"အရင်အစိုးရထက်
မသာရင်တောင်မှ အရင်အစိုးရလောက်တော့ လုံခြုံ အောင် စောင့်ရှောက်ပါ(၁)"
(ဆရာတော်ဦးဝီရသူ၏
အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်)
========================================
ဒီတစ်ပတ်မှာတော့
လှုပ်ခတ်ပဲ့တင်အသံတွေကြားထဲကမှ အစိုးရဆန့်ကျင်ရေးသပိတ်စခန်းတွေအကြောင်းကို
ဆရာတော် ဦးဝီရသူကို
မေးမြန်းခဲ့ပါတယ်။ ဘာကြောင့် အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေပေါ်ပေါက်လာသလဲဆိုတာနဲ့
သပိတ်စခန်းတွေအပေါ်
ဆရာတော်ဦးဝီရသူရဲ့ သဘောထား၊ ထင်မြင်ချက်တွေကို မေးမြန်းဖြစ်ခဲ့ပြီး
အောင်ဇေယျတုဂျာနယ်
စာဖိတ်ပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။
မေး- ရန်ကုန်၊
မန္တလေးနဲ့တောင်ကြီးမြို့တွေမှာ အစိုးရဆန့်ကျင်တဲ့ သြဂုတ်လ ပထမပတ်ထဲမှာပဲ သပိတ်စခန်းတွေပေါ်ပေါက်လာတယ်ပေါ့ဘုရား။
သပိတ်စခန်းတွေ
ဘာကြောင့်ပေါ်ပေါက်လာတယ်လို့ ပြောရမလဲဘုရား။
ဖြေ - အဓိကကတော့
အကြောင်းနှစ်ချက်ပဲကွ။ အဲဒါဘာလဲဆိုတော့ ဘယ်လောက်ပဲဆန္ဒပြပြ
လုံးဝ ဂရုမစိုက်တဲ့ အစိုးရကြောင့်ပေါ့နော်။
အကျဉ်းချုပ်ပြောရရင်တော့
ပြည်သူ့အသံကို လုံးဝ ဂရုမစိုက်တဲ့အကြောင်းတစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ ဒီ အမျိုးသားလုံခြုံရေးစည်းကို
အစိုးရက ချိုးဖောက်နေသလားဆိုတဲ့
သံသယ၊ ဒီနှစ်ချက်ပါပဲ။
မေး- ဆန္ဒပြပွဲမှာတွေ့ရတာက
"အစိုးရနုတ်ထွက်ပေးရေး" ဆိုတော့ ခေါင်းစဉ်က ကြီးလွန်းမနေဘူးလားဘုရား။
ဖြေ - ခေါင်းစဉ်နဲ့
ဦးဆောင်တဲ့သူတွေကို ကြည့်ရရင် သတ္တ၀ါနဲ့ လက်နက်မမျှသလိုဖြစ်နေတာပေါ့။
ခက်တာက ဘာကြောင့်ဒီလိုခေါင်းစဉ်တပ်ရသလဲ၊
ဒီလိုတောင်းဆိုရသလဲဆိုတာကို မသိရဘူးလေ။
သူတို့ကတော့
အမျိုး ဘာသာ သာသနာ ဖိနှိပ်မခံနိုင်လို့၊ သာသနာကို အဖျက်အဆီးမခံနိုင်လို့ အမျိုးသားလုံခြုံရေးစည်း
ကျိုးပေါက်မခံနိုင်လို့ လုပ်ကြတာကိုး။ တစ်ခုတော့ ရှိတာပေါ့၊ ဘေးကနေတွေးကြည့်ရတာကတော့
ဘယ်သူပဲဖြစ်ဖြစ်
ကိုယ့်ကုလားထိုင်ကို ကိုင်လှုပ်တဲ့သူရှိမှ အရေးစိုက်ကြတာကိုး။
