သပိတ်နှင့်ပတ်သက်၍
ယခုသပိတ်ကို
တာဝန်ယူသည့် တာဝန်ခံသည့် အဖွဲ့ကို ဘာမှ မသိရ။
ယခု သပိတ်၏
ဦးတည်ချက်သည်လည်း ကြီးလွန်းလှ၏။ မသင့်ဟု ရိုးသားစွာ ယုံကြည်မိသည်။ သာသနာရေးဌာနနှင့်ပတ်သက်သော
၊ သာသနာရေးရပ်တည်ချက်များနှင့်ပတ်သက်သော သပိတ်ဆိုလျှင် နေ့ချင်းညချင်း အင်အား အဆမတန်တိုးပွားသွားမည်မှာ
သေချာလှပါသည်။
သာဝန်၏ အလွန်အကျွံပြောဆိုလုပ်ဆောင်ချက်များ
အမြဲမပြတ်ဆိုသလို ခြိမ်းခြောက်မှုဆန်သော စကားများ ပြောကြားနေမှုများ ရဟန်းသံဃာကို မထီမဲ့မြင်
စိမ်ခေါ်သဘောဆန်သော အပြောများ မ ဘ သ အဖွဲ့ကို လုံးဝဖြိုဖျက်ရန် ကြိုးစားအားထုတ်မှုများ
စသည်အချက်များကြောင့်ပင်လျှင် လမ်းပေါ်ထွက်ရန် အကြောင်းပြချက် လုံလောက်နေပြီ ဖြစ်သည်။
သူသူကိုယ်ကိုယ်လည်း တွေးမိကြသည်ချည်းဖြစ်သည်။
သာဝန်သည်
အစိုးရအဖွဲ့ကို တာဝန်ခံသဖြင့် သူ၏ ဆောင်ရွက်ချက်သည် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ပင်ဖြစ်၏။
အစိုးရအဖွဲ့၏ သာသနာရေးနှင့်ပတ်သက်သော ကိုင်တွယ်မှုများသည် တက်လာကာစပင် ကောင်းသည်မဟုတ်။
ခုအစိုးရအဖွဲ့လောက် စိတ်ဆင်းရဲခဲ့ရသည်လည်း မရှိသေး။ စစ်အစိုးရ ခါးသီးလှ၏။ မိုက်ရိုင်းလှ၏။
သို့သော် သူတို့အာဏာကို တိုက်ရိုက်ထိပါးလာမှ သူတို့က နှိပ်ကွပ်သည်။ မဟုတ်လျှင် ဘာမှမလုပ်။
ခုအစိုးရကား လွန်စွာအရေးကြီးလှသော (အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်နှင့် အားပြိုင်ဆဲ)ကာလတွင်
အဓိက အမာခံအင်အားစုကြီးကို ဖြိုဖျက်ရန် ကြိုးစားခဲ့ပေသည်။ အဖွဲ့နှစ်ခု အားပြိုင်ဆဲတွင်
အဖွဲ့တစ်ခုကို နှိပ်ကွပ်ခြင်းသည် ကျန်အဖွဲ့အစည်းကို သွယ်ဝိုက်သောနည်းဖြင့် ကူညီထောက်ပံ့သည်ဟု
ပြော၍ရ၏။
သာဝန်အား
ဆန္ဒပြခဲ့ကြသည်။ မ ဘ သ အဖွဲ့ကြီးမှ ကြီးမှူးသည်တော့မဟုတ်။ သို့သော် တုန့်ပြန်မှုကား မထီလေးစားပင်ဖြစ်၏။
ထို့ကြောင့် ခု နောက်ပိုင်းတွင် သာမန်ဆန္ဒပြပွဲမဟုတ်ဘဲ သပိတ်အသွင်ကို စဉ်းစားလိုက်ကြဟန်ရှိသည်။
ထိုသပိတ်၏
ခေါင်းစဉ်ကို မိမိတစ်ဦးတည်းအယူအဆအနေဖြင့် ကြိုက်သည်မဟုတ်ပါ။ မသင့်ဟု ထင်မြင်ယူဆပါသည်။
သိုသော် စဉ်းစားဖွယ်အချက်များရှိနေသည်။
ယခု သပိတ်သည်
ခေါင်းစဉ်မသင့်သည်မှာ မှန်သော်လည်း ၎င်းအဖြိုခံလိုက်ရက အမျိုးသားရေး ဘာသာရေးနှင့်ပတ်သက်သော
လှုပ်ရှားမှုတပ်ဦးကျိုးသလို ဖြစ်သွားလေမည်လော ဟူသော အတွေးဖြစ်သည်။ ထိုအတိုင်းဖြစ်ရန်လည်း
ရာခိုင်နှုန်းများနေသည်။
ယခုအစိုးရသည်
၎င်းတို့ဆောင်ရွက်နေကျအတိုင်း သံဃန နာယက၏ အားကို အသုံးပြုလျက် ဖြိုခွဲရန် ကြိုးစားလာနေပြီဖြစ်သည်။
