Friday, March 10, 2017

"တိုင်း ဘ/က ကြီးကြပ်အဖွဲ့၏ သဘောထားထုတ်ပြန်ချက်"

"တိုင်း ဘ/က ကြီးကြပ်အဖွဲ့၏ သဘောထားထုတ်ပြန်ချက်"

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဧရာဝတီတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ပုသိမ်မြို့"
စာအမှတ်၊ ၄၁/(ဘက)ပညာ/ဧရာ/၂၀၁၇
ရက်စွဲ၊ ၁၃၇၈ခုနှစ်၊ တပေါင်းလဆန်း(၁၂)ရက်၊ ၂၀၁၇ ခုနှစ်၊ မတ်လ(၁၀)ရက်
အကြောင်းအရာ။         ။ တိုင်း ဘ/က ကြီးကြပ်အဖွဲ့၏ သဘောထားထုတ်ပြန်ချက်။
၁။ ၂၄.၁.၂၀၁၇ သန်လျင်၌ ဖွင့်လှစ်သင်ကြားခဲ့သော စီမံခန့်ခွဲမှုသင်တန်းကို ၂၀၁၇/၂၀၁၈ ပညာသင်နှစ်၌ တိုင်းကြီးကြပ်အစီအမံဖြင့် တရားဝင် သင်တန်းဖွင့်လှစ်ပေးသွားမည်။ သင်တန်းရက်အား သီးခြားထုတ်ပြန်ပေး သွားမည်ဖြစ်သည်။
၂။ လက်ရှိဖြစ်ပေါ်နေသော ပြည်သူ့နီတိနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်သောအခါ နိုင်ငံတော်အစိုးရမှ တရားဝင်ပြဋ္ဌာန်းထားသောစာအုပ် မဟုတ်သောကြောင့် (CDNH) အဖွဲ့မှ ထုတ်ဝေထားသော ပြည်သူ့နီတိ စာအုပ်အား သင်ကြားခြင်းမပြုကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
ဘဒ္ဒန္တတိက္ခိန္ဒြိယ
အတွင်းရေးမှူးဆရာတော်
ဧရာဝတီတိုင်းဒေသကြီးဘုန်းတော်ကြီးကျောင်း
ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့
ဘဒ္ဒန္တသြသဓ
ဥက္ကဋ္ဌဆရာတော်
ဧရာဝတီတိုင်းဒေသကြီးဘုန်းတော်ကြီးကျောင်း

ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့

No comments:

Post a Comment