Tuesday, March 28, 2017

``သတင်းသမားလူ့ငနွားများ မဖြစ်စေနဲ့``

``သတင်းသမားလူ့ငနွားများ မဖြစ်စေနဲ့``
ရှင်မတောင်ဆရာတော်
ဘဒ္ဒန္တကဝိန္ဒောဘာသ
*************************************


သတင်းဆိုသည်မှာ အရပ်တစ်ပါးသို့ပို့လိုက်သော အမှာစကားကို သတင်းဟုခေါ်ဆိုရသည်။

ထိုသတင်းသည် ပါဠိစာပေအရသာသန- သတင်း-မှာကြားလိုက်သော စကား၊ထိုသတင်းစကားကို တစ်ဖက်သားသူ သိစေပြီးလိုက်နာကျင့်သုံးစေဖို့ ရည်ရွယ်ရင်းရှိသည်။
ယခုအခါမှာတော့ ထိုသတင်းကိုပင် စာဖြင့်၊အသံဖြင့်၊ ရုပ်ပုံဖြင့် နည်းပညာတိုးတက်မှုအရအမျိုးမျိုးကျယ်ပြန့်အောင် အသုံးပြုလာကြသည်။
ဘယ်လောက်ပင် တိုးတက်ကျယ်ပြန့်စေကာမူ ထိုသတင်း၏ မူလအဓိပ္ပါယ်မှာပြောင်းလဲသွားခြင်းမရှိပါ။
ထင်ရှားအောင်ပြောပါဦးမည်။
မောင်ဖြူသည် အကြောင်းအရာတစ်ခုကို ပြော၏။
သို့မဟုတ် အလုပ်တစ်ခုကိုလုပ်၏။
မောင်ဖြူ၏ပြောစကား လုပ်ရပ်ကိုမောင်နီက မောင်မဲအား တစ်ဆင့်ပြန်ပြော၏။
(၁)။ မောင်ဖြူပြောစကားနှင့်လုပ်ရပ်သည်သတင်းအရင်းအမြစ်ဖြစ်သည်။
(၂)။ မောင်နီသည် သတင်းသယ်ဆောင်လာသူ သတင်းသမားဖြစ်သည်။
(၃)။ မောင်ဖြူပြောဆိုတိုင်းသော ပုံစံတူစကား သို့မဟုတ် လုပ်ရပ်မှန်ကိုပြန်ပြောပြသောစကားသည် သတင်းစကား၊ယခုအခါ စာဖြင့်ရေးသားသိစေသော စာပါအကြောင်းအရာသည် သတင်း၊ ထိုစာသည်သတင်းစာမည်သည်။
ဤသို့သောနည်းဖြင့် သတင်းအရင်းအမြစ်၊ သတင်းသမား၊ သတင်း၊သတင်းစကား၊ သတင်းစာတို့ကို သိအပ်သည်။
ဤ၌ သယ်ဆောင်လာရသော သတင်းစကားပါ အကြောင်းအရာသတင်းကို သတင်းရင်းမြစ်ဖြစ်စေသူက (တစ်နည်း) သတင်းပါးလိုက်သူကသတင်းကိုကြားသိရသူအား လိုအပ်သလို လိုက်နာကျင့်သုံးစေရန် ရည်ရွယ်ချက်ဖြင့် သတင်းကိုပေးလိုက်မှာလိုက်ခြင်းဖြစ်သည်။
သို့မဟုတ် သတင်းကို သယ်ဆောင်လာသူက ကြားသိသူများလိုက်နာကျင့်သုံးဖို့ ရည်ရွယ်ရင်းရှိသောကြောင့်ထိုအမှာစကားကို သတင်းလို့ ခေါ်ဆိုရကြောင်းဗျုပ္ပတ်ကို သိရသည်။
ဤကား သတင်း၏ အဓိပ္ပါယ်ရင်းဖြစ်သည်။
ယခုအခါ မီဒီယာခေတ်ဟုလည်း ပြောဆိုကြသည်။
သတင်းရင်းမြစ်ဖြစ်ရာမှ ဖြစ်ပေါ်လာသော အကြောင်းအရာသတင်းကို နောက်လူတစ်ယောက် တစ်ပါးသူများသိစေရန် ကြားကဆောင်ရွက်ပေးသော သတင်းစာ၊ ရေဒီယို၊ရုပ်သံအွန်လိုင်း စသည်တို့ကို မီဒီယာလို့ ခေါ်ရသည်။
ထိုသတင်းစာစသည်ကို ဖြစ်စေသောလုပ်ဆောင်သူကို မီဒီယာသမားလို့ ခေါ်ရသည်။
