Monday, March 6, 2017

“ဦးသောဘိတရေ...အမျှ...အမျှ...(၃)”

နိဒါန်း
၂၀၁၂ ခုနှစ်သည် အမိမြန်မာပြည် သွေးစွန်းသောနှစ် ဖြစ်သည်။ ထိုသွေးသည် ရပ်တန့်၍မနေဘဲ ၂၀၁၃ အထိ ဆက်လက်စီးဆင်းလာသည်။
သီတာထွေးနှင့် ရခိုင်ပြည်သူများအရေးကြောင့် ၉၆၉ အဖွဲ့ ပေါ်လာသည်။ အမိမြန်မာပြည် အန္တရာယ်အကျရောက်စေခြင်း ဖြစ်၏။
ဦးသောဘိတအရေးကြောင့် မဘသ အဖွဲ့ကြီး ပေါ်လာသည်။ အမိမြေ သွေးမစွန်းစေရေးပင် ဖြစ်၏။
သီတာထွေးသည် ရခိုင်ပြည်၏ ပြယုဂ်၊
ဦးသောဘိတသည် ဗမာပြည်၏ ပြယုဂ်။
၉၆၉ နှင့် မဘသ အဖွဲ့ကြီးတို့ မြန်မာပြည်တစ်ဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နှိုးဆော်မှုကြောင့် တစ်မျိုးသားလုံး နှိုးကြားလာကြ၏။ အမျိုးသားရေးအသိ အမျိုးသားရေးသတိ ကိုယ်စီရှိလာကြ၏။
မီဘေးကလည်း ကြောက်စဖွယ်၊ မွတ်ဘေးကလည်း ကြောက်စဖွယ်။ သို့သော် မီးဘေးက နေရာအနှံ့အပြား မဟုတ်၊ ရာသီးတိုင်းလည်း မဟုတ်။ မွတ်ဘေးကား နေရာတိုင်း၊ အချိန်တိုင်း ဖြစ်၏။ မီးဘေးကြောင့် လူမျိုးမသုဉ်းနိုင်၊ မွတ်ဘေးကြောင့် လူမျိုးသုဉ်းနိုင်၏။ မီးဘေးကြောင့် သာသနာမကွယ်နိုင်၊ မွတ်ဘေးကြောင့် သာသနာကွယ်နိုင်၏။ မီးဘေးကြောင့် နိုင်ငံမပျောက်နိုင်၊ မွတ်ဘေးကြောင့် နိုင်ငံပျောက်နိုင်၏။
မွတ်ဘေးကား အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု အချုပ်အခြာ အားလုံးအတွက် ကြီးမားသော အန္တရာယ်ဖြစ်၏။
သီတာထွေးကို ကျေးဇူးတင်သည်။
ဦးသောဘိတကို ကျေးဇူးတင်သည်။

ဤစာမူသည် ဦးသောဘိတ အကြမ်းဖက် သတ်ဖြတ်ခရပြီးစကာလများ၌ FB ရေးတင်ခဲ့သော သတင်းဆောင်းပါးများကို စုစည်းတင်ပြထားသော စာအုပ်လေးဖြစ်ပါသည်။
ဟံဇား မဘသ နှစ်ပတ်လည်အခမ်းအနားအမီ ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ဦးသောဘိတရေ ... အမျှ ... အမျှ ...
ဦးသောဘိတတစ်ပါး ကောင်းရာမွန်ရာဘဝမှာ မျိုးဆက်သစ် ရင်သွေးတရနာလေးများကို ဆက်လက်စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ဝီရသူ (မစိုးရိမ်)
2.3.2017
AM- 7:55
----------------------------------------------------------------------------------------------------------

“ဦးသောဘိတရေ...အမျှ...အမျှ...(၃)”

(၂၀-၃-၂၀၁၃) ည (၉)နာရီ ခန့်တွင် နာရေးကားဖြင့် လူနာများမကြာခဏ လာရောက်သယ်ယူသွားကြပါသည်။ အများအားဖြင့် ဓားခုတ်ခံရသူကများပြီး ဒဏ်ရာမပြင်းထန်သူ အနည်းငယ်သာ ရှိပါသည်။ ဆေးရုံသို့ ဒဏ်ရာလာကြည့်သူများ ရုတ်ရုတ်သဲသဲ ဖြစ်သွား၍ စုံစမ်းရာ “မီးရှိုခံရသည့်ဘုန်းကြီး သေသွားပြီဟု အော်ဟစ်ပြောဆိုသံများကြောင့် လှုပ်လှုပ်ရွရွဖြစ်ကုန်ခြင်း ဖြစ်ပါသည်။

