==================================
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့်
ဟောပြောပွဲအခမ်းအနားကို ယနေ့(3.3.2017)ရက်နေ့၊ နေ့လည်(12:00)နာရီ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ
အောင်သုခဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့
အသင်းနာယကဆရာတော် အရှင်ဇဝနနှင့် ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ တက်ရောက်ကြပြီး
အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်မှ အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက်
အသင်းဝင် (၈၅)ဦးတို့အား တစ်ခွဲသိန်းခွဲကျပ်စီနှင့် (၃၃)ဦးတို့အား တစ်သိန်းကျပ်စီ
ထုတ်ပေးခဲ့ပါသည်။
ဇ-ဇ
၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၄)ခုမြောက်စုဘူးဖြစ်သည်။
ဆရာတော်မှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခု အသင်းဝင်ဦးရေ
(၁၁၈)ဦးရှိပြီး တစ်သိန်းခွဲတန်း (၈၅)ဦးနှင့် တစ်သိန်းတန်း(၃၃)ဦး ဖြစ်သည်။
နဂါးနီစုဘူးအသင်း၏
ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါသည်။
အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊
(၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန်
သုံးစွဲပြီး ရရှိလာသော အမြတ်ငွေများကို တခြားစုဘူးအတွက်သုံးစွဲခြင်းမရှိဘဲ သက်ဆိုင်ရာ
စုဘူး၌သာ ပြန်လည်သုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။
ဝီရခေမိန်(နဂါးနီစုဘူးသတင်းထောက်)
“နဂါးနီဆောင်ပုဒ်”
အတိုးပေါ်
အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊
လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ
ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား
ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊
နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့
အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ
လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး
သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)




No comments:
Post a Comment