အခြေမတည်မိခင် ဖြိုခွဲရန် ကြိုးစားခြင်းသည် အောင်မြင်ကြောင်းမဟုတ်ပါလော။
ခက်သည်မှာ
ထိုသပိတ်ကို တာဝန်ယူ တာဝန်ခံသည့် အဖွဲ့သည် အဘယ်သူနည်း ။ထိုအချက်မသိရခြင်း သည် အတော်ပင်ခက်၏။
မ ဘ သ မလိုဟု
မနှစ်ကပြောခဲ့သည်။ မ ဘ သ ဘက်မှ အသာနောက်ဆုတ်ပေးခဲ့သည်။ တစ်နှစ်မပြည့်မီ မ ဟ န မှ တဆင့်
မ ဘ သ ကို ဖျက်သိမ်းခဲ့သည်။ မ ဘ သ မှ ဘာမှ မလုပ်ဘဲ နောက်ဆုတ်ပေးခဲ့ပြန်သည်။ အမြဲနောက်ဆုတ်နေသူသည်
အဘယ်သို့သော စိတ်ထားရှိသည်ကို တဖက်လူမှ ကောင်းစွာ အကဲခတ်ပြီးဖြစ်၏။ နောက်ဆုတ်ခြင်းသည်
ရှုံးနိမ့်ခြင်းနှင့် လွန်စွာနီးကပ်လျက်ရှိ၏။
ယခု သပိတ်သည်
ခေါင်းစဉ်အရသာ မသင့်ဟု ဆိုရသည်။ ယခုအစိုးရအား ကြီးမားသော သံဃလှုပ်ရှားမှု ပြည်သူလှုပ်ရှားမှုများဖြင့်
၎င်းတို့၏ ရဟန်းသံဃာထု၏ အလိုဆန္ဒကို မလေးစားမှု တန်ဖိုးမထထားမှု မထီမဲ့မြင်ပြုမှု အရေးကြီးသောကာလတွင်
မ ဘ သကဲ့သို့ ကာကွယ်ရေးတပ်ကြီးကို ဖြိုဖျက်ရန် ကြိုးစားမှုတို့အတွက် တုန့်ပြန်သင့်သည်မှာ
အမှန်ပင်ဖြစ်တော့သည်။ ဆန္ဒလည်း ပြသင့်သည်။ သပိတ်လည်း မှောက်တန်မှောက်သင့်သည်ပင်ဖြစ်သည်။
ထိုခံယူချက် ရဟန်းတော်တိုင်းနီးပါး၏ ရင်ထဲတွင် အပြည့်ရှိနေ၏။ ထိုအချက်သည် ၎င်းတို့ကို
မုန်း၍မဟုတ်။ မိမိ ဘာသာသာသနာကို ရေရှည်လွတ်လပ်စွာ ကာကာကွယ်ခွင့်ရရေးအတွက်ဖြစ်သည်။ မိမိဘက်မှ
အခြားသူတို့လေးစားလောက်သော အင်အားကိုပြလျှက် အစိုးရအားကောင်းစွာ အရေးဆိုသင့်သည်မှာ
ဟိုဘက်ကမ်းပင် လွန်နေပါပြီ။
ထို့ကြောင့်
အားလုံး ဝိုင်းစဉ်းစားသင့်သည်မှာ
(၁) ယခု သပိတ်သည်
ခေါင်းစဉ်မသင့်သောကြောင့် ရပ်ကြည့်နေတော့မည်။ အစိုးရ ဘာလုပ်လုပ် လုပ်ပါစေတော့ ဟု အသာနေမည်လား။
(၂) ခေါင်းစဉ်မသင့်သော်လည်း
အဖြိုခွဲမခံရရန် ၊ တပ်ဦးမကျိုးရန် အရေးကြီးသဖြင့် ပါဝင် ပူးပေါင်းလျက် အစိုးရအား ဘာသာသာနာနှင့်ပတ်သက်၍
အရေးဆိုမည်လား။
ထိုအချက်တို့ကို
ညီတော်နောင်တော်အရှင်မြတ်များ ကောင်းစွာ စဉ်းစားသင့်ကြပါပြီ။
မိမိအနေဖြင့်
အစိုးရဖြုတ်ချရေး ဆိုသော ခေါင်းစဉ်းကတော့ မသင့်ဟု ယူဆသည်။
သို့သော်
အင်အားပြလျက် အစိုးရနှင့် ဘာသာသာသနာရေး နှင့် ပတ်သက်သော အရေးဆိုမှုများကတော့ လုံးဝဖြစ်သင့်သည်ဟု
ယူဆမိပါသည်။ ထိုသို့ အရေးဆိုရန် ဆန္ဒပြသည် ဆိုဆို သပိတ်မှောက်သည်ဆိုဆို အားလုံးသင့်သည်ချည်းပင်ဟု
ယူဆမိပါသည်။
(ယနေ့ ည ပင်
ဖယ်ရှားရန် သံဃနာယကမှ တဆင့် သတိပေးလာပြီ ဖြစ်သောကြောင့် ယနေ့ ည ပင်လျှင်အရေးကြီးလာပြီဖြစ်ပါ၏)
ဝနဝါသီ
၎ . ၈ . ၂၀၁၇
No comments:
Post a Comment