများ တောတောင်တက်
ဟင်းရှာမသွားရဲတော့သဖြင့် စားဝတ်နေရေး အခက်အခဲရှိနေကြောင်း သိရသည်။
၂၀၁၆
ခုနှစ်အတွင်းက ရွာသားတစ်ဦး ဘင်္ဂါလီများ၏ အကြမ်းဖက်သတ်ဖြတ်မှုခံရပြီးနောက်ပိုင်း တစ်ရွာလုံးပြောင်းရွှေ့လာကြသည့်
ကံသာယာကျေးရွာသား မြိုတိုင်းရင်းသား အိမ်ထောင်စု ၁၈စု လူဦးရေ ၈၆ ဦးသည်လည်း လက်ရှိ
သုံးမိုင် သီဟိုအေးတောသို့ ယာယီပြောင်းရွှေ့နေထိုင်နေကြပြီး ၄င်းတို့၏ သက်မွေးဝမ်းကျောင်းအလုပ်ကို
မလုပ်ကိုင်နိုင်တော့သဖြင့် အခက်အခဲဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
သားရွှေဦး(ကစ္ဆပ)

No comments:
Post a Comment