ဘာသာရေးနဲ့
ပတ်သက်တဲ့
အသိပညာတွေ မမျှဝေပါနဲ့တော့် ဆရာတော်။
လူမျိုးရေးနဲ့ဆက်နွယ်တဲ့
သမိုင်းတွေ
မပြောပြပါနဲ့တော့ ဆရာတော်။
အတိတ်က
ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
သူတို့က ပေါ့ပျက်ပျက် တွေလေ။
လက်ရှိ
ဘာတွေဖြစ်နေနေ
သူတို့က လက်မှမခံကြတာဘဲ။
နားလည်ပါတယ်
ငွေ က ဒုတိယဘုရားသခင်ဆိုတာ ။
မရှိတဲ့နေရာက တန်ဖိုးထားပီး
ရှိတဲ့နေရာက တန်ဖိုးမထားတာ။
ဆရာတော်
တကယ်နားလည်ပါစေ။
ဘုန်းကြီးက ဘုန်းကြီးလိုနေလို့
အိန္ဒိယက အထင်ကရ နေရာတွေ
သူတို့မှ မသိတာဘဲ။
မသိတာမှ
ပါရာဇိက တောင် မသိတာ
မမျှဝေပါနဲ့တော့ဆရာတော်။
အနားယူပါ။
တနှစ်မကဘူး
နှစ်တစ်ရာမက အနားယူပါ။
ထွက်လာအုံးမယ့်
ဝီရသူတွေ
ပုံစံအမျိုးမျိုး ဆက်ရှိနေမှာပါ။
ပိတ်ပါ
ဖျက်ပါ မြေလှန်ပါ
မျိုးဆက်က မသေနိုင်တော့ပါဘုရားးးး!!!!!!!!
ဦးဓမ္မတိဏ္ဏ

No comments:
Post a Comment