ခက်ပါတယ် ငှက်နာရယ်
**********************************
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ပြည်သူတွေကို အနိုင်ကျင့်လိုက်တာပါ။
ဒါတွေက မဲခွဲဆုံးဖြတ်ရမည့် အလုပ်မှမဟုတ်တာ။
ဌာနေတိုင်းရင်းသားတွေ ဆန္ဒကို ထည့်မစဉ်းစားလို့မရဘူးလေ။
ဗိုလ်ချု ပ်အောင်ဆန်း ပေးဆပ်ခဲ့တာတွေက
အခွင့်အရေးယူဖို့မှ မဟုတ်ဘဲ။
ဗိုလ်ချု ပ်ကို သိမ်ငယ်အောင် မလုပ်ကြပါနဲ့ဗျာ။
အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဆိုသေး ငြိမ်းချမ်းရေးလို့လည်း ဆိုသေး
မဲခွဲ အနိုင်ကျင့်တာတွေလည်း လုပ်နေသေး။
မဲခွဲတတ်တာကလွဲလို့ ဘာမှ မလုပ်တတ်ကြတော့ဘူးလားဗျာ။
ရာမညတံတား သံလွင်တံတား ဒီအမည်တွေကကော အများပြည်သူနဲ့ မသက်ဆိုင်လို့လား?
ခက်ပါတယ် ငှက်နာရယ်။ ။
ဝီရသူ ( မစိုးရိမ်)
14.3.2017
pm 11:02

No comments:
Post a Comment