သာဝန်လောက်၊
ရန်ကုန်ဝန်ကြီးချုပ်လောက်ဆိုတော့ အစိုးရအနေနဲ့ လုံးဝစိတ်မ၀င်စားဘဲ နေလို့ရတယ်လေ။
ဒါပေမယ့်
အစိုးရတစ်ခုလုံးကို ပစ်မှတ်ထားလာပြီဆိုရင်တော့ သူလည်း ဂရုမစိုက်လို့ မရတော့ဘူးလေ။
ဒါကြောင့်မို့
အစိုးရကို ခေါင်းစဉ်တပ်ပြီး သပိတ်မှောက်တယ်လို့
ယူဆရတာပါ။
မေး- ရန်ကုန်၊
မန်းနဲ့ တောင်ကြီးတို့မှာရှိတဲ့ သပိတ်စခန်းရဲ့သတင်းတွေထဲမှာ အခုနောက်ဆုံးကြားရတာက
ဦးဆောင်သံဃာတွေနဲ့
ခေါင်းဆောင်တဲ့လူတွေကိုဖမ်းသွားရင် သပိတ်စခန်းကိုအရှင်ဘုရား ဆက်စောင့်ရှောက်မယ်လို့
သိရပါတယ်ဘုရား။
ဆိုတော့ သပိတ်စခန်းတွေ
ဖွင့်တာ အရှင်ဘုရားနဲ့ တစ်စုံတစ်ရာပတ်သက်မှုရှိပါသလားဘုရား။
စီစဉ်ညွန်ကြားတာမျိုးရော
ရှိပါသလား။
ဖြေ - စီစဉ်ညွှန်ကြားမှုလုံးဝ
မရှိပါဘူး။ သူတို့တောင်းဆိုတာကြီးက တအားကြီးတယ်လေ။ ဦးဆောင်တဲ့သူတွေက ငယ်လွန်းတယ်လေ။
ပြောမယ်ဆိုရင်တော့
သူတို့က အကြံဥာဏ်တောင်းလာရင်တော့ အကြံပေးတာပေါ့။ ဥပမာ - မနေ့ကတုန်းက တိုင်းသံဃနာယကတို့၊
မြို့နယ်သံဃနာယကတို့က
ဓမ္မာရုံထဲကနေပြီးတော့ ဖယ်ရှားပေးဖို့ သူတို့ကို ခေါ်ပြောတယ်၊ စာထုတ်တယ်ပေါ့။
အဲတော့ သူတို့က
အကြံဥာဏ်လာတောင်းတယ်၊ ဘယ်လိုလုပ်ရင် ကောင်းမလဲပေါ့။ အဲတော့ ဒီမှာမလုပ်စေချင်ဘူးဆိုရင်
မလုပ်ဘူး၊
ဒါပေမယ့်
သင့်တော်တဲ့ တစ်နေရာကိုတော့ တောင်းပေါ့နော်။ အခြား သင့်တော်တဲ့တစ်နေရာရှာပေးပါလို့
လျှောက်ပေါ့။
အဲဒါဆိုရင်
နှစ်ဦးနှစ်ဖက် ပြေလည်နိုင်တယ်ပေါ့။ အဲဒါမျိုးအကြံပေးတာမျိုးတော့ ရှိဖူးပါတယ်။
မေး- အခု
မန္တလေးသပိတ်ကို ဆက်စောင့်ရှောက်မယ်ဆိုတော့ အရှင်ဘုရား ဘာတွေ ဆက်လုပ်မလဲဘုရား။
ဖြေ - သူတို့
ချထားတဲ့မူအတိုင်း ခေါင်းဆောင်တွေ မရှိသော်လည်းပဲ နောက်က ဆက်ပြီး လျှောက်လှမ်းတဲ့အခါမှာ
ရုန်းရင်းဆန်ခတ်မဖြစ်အောင်တို့
ဘေးပယောဂတွေမကူးစက်အောင်တို့ အဲဒီပုံစံမျိုး ၀င်ပြီးတော့ ထိန်းကျောင်းပေးမယ့်သဘောပါ။
သူတို့တွေဆက်တောင်းဆိုတာကတော့
သူတို့အပိုင်းပေါ့နော်။
မေး- ဆိုတော့၊
