ပါတီတွေမှာလည်း မွတ်ကုလားတွေပဲကြီးစိုး။
အဖွဲ့အစည်းတွေကိုလည်း မွတ်ကုလားတွေပဲ
ချုပ်ကိုင်။
အာဆီယံကိုလည်း မွတ်ကုလားတွေပဲ ချုပ်ကိုင်။
EUကိုလည်း မွတ်ကုလားတွေပဲ ချုပ်ကိုင်။
အမေရိကန်ကိုလည်း မွတ်ကုလားတွေပဲ ချုပ်ကိုင်။
UN ကိုလည်း မွတ်ကုလားတွေပဲ ချုပ်ကိုင်။
သြော် ကုလားမရှိတဲ့ကမ္ဘာဆို ဘယ်လောက်များငြိမ်းချမ်းလိုက်မလဲ?
========================================
"သတင်းထုတ်ပြန်ချက်"
နိုင်ငံတကာ
အချက်အလက်ရှာဖွေးဖော်ထုတ်ရေးအဖွဲ့ တစ်ဖွဲ့စေလွှတ်ရန် တောင်းဆိုသည့် လူ့အခွင့်အရေး ကောင်စီ၏
ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက သဘောတူ လက်ခံခြင်းမရှိ
ဂျီနီဗာမြို့တွင်
24.3.2017 ရက်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌
ဥရောပသမဂ္ဂမှ တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို
မဲမခွဲဘဲ ဆုံးဖြတ်အတည်ပြုလိုက်ပါသည်။
အဆိုပါဆုံးဖြတ်ချက်တွင်
လူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊
ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကောင်းမွန်သောအုပ်ချုပ်
ရေးစနစ်နှင့် တရားဥပဒေစိုးမိုးရေးအပြင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်
ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြိုဆိုထားပါသည်။ တစ်ဖက်တွင်လည်း လူ့အခွင့်အရေးကောင်စီ
အနေဖြင့် လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ရန်လည်း
ဆုံးဖြတ်ခဲ့ပါသည်။
မြန်မာနိုင်ငံသည်
ရခိုင်ပြည်နယ်၏ နက်နဲရှုပ်ထွေးပြီး စိန်ခေါ်မှုကြီးမားသည့် အခြေအနေကို လက်တွေ့ကျပြီး ရေရှည်တည်တံ့သည့်
ဖြေရှင်းမှုများထွက်ပေါ်လာရေးအတွက် အစွန်းကုန်ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ နိုင်ငံတော်တာဝန်ကိုယူပြီး
ရက်သတ္တပတ်နည်းငယ်အတွင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ရေး
ဗဟိုကော်မတီကို ဖွဲ့စည်းတည်ထောင်၍ ရခိုင်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင် မစ္စတာကိုဖီအာန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိုလည်း
ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
၂၀၁၆
ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်ရဲဌာနချုပ်နှင့်
ရဲစခန်းများအား လက်နက်ကိုင် တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲပေါ်ထွက်လာသော လူ့အခွင့်အရေး
ချိုးဖောက်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတဦးဆောင်သည့်
စုံစမ်းစစ်ဆေး ရေးကော်မရှင်ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့်
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များအား များစွာအလေးအနက်ထား ရေးယူဆောင်ရွက်လျက်ရှိပါသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုခံရသည် ဆိုသည့် ရခိုင်ပြည်နယ်ရှိ
ကျေးရွာများသို့ ရက်သတ္တပတ်များစွာ သွားရောက်စိစစ်မှုများ ပြုလုပ်ခဲ့သည့်အပြင်၊ မကြာသေးမီက
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ သွားရောက်၍ စုံစမ်းမှုများပြုလုပ်ခဲ့ပါသည်။ စွပ်စွဲမှုများသည်
ခိုင်လုံမှုရှိပါက သက်သေများအား နိုင်ငံတကာ၏ ကာကွယ်စောင့်ရှောက်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့
လာရောက်စေပြီး တရားရုံးများ၌ ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်
ပါသည်။
ရခိုင်ပြည်နယ်၏
ပကတိအခြေအနေသည် ထိလွယ်ရှလွယ်ပြီး၊ ဖြေရှင်းရန် စိန်ခေါ်မှုကြီးမားနေဆဲ အခြေအနေ ဖြစ်ပါသည်။
ဤအခြေအနေမျိုးတွင် လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ုထတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည်
ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူ မဖြစ်မည် မဟုတ်သည့်အပြင် ပြဿနာရပ်ကို ပိုမိုကြီးထွားစေမည်သာ
ဖြစ်ပါသည်။ လက်ရှိ မြေပြင်အခြေအနေမှန်များနှင့်လည်းကောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့်လည်းကောင်း
ကိုက်ညီမှုလည်း မရှိပါ။ ဤသို့သော အခြေအနေများ ကြောင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်
အေးချမ်းတည်ငြိမ်းရေးနှင့် ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ရရှိရေးအတွက် အလေးအနက်ထား
ကြိုးပမ်း ဖြေရှင်းနေခြင်းကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီ၌ မြန်မာနိုင်ငံ
လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆုံးဖြတ်ချက် တစ်ခုလုံးကို သဘောတူ လက်ခံပါဝင်ခြင်း
မရှိကြောင်း(Dissoclate) ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့်အတူ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ
အပါအဝင် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှလည်း ဆုံးဖြတ်ချက်အား သဘောတူလက်ခံပါဝင်ခြင်းမရှိကြောင်း
ထုတ်ဖော်ကြေညာခြင်း၊ အဆိုပါနိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ခြင်းကို
လက်မခံကြောင်း ထုတ်ဖော်ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံအစိုးရသည်
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီး
မြန်မာနိုင်ငံပြည်သူများအားလုံး၏ အကျိုးအတွက် လူ့အခွင့်အရေး တိုးမြှင့်ရေးကို တစ်စိုက်မတ်မတ်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်မှ
သုံးသပ်အကြံပြုချက်အများစုကို အချိန်မဆိုင်းဘဲ ထိရောက်သည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ကာ
အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၇
ခုနှစ်၊ မတ်လ ၂၄


No comments:
Post a Comment