“ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ”
============================
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊
ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၁)
စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။
ဒီကနေ့ (29.3.2017) မနက် (9:30)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ
ကျင်းပတာပါ။
နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ သတင်းထောက် အရှင်ခေမိန္ဒ (ဝီရ
ခေမိန်)၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်၊ စာရင်းစစ်
ဒေါ်တင်ဆန်းတို့ တက်ရောက်ကြပါတယ်။
ဂျပန်ကျောင်းဆရာတော် ဦးသုဇာတမှ သြဝါဒမိန့်ကြားပါတယ်။
ဂျပန်ကျောင်းဆရာတော် ဦးသုဇာတမှ သြဝါဒမိန့်ကြားပါတယ်။
အသင်းဝင် (၈၁)ဦး(ငါးသောင်းတန်း) တစ်ဦးလျှင် ငါးသောင်းကျပ်စီ
ထုတ်ပေးခြင်းဖြစ်ပါတယ်။
ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ
ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၄)ရက်နေ့မှာ
တည်ထောင်ပေးခဲ့ပါတယ်။
ယခုအခါ အသင်းဝင်(၂၃၃)ဦးရှိပြီး
တစ်သိန်းခွဲတန်း(၁၅၂)ဦး၊
ငါးသောင်းတန်း(၈၁)ဦးဖြစ်ပါတယ်။
ယခုအခါ အသင်းဝင်(၂၃၃)ဦးရှိပြီး
တစ်သိန်းခွဲတန်း(၁၅၂)ဦး၊
ငါးသောင်းတန်း(၈၁)ဦးဖြစ်ပါတယ်။
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး
(၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါတယ်။ အတိုး(၅)ကျပ်ထဲမှ
(၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို
အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန်
သုံးစွဲပြီး ရရှိလာသော အမြတ်ငွေများကို တခြားစုဘူးအတွက်သုံးစွဲခြင်းမရှိဘဲ
သက်ဆိုင်ရာ စုဘူး၌သာ ပြန်လည်သုံးစွဲပါတယ်။
ဆရာတော်ဦးဝီရသူတည်ထောင်ဖွင့်လှစ်ပေးတဲ့ နဂါးနီစုဘူးပေါင်း
(၇)ခုရှိပါပြီ။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)
“နဂါးနီစုဘူး ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)








No comments:
Post a Comment