ဆိုလိုတာက အရှင်ဘုရားက သပိတ်ကို ထိန်းကျောင်းရုံပဲ၊ သပိတ်ထဲမှာ အရှင်ဘုရားမပါသေးဘူးဆိုတဲ့သဘောပေါ့ဘုရား။
ဖြေ - ဒါပေါ့။
ထိန်းကျောင်းရုံသက်သက်ပါပဲ။
မေး- ရန်ကုန်နဲ့
တောင်ကြီးက သပိတ်စခန်းနောက်ဆုံးအခြေအနေတွေကိုရော ဘယ်လိုသိရပါသလဲဘုရား။
ဖြေ - ရန်ကုန်ကတော့
လိုင်းပေါ်မှာ တက်သလောက်သိရတာပေါ့၊ တောင်ကြီးကလည်းပဲ လိုင်းပေါ်မှာတက်သလောက်သိရတာပါပဲ။
ရန်ကုန်ကတော့
ဒီသုံးခုထဲမှာ လောလောဆယ်အင်အားကောင်းတယ်လို့ သိထားတာပေါ့နော်။
တောင်ကြီးကတော့
စဖွင့်ခါစဆိုတော့သိပ်မသိရဘူး။
မေး- သပိတ်စခန်းတွေကိုကြည့်တဲ့အချိန်မှာ
သပိတ်ကိုစိတ်ဝင်စားပြီး တက်တက်ကြွကြွပူးပေါင်းပါဝင်တဲ့သူတွေ နည်းတယ်လို့ ပြောလို့ရပါတယ်ဘုရား၊
အဲဒါအပေါ်မှာ ဘာများပြောချင်ပါသလဲဘုရား။
ဖြေ - အခုဟာက
ခေါင်းဆောင်မသိရတာလည်းပါတာပေါ့နော့။ လူငယ်တွေ ဦးဆောင်နေတာလည်းပါတာပေါ့။
မျက်နှာဖုံးတွေ
ထွက်လာရင်တော့ အကုန်လုံး တစ်သီတစ်တန်းကြီးရောက်လာကြမှာလေ။ နောက် အချိန်အခါအရလည်း
တုပ်ကွေးတို့
ဘာတို့ကလည်းဖြစ်နေတာကိုး။ အဲဒါတွေ အများကြီးပေါ့။ အဲဒါကြောင့်လည်း လူတွေက ချိန်ဆနေကြတာ။
မေး- အခု
လက်ရှိအခြေအနေမှာ အစိုးရပြုတ်ကျရေးသပိတ်စခန်းတွေလည်းဖွင့်တယ်၊
အစိုးရ ၆၆(ဃ)ပြင်တာနဲ့ပတ်သက်ပြီးလည်း
ပြည်သူတွေကြားမှာ
ဝေဖန်မှုတွေ ရှိနေတယ်၊ နောက် H1N1 ကူးစက်ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အသိပေးတာ ထိန်းချုပ်တာနဲ့ပတ်သက်ပြီး
အားရကျေနပ်မှုမရှိဘူး။
ရခိုင်မှာလည်းပဲ အကြမ်းဖက်မှုတွေက ဆက်တိုက်ဆိုသလိုဖြစ်နေပြန်တယ်။ ဒီအခြေအနေကြီးဟာ
ပြည်သူတွေအဖို့
ဘာကို စိုးရိမ်ရမှန်းမသိ စိုးရိမ်နေရတဲ့ အခြေအနေကြီးဖြစ်နေတယ်ဆိုတော့ အစိုးရအနေနဲ့
ဘာတွေများဆောင်ရွက်ဖို့လိုမလဲဘုရား။
ဖြေ - အစိုးရလုပ်စရာတွေ
အများကြီးပေါ့။ ရခိုင်ပြည်မှာဆိုရင် အပြစ်မဲ့တိုင်းရင်းသားတွေ ဗလာချီ အသတ်ခံနေရတယ်။
ဒါတွေဟာ
တဖြည်းဖြည်းနဲ့
အသတ်ခံရတဲ့အရေအတွက်ကများလာတာပေါ့နော်။ အရင်တုန်းက တစ်ယောက်စ နှစ်ယောက်စ အသတ်ခံရပေမယ့်
ခုတော့ ၈
