"အမိန့်တော်မြတ်အတိုင်းပါဘုရား(၂)"
15.3.2017
ရက်နေ့ ည ၈း၀၀ နာရီ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အလှူတရားပွဲလေးပါ။
အလှူဒါယကာဦးကျော်သူ+အလှူဒါယိကာမဒေါ်ဆိုင်းခေါန်
နှင်းပွင့်ဖြူ ဖိနပ်ရောင်းဝယ်ရေး မိသားစု ရဟန်းခံရှင်ပြုနားသ အလှူတော်မင်္ဂလာ အထူးဓမ္မပူဇာတရားသဘင်ပါ။
ပင့်ထားတာ
နှစ်ချီနေပါပြီ။
ပိတ်ပင်ထားရာ
ကာလအတွင်းမှာ ကျရောက်နေလို့ တရားဟောခွင့်မရခဲ့ပါ။
နန်းကွေ့ရွာ
ဇေယျာသီရိကျောင်းတိုက်အလှူမဏ္ဍပ်မှာ ကျင်းပပါတယ်။
ဆိုင်ရာအကြီးအကဲတွေ
လာရောက်လျှောက်ထားကြပေမယ့် တစ်စုံတစ်ရာ နှောက်ယှက်တာမျိုးတော့ မရှိပါဘူး။
မဟနအမိန့်အတိုင်း
တရားမဟောရင်ပြီးတာပဲဆိုတဲ့သဘောပါပဲ။
အလှူဒါယကာဦးကျော်သူက
မြစ်ကြီးနား မ.ဘ.သ လည်းဖြစ်ပါတယ်။ မန်း မဘသ ကိုလည်း ထောက်ပံ့လှူဒါန်းနေသူဖြစ်ပါတယ်။
ရေဘေးတုန်းက
သိန်း(၁၀၀)တောင် လှူဒါန်းတာပါ။
ရေဘေးဒုက္ခသည်တွေအတွက်
ကိုယ်တိုင်လည်း ဆန်းအိတ်ထမ်းပြီး လုပ်အားဒါန ကုသိုလ်ယူသူဖြစ်ပါတယ်။
စာရေးသူအား
လစဉ် ငါးသိန်း ဆယ်သိန်း အခါအခွင့်သင့်တိုင်း ထောက်ပံ့လှူဒါန်းသူပါ။
သူတို့ရဲ့အလှူတရားပွဲမှာ
ဟောခွင့်မရတာတော့ စိတ်မကောင်းပါဘူး။
ပလ္လင်ပေါ်ထိုင်ပြီး
တရားဟောခွင့်မရဘဲ တရားခွေပဲ ဖွင့်ခွင့်ရတဲ့အတွက် အလှူဒါယကာတွေလည်း စိတ်ကောင်းမှာမဟုတ်ပါဘူး။
ငိုရှိုက်သူတွေလည်း
ရှိရဲ့
ပူဆွေးသူတွေလည်း
ရှိရဲ့
မျိုသိပ်သူတွေလည်း
ရှိရဲ့
အရပ်သားဒီမိုကရေစီရဲ့
အရသာကို မြစ်ဆုံသူတွေ မနောသူတွေ အပြည့်အဝကြီး ခံစားခွင့်ရသွားခဲ့တဲ့ ပွဲလေးပါ။
ဝီရသူ(မစိုးရိမ်)
18.3.2017
PM
7:23
No comments:
Post a Comment