"ရန်ကုန်၊
လှိုင်မြို့နယ် အမှတ်(၁၃)ရပ်ကွက် တရားပွဲ"
တပိုတွဲလပြည့်ကျော်(၁၃)ရက်
(24.2.2017) ရက်နေ့ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊
ပဏ္ဍိတာရာမစာသင်တိုက်ကြီး၏၊ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ ဒေါက်တာ
ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကို ရည်မျှော်မှန်းသည့် ရည်မှန်းကုသိုလ်ပြု
ဓမ္မပူဇာသဘင်။
၂၀၁၃
တုန်းက စုစုလတ်ဓာတ်ပုံလေးချိတ်ပြီး အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောခဲ့ကြတဲ့ အားကစားကွင်းပါ။
အခုတော့
အတော်စည်ကားနေပါပြီ။ တရားပွဲမစည်အောင်လုပ်တဲ့ အဖျက်သမားတွေကြောင့် တရားပွဲမစခင် ပရိသတ်နည်းပေမဲ့
တရားပွဲစတဲ့အခါ ပရိသတ်များဖြင့် စည်ကားလာပါတယ်။
တရားပွဲမဖြစ်မြောက်အောင်
နည်းမျိုးစုံနဲ့ နှောက်ယှက်သူတွေရှိတာကြောင့် အာပရိဟာနိယတရား(၇)ပါးကို စောင်းကာ ရွဲ့ကာ
ဟောကြားမနေတော့ပဲ ထိပ်တည့်တည့်ထိမှန်အောင် ဟောကြားခဲ့ပါတယ်။
ထာဝရအောင်နိုင်ရေးတရားတော်
အမည်နဲ့ ဟောကြားခဲ့တာပါ။
၁။
သတ္ထုဂါရဝ
(မြတ်ဗုဒ္ဓကိုရိုသေပါ
ထာဝရအောင်နိုင်မှာ)
၂။
ဓမ္မဂါရဝ
(မြတ်ဓမ္မကိုရိုသေပါ
ထာဝရအောင်နိုင်မှာ)
၃။
သံဃဂါရဝ
(မြတ်သံဃာကိုရိုသေပါ
ထာဝရအောင်နိုင်မှာ)
၎။
သိက္ခာဂါရဝ
(အကျင့်သိက္ခာကိုရိုသေပါ
ထာဝရအောင်နိုင်မှာ)
၅။
သမာဓိဂါရဝ
(ကိုယ့်သမာဓိကိုယ်
ရိုသေပါ ထာဝရအောင်နိုင်မှာ)
၆။
ကလျာဏမိတ္တတာ
(မိတ်ဆွေကောင်းတွေထားရှိပါ
ထာဝရအောင်နိုင်မှာ)
၇။
သောဝစဿတာ
(ဆုံးမလွယ်ကာ
ပျော့ပြောင်းပါ ထာဝရအောင်နိုင်မှာ)


















No comments:
Post a Comment