ကြည်ညိုပျက်လာ
*****
ကနဦး အနိပ်စက်ခံ
ကလေးနှစ်ယောက်အမှုကို ဖော်ထုတ်ပေးနိုင်လို့ သတင်းထောက်တစ်ယောက်ကို တော်တော်လေး ကြည်ညိုခဲ့
ချီးကျူးခဲ့ပါတယ်။
ကိုယ်ချီးကျူးခဲ့တဲ့
သတင်းထောက်က သတင်းမထောက်ဘဲ ပုပ်ခက်လိုစိတ် တိုက်ခိုက်လိုစိတ်တွေ များနေတာလား၊ ဒါမှမဟုတ်
ဝိုင်းမြှောက်စားလိုက်ကြလို့ ဘဝင်လေဟက်သွားတာလား မသိပါဘူး။ ရဟန်းတော်များ ဝိနည်းအကြောင်းကို
ပစ်စလက်ခက် ပြော၊ လက်လွတ်စပယ် ပြောနေတာ လွန်လွန်ကျွန်ကျွန် ပြောနေတာတွေ့တော့ ကြည်ညိုရင်းစိတ်တွေ
ပျောက်သွားတယ်။ သတင်းသမားလား အတင်းသမားလား ဆိုတာ မသိတော့ပါ။
မိမိစာမျက်နာမှာ
ဒါမျိုးရေးလေ့မရှိပါဘူး၊ ဒါပေမဲ့ သာသနာကြည်ညိုသူ သံဃာကို ကြည်ညိုသူတိုအတွက် သံသယဖြစ်ရာကနေ
ကိုယ်နှုတ် စိတ်တို့ဖြင့် ပြစ်မှားမိကြရင် ကြီးလေးတဲ့အပြစ်တွေ ပေးရာ ကျူးလွန်မိကြမှာ
စိုးရိမ်မိပါသည်။
နိုင်ငံရေးအတွက်လား၊
ကိုယ် နာမည်ကြီးချင်လို့လား ကိုယ့်ကိုယ် ပြန်သုံးသပ်ြကဖို့လိုပါသည်။
မိမိလိုပဲ
မိတ်ဆွေများဆီက စကားသံဟာ တစ်ထပ်တည်းဖြစ်နေသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

No comments:
Post a Comment