ဦးအထိ တစ်ချိန်တည်း၊ တစ်နေရာတည်း၊ တစ်ပြိုင်နက်တည်း အသတ်ခံရတဲ့အဆင့်အထိ ရောက်သွားပြီ။
ဒေသခံတိုင်းရင်းသားတွေ
အင်မတန်ရှားပါးသွားတဲ့အချိန်မှာ ပိုးမွေးသလို မွေးနေရမည့်အချိန်မှာ ပစ်စလတ်ခတ်ကြီး
ထားတဲ့သဘော သက်ရောက်သွားတာပေါ့နော်။ အဲဒါကို အရေးကြီးအဆင့် အရင်ဆုံးလုပ်ရမှာ။
အဲတော့ -
သူတို့ အသက်အိုးအိမ်စည်းစိမ်ကို သေချာပေါက်
အာမခံချက်ပေးပြီး ကာကွယ်စောင့်ရှောက်တဲ့ စနစ်တစ်ခုကိုအရင်ဦးဆုံးဖော်ဆောင်ရမှာ။
နောက်တစ်ခုက
တုပ်ကွေးနဲ့ပတ်သက်ပြီးတော့လည်း အစိုးရ သူတို့ရဲ့နိုင်ငံပိုင်မီဒီယာတွေကနေ သတိပေးနေတာတွေလုပ်ရမယ်။
နောက်ပြီးတော့
အသိပညာပေးတဲ့အနေနဲ့ မြို့တိုင်းမြို့တိုင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာကို ပညာပေးသင့်တယ်။
နောက် အစိုးရက နားခေါင်းစည်းဝေတာတွေဘာတွေလုပ်ရမယ်။
ကျန်းမာရေးနဲ့ပတ်သက်လို့
အများကြီးလုပ်ရမှာနော်။
နောက် ဒီကြားထဲမှာ
ရေဘေးတွေလည်းဖြစ်နေတယ်။ ရေဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေကို စာနာတဲ့အနေနဲ့ အားပေးစကားတွေ
မိန်ခွန်းတွေပြောရမယ်။ ပြီးတော့ ကိုယ်၏ဆောင်မခြင်း၊ နုတ်၏ဆောင်မခြင်းနဲ့ ပြည့်စုံတဲ့
မိဘကောင်း၊ အစိုးရကောင်းဖြစ်အောင် လုပ်ဆောင်ရမယ်။
နောက် - ပါတီကပဲဖြစ်ဖြစ်၊
အစိုးရဌာနတွေမှာပဲဖြစ်ဖြစ် အလှူခံဌာနတွေဖွင့်လှစ်ပြီးတော့ လိုအပ်ရင် လိုအပ်တဲ့နေရာကို
ကယ်ဆယ်ရေးတွေ သွားရမှာပေါ့နော်။
ဒါကတော့ ရေဘေးပေါ့နော့။
ပြည်သူတွေက
ရေဘေးတို့၊ ကျန်းမာရေးတို့၊ လုံခြုံရေးတို့ကို စိုးရိမ်နေသလိုပဲလေ၊ အမျိုးဘာသာသာသနာအတွက်လည်း
စိုးရိမ်နေရတာတွေ ရှိတာပေါ့။ အဲဒီစိုးရိမ်မှုကို အတတ်နိုင်ဆုံး လျှော့ချပြီး ဘယ်လိုပုံစံမျိုးနဲ့ဆောင်ရွက်ပေးမယ်ဆိုရင်
ဒီစိုးရိမ်မှုတွေ
ပပျောက်နိုင်မလဲဆိုတာကို အမြဲတမ်း ခေါင်းထဲထည့်ဆွေးနွေးပြီးတော့ ပြည်သူလူထုကို မေတ္တာရပ်ခံတာတွေ
သံဃာတော်တွေကို
တောင်းပန်လျှောက်ထားတာတွေ လုပ်ရမှာပေါ့ကွာ။
(ဆက်လက်ဖော်ပြပါမည်။)

No comments:
Post a Comment