Thursday, March 16, 2017

ဘဝဆိုတာ သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်း လုပ်ရဲရင် ခံရဲရမယ်နော်

ဘဝဆိုတာ သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်း

လုပ်ရဲရင် ခံရဲရမယ်နော်
***********************************

မဘသခေါ်သည့် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့၌ပါသည့် ဆရာတော်များ၏ ၉၀ ရာခိုင်နှုံး
မှာ သီလသမာဓိပညာပြည့်စုံကြပြီး အစွန်းရောက်သဘော ရှိသည့် သံဃာများမှာ အနည်းငယ်သာရှိ-ဟု သာ/ယဉ်ဝန်ကြီး သူရဦးအောင်ကိုပြော
----------------------------------------------------------------

နေပြည်တော်၊ မတ်-၁၅
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်
ဆရာတော်ဖြစ်သည့် ဦးဝီရသူ ကိစ္စနှင့်ပတ်သက်ပြီး ပြောစရာ
မရှိသော်လည်း သူ့အဆင့်လိုက်လာမည်ဖြစ်ကြောင်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုက ပြောဆို သည်။

မတ် ၁၅ ရက်ကကျင်းပသည့် စတုတ္ထအကြိမ် ပြည်ထောင်စု
လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့
အစည်းအဝေးခေတ္တရပ်နားစဉ် ဦးဝီရသူအား အရေးယူမှုရှိ၊
မရှိနှင့်ပတ်သက်ပြီး မီဒီယာများ၏မေးမြန်းမှုကို သာသနာရေး
ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

"အဲဒါကတော့ ဘာမှပြောစရာ မရှိပါဘူး။ ပြောရမယ်ဆိုရင်တော့
သူ့ အဆင့်လိုက်လာမှာပါ။ အခုချိန်ထည့် ပြောလိုက်ရင် ဟဲဗီးကြီး
ဖြစ်သွားမယ်"ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် မဘသဆိုသည့် အမျိုးဘာ သာသာသနာစောင့်ရှောက်
ထိန်းသိမ်းရေးအဖွဲ့ကြီးတွင်ရှိသော ၉၀ ရာခိုင်နှုန်းသော
ဆရာတော်ကြီးများသည် သီလဂုဏ်၊ သမာဓိဂုဏ်တို့နှင့်
ပြည့်စုံကြပြီး အစွန်းရောက်သည့် သံဃာအနည်းစုသာရှိကြောင်း
ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။

"အစွန်းရောက်တဲ့ သံဃာအနည်း စုသာဖြစ်ပါတယ်။ အနည်းစုကလည်း
ထင်ပါတယ်။ လက်ချိုးရေလို့ရပါတယ်။ လက်နှစ်ဖက်မကျော်ပါဘူး။
အဲဒီတော့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အမနာပ
စကားလုံးတွေနဲ့ တကယ့်ကို ရဟန်းမဆန်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့
ဝေဖန်တိုက်ခိုက်နေတာရှိနေပါ တယ်။ အဲဒါကလည်း သုံး၊ လေး၊
ငါးယောက်ထက်မပိုပါဘူး"ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက
ဆက်လက် ပြောသည်။

မြန်မာနိုင်ငံ၏ သန်း၅၀ကျော်သော ပြည်သူများသည် နိုင်ငံတော်သံဃ
မဟာနာယကအဖွဲ့နှင့် သံဃာအဆင့်ဆင့် ၏ ဦးဆောင်မှုပေါ်တွင်
ယုံကြည်လေးစား လိုက်နာနေကြပြီး ထေရ၀ါဒဗုဒ္ဓသာသနာကြီး၏
ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ပြည်သူ များက မလိုလားသောကြောင့်
မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း အေးချမ်းတည်ငြိမ်သည်ကို ပြည်သူများက
လေးစားကြကြောင်း ၎င်းကပြောဆိုသည်။

သတင်း -စံတော်ချိန်


No comments:

Post a Comment