"အမိန့်တော်မြတ်အတိုင်းပါဘုရား(၁)"
11.3.2017
ရက်နေ့ တရားပွဲလေးပါ။
ဧရာဝတီတိုင်း၊
အိမ်မဲမြို့နယ်၊ သီးကွင်းကျေးရွာမှာ ကျင်းပပါတယ်။
စာရေးသူတို့
မရောက်ခင် မြို့နယ်၊ ခရိုင်အကြီးအကဲတွေနဲ့ ရဲတပ်ဖွဲ့တွေရောက်ရှိလာပီး တားမြစ်ကြတာကြောင့်
အသံချဲ့စက်တွေလည်း ဖြုတ်ထားရပါတယ်။ ဈေးသည်တွေကိုတောင် ကွင်းထဲမှာ ရောင်းချခွင့်မပေးကြပါဘူး။
လှိုင်လူငယ်အဖွဲ့က
ကြိုတင်သွားနှင့်ပြီး ညှိကြတဲ့အခါမှ သဘောတူသွားကြပြီး စာရေးသူရောက်လာတဲ့အခါ ထပ်မံညှိကြရင်း
တရားမဟောရင် ပြီးတာပဲ အပူဇော်ခံကြွတာလောက်မို့ မတားမြစ်တော့တာပါ။
သီလပေးရေစက်ချ
ချီးမြှင့်ခဲ့တဲ့ ဆရာတော်က ပနာသိမ်ကျောင်းစုကျေးရွာမှ ဦးစိန္တိတပါ။ ဦးစိန္တိတနှင့်အတူ
သံဃာစင်ပေါ်ကြွရောက်အားပေးသူက သရက်ကုန်းရွာမှ ဆရာတော်ဦးစန္ဒာသီရိပါ။
ပထမဦးဆုံး
ပလာစတာ တရားပွဲလေးမှာ
ရင်ခုန်ကြသူတွေလည်း
ရှိရဲ့။
ငိုရှိုက်သူတွေလည်း
ရှိရဲ့။
မျိုသိပ်သူတွေလည်း
ရှိရဲ့။
ဒကာမြင့်ဇော်ရဲ့
Live လွှင့်မှုကြောင့် တစ်ကမ္ဘာလုံး ကြည့်ရှုခံစားရင်း ဣဋ္ဌလောကဓံရော အနိဋ္ဌလောကဓ့ကိုယ်ပါ ချစ်သူ/မုန်းသူတွေထဲမှ
ရရှိခံစားခဲ့ရပါတယ်။
အရပ်သားအစိုးရနဲ့
ပလာစတာ ဓမ္မသဘင်ကတော့ အင်မတန် မနံတင့်လျက် ရှိပါကြောင်း။ ။
(ဖွင့်ပေးထားတဲ့
အသံဖိုင်လ်ထဲက အလုပ်ပေးတရားလေးနဲ့ ပူးတွဲတင်ပေးထားပါတယ်။)
No comments:
Post a Comment