ဦးသောဘိတသည် (၉း၄၅) မှာ ပျံလွန်ခြင်း ဖြစ်ပါသည်။ ပျံလွန်သည်အထိ ဦးခေါင်းနောက်စေ့မှ သွေးများ ဒလဟောကျဆင်းနေဆဲ ဖြစ်ပါသည်။ ကျောက်ခုံပေါ်မှာတင်ထားသည်ကို တွေ့ရပါသည်။

ဦးသောဘိတ သတင်းသုံးရာ ဟံဇားရွာမှာလည်း ရွာသူ/သားများ ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေကြပါသည်။ အသတ်ခံရပြီ ဟု ကြားသူကကြား၊ ပိတ်မိနေသည် ဟု ကြားသူကကြားနှင့် ကောလာဟလ လိုလို ဖြစ်နေပါသည်။ ဦးသောဘိတနှင်အတူ ဖုန်းပါမသွား၍ အဆက်အသွယ်ပြတ်တောက်သွားသောကြောင့် ဖြစ်ပါသည်။

ည နှစ်ချက်တီးကျော်မှ ဦးသောဘိတရွာ ဟံဇားရွာ မိုးကောင်းကျောင်းဆရာတော်ထံ သတင်းအတိအကျရောက်လာပါသည်။ ရွာဥက္ကဋ္ဌ ဦးအောင်သူက လာလျှောက်ခြင်းကြောင့်ဖြစ်ပါသည်။ မနက် (၅) နာရီတွင် သာစည်မြို့မှ ကားဖြင့် မိုးကောင်းကျောင်းဆရာတော် ဦးပဏ္ဍိစ္စကို ပင့်ပါသည်။ ဦးပဏ္ဍိစ္စနှင့်အတူ ရွာဥက္ကဋ္ဌ ဦးအောင်သူ၊ ဦးကောင်းတို့လည်း လိုက်လာကြပါသည်။

မိတ္ထီလာမြို့နယ်၊ နဂါးရုံဘုရား ဓမ္မာရုံထဲမှာ မြို့နယ် သံဃနာယကအဖွဲ့နှင့် မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ဝန်ကြီးချုပ် ရဲမြင့်တို့ကိုပါ တွေ့ရပါသည်။ မိုးကောင်းဆရာတော် ဦးပဏ္ဍိစ္စက အလောင်းပြန်တောင်းပါသည်။ အလောင်းကို အကြောင်းပြုပြီး အဓိကရုဏ်းကြီးထွားမည်စိုး၍ မပေးနိုင်ကြောင်း လျှောက်ကြပါသည်။ ထိုအခါ ဦးပဏ္ဍိစ္စက “တရားခံကို ဖော်ထုတ်ပေးရမယ်။ ဥပဒေအရ ထိရောက်စွာ အရေးယူပေးရမယ် သို့သော် သေစား သေစေ သဘောမျိုး လုံးဝမဟုတ်ပါဟု တောင်းဆိုပါသည်။ အာဏာပိုင်များက ကတိပေးကြပါသည်။

ရင်ခွဲရုံရောက်တော့ (၁၂)နာရီ ထိုးပါပြီ။ အလောင်းကြည့်ခွင့် ရပါသည်။ အဝတ်အစား မပါ ဗလာကိုယ်တည်း ထားသည်ကို တွေ့လိုက်ရပါသည်။ ဦးခေါင်းမှ ဓားခုတ်ရာကို ပြန်ချုပ်ပေးနေသည်ကို တွေ့ရပါသည်။ အသေအချာ ကြည့်လိုက်သည့်အခါ ဦးသောဘိတ၏ အင်္ဂါဇာတ်ကိုပါ ဓားဖြင့် လှီးဖြတ်ထားသည်ကို တွေ့လိုက်ရပါသည်။

ရန်အောင်မြင်ရပ်ကွက်မှ နာရေးအသင်းကားနှင့်ပင် အလောင်းတင်ပါသည်။ မြင်တော်ကန် သင်္ချိုင်းမှာ သင်္ဂြိုဟ်ပါသည်။ ဦးသောဘိတ၏ ဇာတိရွာ (ညောင်ဦးဖီးအုပ်စု၊ ဒုန်းကုန်းရွာ) ရွာသူ ရွာသားများ ဟိုင်းလက်တစ်စီးဖြင့် လိုက်ခွင့်ရပါသည်။ ဦသောဘိတ၏အစ်ကို ဦးထွန်းမြင့်နှင့် ဦးသောဘိတ၏ ဇနီးဟောင်း တို့လည်း ပါလာကြပါသည်။
ဦးသောဘိတရေ...အမျှ...အမျှ... ပါဘုရား။

Wira Thu FB - Wednesday, March 27, 2013 at 4:01PM






No comments:

Post a Comment