"ယဉ်ကျေးမှုသင်တန်း
နည်းပြ ဆရာတော်လေးများ လိုအပ်နေ"
အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေး-မန်း မ.ဘ.သ အဖွဲ့မှ ဦးစီးဖွင့်လှစ်သင်ကြားပေးလျက်ရှိသော
ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများ၌ နည်းပြဆရာများ လိုအပ်လျက်ရှိပါသည်။
ရင်သွေးငယ်လေးများ၏
နှလုံးသားထဲ၌ ဘုရားတည်ပေးခြင်းဖြင့် ဘုရားစစ် ဘုရားမှန် ကိုးကွယ်ယုံကြည်သူလေးများ တိုးပွားအောင်
သာသနာပြုလိုသော သာသနဓဇဓမ္မာစရိယ ဘွဲ့ရ ရဟန်းပျိုများ စာရင်းပေးသွင်းနိုင်ပါပြီ။
မြန်မာပြည်အနယ်နယ်အရပ်ရပ်၌
၁၅ ရက်မှ အရက် ၂၀ အထိ သင်ကြားပေးရမည်ဖြစ်ပါသည်။
ခရီးစရိတ်နှင့်
သင်တန်းလိုအပ်ချက်မှန်သမျှ နယ်ခံကော်မတီက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ပထမပြန်နှင့်
ဓမ္မာစရိယစာမေးပွဲ အတွင်းဖြစ်နေ၍သာ ကျမ်းပြီးဘွဲ့ရဆရာတော်များကို ပင့်ဖိတ်ခြင်းဖြစ်ပြီး
ကျမ်းမပြီးသေးသော စာသင်သားများလည်း စာမေးပွဲပြီးလျင်ဖြစ်စေ စာမေးပွဲ မဖြေလျင်ဖြစ်စေ
စာရင်းပေးသွင်းနိုင်ပါပြီ။
ဦးသုမန(ရုံးအဖွဲ့မှူး)
မန်း
မ.ဘ.သ
09.776848969

No comments:
Post a Comment