ဤနေရာမှာ သတင်းသမား၊ မီဒီယာသမားတို့ လိုက်နာရမည့် အချက်များရှိသည်။
ဤအချက်များကို သိဖို့လိုသည်။
လိုက်နာဖို့လိုသည်။
ပေါ်လွင်အောင်ပြောဦးမည်။
သတင်းသမားသည် မူလသတင်းရင်းမြစ်မှ ဖြစ်ပေါ်လာသော သတင်းမှန်ကို မချွတ်ယွင်းစေဘဲ သတင်းကြားနာဖတ်ရှုသိရှိရသူတို့ လိုက်နာရန်ရည်ရွယ်ချက်မှန်ဖြင့် သတင်းကို ရေးသားဖြန့်ဝေရန်လိုအပ်သည်။
ဤနေရာမှာ သတင်းမှန်ရသည်။
ဘက်လိုက်၍ ဖြည့်စွက်မှု၊ လုပ်ကြံမှုမလိုမုန်းထား၍ ထိမ်ချန်မှုမပါဝင်ဘဲ မှန်မှန်ကန်ကန်ရေးသားဖြန့်ဝေနိုင်ဖို့ လိုအပ်သည်။
ရည်ရွယ်ချက်ကလည်း သတင်းဖတ်ရှုကြားနာရသူတို့ လိုက်နာရန်ဆိုသည်မှာ ဆောင်သင့်ကဆောင်ရန်၊ ရှောင်သင့်က ရှောင်ရန် ရည်ရွယ်ချက်ဖြင့်သာ ရေးသားရမည်။
သိစေရမည်။
အဂတိကင်းစင်ရမည်။
နမူနာပြပါမည်။
မိုးလေဝသသတင်းတစ်ခု ဆိုကြပါစို့။
မုန်တိုင်း၊ လေကြမ်း၊ မိုးကြမ်း၊မြစ်ရေကြီးခြင်း ဖြစ်ရပ်မှန်ကို တင်ပြရပါမည်။
တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ သတင်းရေးမညfဆိုပါက အန္တရာယ်ကို ရှောင်နိုင်ဖို့ ခက်ခဲသွားပါမည်။
မုန်းလို့ ကြီးသောမုန်တိုင်းကို သေးငယသယောင်ဖော်ပြပြီး အန္တရာယ်ကို ဖြစ်စေပါကဒေါသာဂတိလိုက်ခြင်းပါပဲ။
သတင်းမှန်ကြေညာက ကြောက်လန့်မှာစိုးလို့ လျော့ကြေညာမည်ဆိုပါက တကယ် လေကြမ်းမိုးကြမ်းမုန်တိုင်းရန်ကို မကာကွယ်နိုင်၊ မရှောင်ရှားနိုင်ဖြစ်ပါကဆန္ဒာဂတိပါပဲ။
သတင်းဖြစ်ရပ်မှန်ကိုသိနိုင်လျက် သိအောင်မလုပ်ဘဲ ပေါ့ပေါ့ဆဆ တာဝန်မကျေမှုကြောင့် အမှားမှားအယွင်းယွင်းကြေညာမည်ဆိုပါက မောဟာဂတိပါပဲ။
နောက်တစ်ခုက အန္တရာယ်ဖြစ်စေတတ်သော အကြမ်းဖက်သမား၊ အဖျက်သမားကို တွေ့မြင်နေရလျက် ထိုအဖျက်သမားကို ကြောက်လို့သတင်းမှန်ကို အသိပေးသင့်သူများကို အသိမပေးခြင်းသည် ဘယာဂတိပါပဲ။
ထို့ကြောင့် သတင်းနှင့် ပတ်သက်လာလျှင် သတင်းသမားသည် အဂတိကင်းစင်ဖို့ လိုပါသည်။
ယနေ့ကာလ လောလောဆယ်မှာ သတင်းဖြစ်ပေါ်နေပုံတွေကို ဝေဖန်ဆန်းစစ်ကြည့်ပါက သတင်းမဟုတ်သော သတင်းများကိုတွေ့မြင်နေကြရသည်။
သတင်းမီဒီယာထဲမှာပါလာသဖြင့် သိနေကြရလို့ သတင်းလို့ဆိုရပေမယ့် စင်စစ်မှာတော့ သတင်းမဟုတ်ကြသည်ကို တွေ့မြင်နေကြရသည်။
ဘာတွေလဲ။
အထက်ကပြောခဲ့သော သတင်း၏အဓိပ္ပါယ်ကိုပြန်စဉ်းစားပါ။
Myanmar Now သတင်းထောက်ချုပ်လို့ဆိုသူ ဆွေဝင်းဆိုသည့် သတင်းသမားက ဦးဝီရသူကို ပါရာဇိကကျသည်။
