အရေးယူရမှာနော်။
အချို့ပွဲတွေကို အမတ်ဆိုသူတွေက စီစဉ်ပေးနေကြတာနော။
ဥပဒေအထက်မှာ မည်သူမှ မရှိစေရလို့
ပြောခဲ့ကြသူတွေ သတိရအောင်လို့ပါဗျာ။
အဲလိုတွေ
အညှိုးတကြီးဆက်လုပ်နေရင်
ပလာစတာကမ်ပိန်းနဲ့ တွေ့သွားမယ်နော်။
သံဃာတွေ စာမေးပွဲမပြီးသေးလို့ ကြည့်နေတာ။
ကြောက်လို့ မထင်နဲ့။
ဝီရသူ ( မစိုးရိမ် )
14.3.2017
am 02:00
=====================================
ဦးဝီရသူ တရားပွဲ စီစဉ်သူကို အရေးယူမည်
-----------------------------
ပုသိမ်၊ မတ်လ ၁၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို တစ်ဖက်ကမ်း သရက်ကုန်းသီးကွင်း ကျေးရွာအုပ်စုတွင် မတ်လ ၁၁ ရက်နေ့ညက ပါးစပ်ပလာစတာ ပိတ်ထားသည့် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ( ဦးဝီရသူ) ၏ တရားပွဲစီစဉ်သူ ဦးမောင်ဝင်းကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဥပဒေနှင့်အညီ အရေးယူရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။ (R12)
အပြည့်အစုံဖတ်ရန် - https://goo.gl/9lxQiQ

No comments:
Post a Comment