"ဘင်္ဂါလီများအား
နိုင်ငံသားကတ်ထုတ်ပေးနေခြင်းကို ကန့်ကွက်"
စစ်တွေ၊
မတ်-၁၉ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို ပွင့်လင်းမြင်သာမှု မရှိဘဲ
နိုင်ငံသားဖြစ်ခွင့်ရရန် ကတ်ပြားများ ထုတ်ပေးနေခြင်းကိုရခိုင်ပြည်နယ် တစ်ခုလုံးတွင် မတ် ၁၉ ရက်က ကန့်ကွက်
ဆန္ဒပြခဲ့ ကြောင်း သိရသည်။
ကန့်ကွက်ဆန္ဒပြပွဲများကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်
အသီးသီးတွင် ပြုလုပ်ခဲ့ကြပြီး မြို့နယ်အချို့မှ ကိုယ်စားလှယ်များသည် စစ်တွေမြို့တွင် လာရောက်ပူးပေါင်းကာ ပွင့်လင်း
မြင်သာမှုမရှိဘဲ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ရရန်ဆောင်ရွက်နေခြင်းအား ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြပွဲများတွင် ပါဝင်ဆန္ဒပြခဲ့သူများက ဥပဒေချိုးဖောက်သူများအား
တရားစွဲ ဆိုရေး၊ ပြည်နယ် လ၀ကဦးစီးမှူးကို ချက်ချင်းအရေးယူပေးရေး၊
တရားမ၀င် ထုတ်ပေး ထားသော ကတ်များကို ပြန်သိမ်းရေး၊ ကတ်ပြားလိမ်လည်ရယူ ထားသူများကို အရေးယူ ပေးရေး၊ နိုင်ငံသား
စိစစ်ရေးကော်မတီတွင် ဒေသခံကိုယ်စားလှယ်များထည့်သွင်းပေးရေး၊
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း စိစစ်ပေးရေး၊ ရခိုင်လူမျိုးနှင့်
ရခိုင်ပြည်နယ် တည်တံ့ရေးစသည့် ကြွေးကြော်သံများဖြင့်
လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ပွင့်လင်းမြင်သာမှုမရှိဘဲ ဘင်္ဂါလီများကို နိုင်ငံသားကတ်ပြားများ
ထုတ်ပေးနေခြင်းအား ရပ်တန့်ပေးရေး တောင်းဆိုသည့်ဆန္ဒပြပွဲကို
တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရန်အတွက်
ယခုလအစောပိုင်းက စစ်တွေမြို့တွင် အခြေစိုက်သည့် အနောက်
တံခါးဒေသကူညီစောင့်ရှောက်မှုအဖွဲ့နှင့် မောင်တော၊ ဘူးသီးတောင်၊
ရသေ့တောင် မြို့နယ်တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံစဉ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ပေါင်းစုံမှ ကိုယ်စားလှယ်များသည် မတ် ၂၀ ရက်
(ယနေ့) မှ ၂၇ ရက် အထိ စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့တွင်
နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ရှစ်ရက်ကြာ ကန့်ကွက်မှုတစ်ခုကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအပေါ် ဆောင်ရွက်နေသည့်နိုင်ငံသားစိစစ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံများ၏
ဝေဖန်မှုများမြင့်တက်နေပြီး ဆန္ဒပြကန့်ကွက် မှုများလည်းမကြာခဏ ပေါ်ပေါက်နေသည်။
ဥပဒေနှင့် မညီသော နိုင်ငံသားဆိုင်ရာ ဆောင်ရွက်နေမှုများသည်
နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အထူးထိခိုက်နေသဖြင့် ချက်ချင်းရပ်တန့် ပေးရန် ရခိုင်ပြည်နယ်အခြေစိုက်
အင်အားကြီး နိုင်ငံရေးပါတီတစ်ခု ဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) က
ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။
Rakhine News Agency
http://www.mmstd.com/news/view/8354/?lang=my



No comments:
Post a Comment