ဘုန်းကြီးမဟုတ်ဘူးလို့ ပြောသည်။
ဒုစရိုက်သမားလို့ပြောသည်။
ဒါဟာ သတင်းသမားကျင့်ဝတ်ပျက်ယွင်းသည့် သတင်းမရေးဘဲ စွပ်စွဲပုတ်ခတ်ခြင်းကို ရေးသားပြောဆိုလို့ ဆွေဝင်းသည်သတင်းသမားအလုပ်ကို ရိုးရိုးသားသားမလုပ်ဘဲ သူတစ်ပါးကို စွပ်စွဲပုတ်ခတ်သော အလုပ်ကိုလုပ်သွားသည်။
ထပ်ရှင်းပြပါမည်။
ဆွေဝင်းသည် သတင်းသမားအလုပ်ကို လုပ်မည်ဆိုပါက ရွှေဝါရောင်ကိုယ်တော် (ဘယ်သူက၊ ဘယ်ဘုန်းကြီးက) ဦးဝီရသူသည် ပါရာဇိကကျသည်လို့ ပြောသည်လို့ပဲ သူရေးရမည်။
သတင်းမဟုတ်ဘဲ ဦးဝီရသူကိုမုန်းတီး၍ အကြောင်းမခိုင်လုံ မမှန်မကန်အကြောင်းပြချက်ဖြင့် သူတစ်ပါးစွပ်စွဲသော အလုပ်ကိုလုပ်ပြီး သတင်းသမားမဟုတ်တော့ဘဲ စွပ်စွဲပုတ်ခတ်သူအလုပ်ကို သူလုပ်သွားသည်။
နောက်တစ်ခုက ဦးဝီရသူဟာ လူသတ်မှုကို ထောက်ခံလို့ ပါရာဇိကကျသည်လို့ ရေးခြင်းဟာလည်း သတင်းမဟုတ်တော့ဘဲ အတင်းအဖျင်းစွပ်စွဲခြင်းကိုသာ ဆွေဝင်းလုပ်သွားသည်။
ထပ်ရှင်းပြပါမည်။
ဦးဝီရသူက လူသတ်မှုကို ထောက်ခံသည်ဆိုပါက ထောက်ခံကြောင်းသတင်းကိုသာ ရေးရမည်။
ထောက်ခံလို့ ပါရာဇိကကျသည်လို့ ရေးခြင်းဟာ ဆွေဝင်းက ကိုယ်တိုင်လည်းဘာမှ မသိသကဲ့သို့ ရွှေဝါရောင်ကိုယ်တော်လို့ ဆိုသူနှင့် မေးမြန်းပြောဆိုရသောဘုန်းကြီး၏ မုန်းတီးလို့ပြောသောစကားကို ကိုးကားပြောခြင်းသည်ပင် ဆွေဝင်းဆိုသောသတင်းသမားသည် ဒေါသာဂတိနှင့် မောဟာဂတိသို့ရောက်သော သတင်းသမား၏ အတတ်ပညာကို မတတ်ဘဲ သတင်းသမားလုပ်နေသူလို့ ပြောရမှာဖြစ်သည်။
ဒီနေရာမှာ မလိုအပ်ဘဲ စကားရှည်မှာစိုး၍ ပါရာဇိက ကျ မကျကိုမပြောတော့ပါဘူး။
ဆွေဝင်းစာဖတ်တတ်လျှင်ဖတ်ပါက သိမှာပါ။
နောက်နောင် အရမ်းမပြောပါနဲ့၊ မရေးပါနဲ့လို့ပဲ ပြောလိုပါသည်။
နောက်တစ်ခုက ဦးဝီရသူဟာ ဒုစရိုက်သမားလို့ ပြောပြန်သည်။
ဦးဝီရသူက ဒုစရိုက်အလုပ်ကို ဘာလုပ်တာ ဆွေဝင်းသိလို့ မြင်လို့ပြောတာလဲ။ ဒါဟာလဲ ဆွေဝင်းက အခြောက်တိုက်စွပ်စွဲခြင်းသာ ဖြစ်သည်။
သတင်းသမားလုပ်နေပြီး အထင်အတွေးနဲ့ မလိုမုန်းထားရှိတိုင်း ကိုယ်ပြောချင်ရာပြော၊ ရေးချင်ရာရေးရတာ မဟုတ်ဘူး။
သတင်းသမားဆိုတာ သူတစ်ပါး၏ ဖြစ်ရပ်ကို အခြားသူတစ်ပါး သိရှိလိုက်နာကျင့်သုံးနိုင်ဖို့ ကြားက ဆောင်ရွက်ပေးသောအလုပ်ကို လုပ်သူသာဖြစ်သည်။
မဟုတ်မမှန်လုပ်ကြံသတင်းလိမ်တွေ ရေးသားမည်၊ ပြောကြားမည်ဆိုပါက မစဉ်းစားလို့ ဆွေဝင်းပြောနေ ရေးနေတာပဲ။
