"ကိုကျော်မျိုးရွှေ၏
မယ်တော်ကြီး ဒေါ်သန်းတင်ကို အားပေးနှစ်သိမ့်"
=====================================
ဒီကနေ့
8.8.2017 ရက်နေ့ မနက်ပိုင်းမှာ ကိုကျော်မျိုးရွှေ၏မိခင်ကြီး ဒေါ်သန်းတင် (၇၇)နှစ် ရောက်ရှိလာပါတယ်။
သားအကြီးဖြစ်သူ
ဦးမျိုးချစ်လည်း ပါလာပါတယ်။
ဦးမျိုးချစ်က
မယ်တော်ကြီးကို နှစ်သိမ့်အားပေးဖို့ လျှောက်ပါတယ်။
မယ်တော်ကြီးကို
ပြောဖြစ်တဲ့စကားတွေကတော့ ကိုကျော်မျိုးရွှေအတွက် ဂုဏ်ယူလိုက်ပါမယ်တော်ကြီး။
တိုင်းပြည်အတွက်
ပြည်သူအတွက် အလုပ်လုပ်တာချင်းအတူတူ နိုင်ငံရေးသမားတွေက မျှော်လင့်ချက် အများကြီးရှိပါတယ်။
ပြည်တွင်း
ပြည်ပ မီဒီယာတွေရဲ့ သူကောင်းပြုမှုကိုခံရတယ်၊ ဆုတံဆိပ်တွေ၊ ဆုငွေတွေပေးကြတယ်။
သူတို့နှင့်
သူတို့ရဲ့မိသားစုတွေကို ထောက်ပံ့ပေးကြတယ်။
အချို့ဆို
အကျဉ်းသားက ထောင်ထဲမှာ ဟိုတယ်မှာလိုစားသောက်နေထိုင်ပြီး အကျဉ်းသားရဲ့မိသားစုက နိုင်ငံခြားမှာ
ဇိမ်ခံနေနိုင်ကြတယ်။
ထောင်ကလွတ်လာရင်လည်း
အနည်းဆုံး ရပ်ကွက်လူကြီးမှစပြီး အမြင့်ဆုံး သမ္မတအဆင့်ထိ မျှော်မှန်းနိုင်တယ်။
ဒါကြောင့်
သူတို့တတွေဟာ အကျိုးအမြတ်ရလို့ နိုင်ငံရေးလုပ်ကြတာ ထင်ရှားတယ်။
သူတို့နိုင်ငံရေး
လုပ်ရကျိုးလည်းနပ်တယ်။
အမျိုးသားရေးသမားတွေမှာတော့
စာနယ်ဇင်းတွေ ပြည်တွင်းပြည်ပ မီဒီယာတွေရဲ့
ထိုးနှက်တိုက်ခိုက်မှုကိုလည်း ခံရတယ်၊ ဘာဆုတံဆိပ်၊ ဘာဆုငွေ၊ ဘာစပွန်ဆာ၊ ဘာဒိုနာမှ
မရှိဘဲ အငတ်ခံ အကြပ်ခံ တိုက်ပွဲဝင်ကြရတယ်။
ထောင်ကလွတ်လာတော့လည်း
ဘာရာထူး၊ ဘာအာဏာမှ မျှော်လင့်စရာမရှိ။
ဒါကိုပဲ
ကျေကျေနပ်နပ်ကြီး လုပ်ကိုင်နေကြတယ်။
မျှော်လင့်ချက်နဲ့
လုပ်တဲ့သူနှင့် မျှော်လင့်ချက်မဲ့ လုပ်တဲ့သူ ဘယ်သူက မြင့်မြတ်သလဲ?
ဘယ်သူက
စေတနာဖြူစင်သလဲ?
စဉ်းစားကြည့်ပါမယ်တော်ကြီး။
ဘာမှ
မျှော်ကိုးစရာမရှိဘဲ အမျိုး ဘာသာ သာသနာ အထိခိုက်အနစ်နာမခံနိုင်လို့ ကာကွယ်စောင့်ရှောက်တဲ့
လုပ်ငန်း ဘယ်လောက်များမြင့်မြတ်လိုက်လေသလဲ။
ဘာရာထူးအာဏာမှ
မမက်မောဘဲ အမျိုးဘာသာ သာသနာအတွက် ပေးဆပ်နေတဲ့စေတနာ ဘယ်လောက်ဖြူစင်လိုက်သလဲ တွေးကြည့်တိုင်း
ဂုဏ်ယူစရာပါ။
ဒါကြောင့်
ဂုဏ်ယူလိုက်ပါမယ်တော်ကြီး။
ပါတီဆိုတာ
ယာယီပါ။
အမျိုးသားရေးက
ထာဝရ။
ရာထူးအာဏာ
တစ်ဘဝစာ။
အမျိုးဘာသာက
သံသရာထိပါ။
ဝီရသူ(မစိုးရိမ်)
8.8.2017
PM
12:51

No comments:
Post a Comment