“လောကအလင်း
ညဂိုက်တန်းဖွင့်လှစ်ရေး စည်းဝေးပွဲ”
ဝါဆိုလ္ဆုတ်(၁၅)ရက်
23.7.2017 ညနေ ၅း၀၀ နာရီ လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။
လောကအလင်း
အကျိုးဆောင်ကော်မတီနှင့် မိဘပြည်သူများ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါတယ်။
လာမည့်
31.7.2017 ရက်နေ့မှာ ညဂိုက်တန်းဖွင့်လှစ်တော့မှာဖြစ်လို့ အကြိုအပို့ တာဝန်မယူနိုင်သည့်
ကျောင်းသူကျောင်းသားများအတွက် အကျိုးဆောင်ကော်မတီနှင့် ရပ်မိရပ်ဖများက ပညာပါရမီ ကုသိုလ်ယူနိုင်ကြဖို့
ဆွေးနွေးကြပါတယ်။
လောကအလင်းပညာဒါနကျူရှင်ကျောင်းသို့
တက်ရောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ ပြည်ကြီးတံခွန်မြို့နယ်မှ ကျောင်းသူကျောင်းသား
အချို့နှင့် ရွာရှည်မှ ကျောင်းသားကျောင်းသူအချို့တို့လည်း ပါပါတယ်။
ရွာရှည်ကျောင်းသူကျောင်းသားနှစ်ဦးအတွက်
အကြိုအပို့ကိစ္စ မိဘများနှင့်ဆွေးနွေးဖြစ်ပါတယ်။
ရွာရှည်ဆိုတာ
ဆိုင်ကယ်နှင့်သွားလျှင် မိနှစ် ၂၀ အစိတ်ခန့် ဝေးတဲ့နေရာဖြစ်ပါတယ်။
မိဘကျင်းဝတ်၊
သားသမီးကျင့်ဝတ်များ သြဝါဒပေးခဲ့ပါတယ်။
No comments:
Post a Comment