သူများကိစ္စကို ကိုယ့်ကိစ္စလုပ်နေခြင်းသည် ဗာလ၊ သူအ၊ သူယုတ်တို့အလုပ်ဆိုတာ သူမသိလို့ လုပ်နေသည်လို့ ပြောရမှာပဲ ဖြစ်သည်။ လူကြီးသူမတို့က ပြောလေ့ပြောထရှိကြသည်။ လူတစ်ယောက်ကို ကိုယ့်အလုပ်သူ့အလုပ်မသိဘဲ လုပ်မိလုပ်ရာလုပ်တတ်သူကို 'ဟဲ့ အအရဲ့၊ ငနွားရဲ့'လို့ ကရုဏာဒေါသောဖြင့် ဆုံးမသလိုပြောရလျှင် ဆွေဝင်းဟာ သတင်းသမားလူ့ငနွားလို့ ပြောရမှာဖြစ်နေတယ်။
ဆွေဝင်းဆိုသူ သတင်းသမားဟာ သူတကာသိဖို့ သတင်းတွေသာရေးနေ ပြောနေပြီးသူတကာရဲ့ သတင်းကြတော့ ဖတ်ပုံမှတ်ပုံမပေါ်ဘူး။
သာ/ယဉ်ဝန်ကြီး သူရဦးအောင်ကိုက အမုန်းစကားမပြောဖို့ ပြောဖူးသည်ကို သူနားထောင်ပုံ မရဘူး။
ယခု ဆွေဝင်းလုပ်ရပ်ကသတင်းစကားမဟုတ်ဘဲ အမုန်းစကားတွေချည်း ပြောနေသည်ကို ကြားသိနေရသည်။
မှတ်ထား ဆွေဝင်း၊ အမုန်းစကားဆိုတာ မဟုတ်မမှန်ဘဲ မုန်းလို့ပြောသောစကားကို ခေါ်တယ်မှတ်။
ဦးဝီရသူရဲ့ ပြောစကားတွေထဲမှာမဟုတ်သည်ကို လုပ်ကြံပြောနေလျှင် ဦးဝီရသူဟာ အမုန်းစကားပြောသူပဲဖြစ်တယ်။
ဦးဝီရသူက မွတ်ဆလင်များ၏ နိုင်ငံအပေါ်၊ လူမျိုးအပေါ်၊ ဗုဒ္ဓဘာသာသာသနာအပေါ် အန္တရာယ်ရှိလို့ အန္တရာယ်ရှိကြောင်းပြောခြင်းသည် အမုန်းစကားမဟုတ်ဘူး။
အမှန်စကားသာဖြစ်တယ်။
ဒါနဲ့ပတ်သက်လို့ အမှန်ပြောလို့ မကြိုက်သူ ရှိတိုင်း အန္တရာယ်ပြုလိုသူတို့က မကြိုက်တိုင်းအမုန်းစကားပြောသည်လို့ သတ်မှတ်လို့ မရပဘူး။
မဟုတ်ဘဲလုပ်ကြံပြောမှ အမုန်းစကားပြောသည်လို့ သတ်မှတ်ရမှာဖြစ်သည်။
ဒါဆိုရင် ဘယ်မှာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာရှိမှာလဲ။
မြန်မာနိုင်ငံမှာ မြန်မာတို့အနေဖြင့်မိမိလူမျိုးအပေါ် ဘာသာသာသနာအပေါ်အမှန်တကယ် အန္တရာယ်ရှိလျှင် ရှိသည် သတိထားကြလို့တော့ ပြောခွင့်ရှိရမှာပေါ့။
မမေးမြန်းမစိစစ်မဆွေးနွေးဘဲ အမုန်းစကားပြောသူလို့ပြောနေကြသူတို့သည်သာ အမုန်းစကားပြောသူများဖြစ်နေကြသည်ကို သတိပြုကြစေချင်ပါသည်။
မဘသ အဖွဲ့ကြီးအပေါ်မှာလည်းအမုန်းစကားပြောသည်လို့ အသားလွတ်စွပ်စွဲနေကြသူတွေကို ပြောချင်ပါသည်။
မဟုတ်မမှန်ပြောသည်ရှိက ထောက်ပြပါ၊ ဆွေးနွေးပါ၊ မှားလျှင်ပြင်ပေးပါ။ လက်ခံပါသည်။ အခြားအကြောင်းအရာတွေကို စကားရှည်သွားလို့နောက်မှ အခွင့်သင့်က ပြောပါရေးပါဦးမည်။
``ရှင်မတောင်ဆရာတော်ဘဒ္ဒန္တကဝိန္ဒေဘာသ```
သာကီသွေးဂျာနယ်အတွဲ(၄)အမှတ်(၂၀)
``မဘသ(ဗဟို)Online Media``



No comments:

Post a Comment