Tuesday, March 28, 2017

ဆရာတော်ဦးဝီရသူကို တရားဟောခွင့်ပိတ်ထားတဲ့အတွက် တရားဆက်ဟောပါက ဖမ်းဆီးထောင်ချနိုင်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက မိန့်ကြားဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော့်အမြင်ကို သုံးသပ်တင်ပြလိုပါတယ်။

ဆရာတော်ဦးဝီရသူကို တရားဟောခွင့်ပိတ်ထားတဲ့အတွက် တရားဆက်ဟောပါက ဖမ်းဆီးထောင်ချနိုင်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက မိန့်ကြားဆိုတဲ့ သတင်းတွေ တက်လာပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော့်အမြင်ကို သုံးသပ်တင်ပြလိုပါတယ်။

၁။ ဆရာတော်ဦးဝီရသူဟာ တရားဟောခွင့် တစ်နှစ်ပိတ်ပင်လိုက်ကြောင်း စာထွက်တဲ့ ၂၀၁၇ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့ ကစပြီး သံဃာ့အာဏာပိုင်အဖွဲ့အစည်းရဲ့ အမိန့်ကို တိတိကျကျ လိုက်နာခဲ့ပါတယ်။
၂။ လိုက်နာမှုကို ပြသတဲ့အနေနဲ့ မတ်လ(၁၀)ရက်နေ့ည ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ သီးကွင်းကျေးရွာ၊ ညတရားပွဲမှာ ပါးစပ်ကို တပ်နီ၊တိပ်နက် ကပ်ပြီး တရားလုံးဝ မဟောဘဲ လိုက်နာကြောင်း ပြသခဲ့ပါတယ်။
၃။ တရားပွဲစွစဉ်ကျင်းပသူများက ပင့်တဲ့အတွက် တရားပွဲကျင်းပရာ ဓမ္မာသနပလ္လင်ပေါ်သို့ ကြွရောက်သီတင်းသုံး အပူဇော်ခံခြင်းများ လုပ်နေသည်ကို အမိန့်အာဏာဖီဆန်တယ်လို့ မှတ်ယူလို့မရပါဘူး။
၎။ တရားဟောခွင့်ပိတ်ပင်တဲ့ အမိန့်စာမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း တရားဟောပြောခွင့် တစ်နှစ်ပိတ်ပင်လိုက်သည်လို့သာ ပါပြီး ကြွရောက်အပူဇော်ခံခြင်းမပြုလုပ်ရ၊ ဦးဝီရသူ၏ တရားခွေများ မဖွင့်ရ၊ ဆွမ်းစားမကြွရ၊ ပင့်ဖိတ်ခြင်း မပြုရ စတဲ့ တားမြစ်မှုတွေမပါဝင်တဲ့ အတွက် အမိန့်အာဏာကို တစ်သွေမတိမ်း လိုက်နာလျက်ရှိကြောင်း ပေါ်လွင်ပါတယ်။
၅။ ဦးဝီရသူရဲ့ တရားပွဲများ လုံးဝမကျင်းပရလို့လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ သမ္မတသော်လည်းကောင်း၊ လွှတ်တော်က ဥပဒေပြဋ္ဌာန်း၍သော်လည်းကောင်း ပိတ်ပင်ထားခြင်းမရှိပါဘူး။
၆။ ဒေသဆိုင်ရာစည်းကမ်းချက်များအရ တရားပွဲကျင်းပသူကို အရေးယူနိုင်ပေမယ့် ကျင်းပသူက အရေးယူခံနိုင်လို့ ဆရာတော်ကို ပင့်တာဖြစ်တဲ့အတွက် ဆရာတော်က သံဃာ့အဖွဲ့အစည်းရဲ့ ပိတ်ပင်ချက်ဖြစ်တဲ့ တရားမဟောရဆိုတဲ့ အမိန့်ကို တိတိကျကျ လိုက်နာတဲ့အနေနဲ့ တရားပွဲတွေမှာ သီလပေးခြင်း၊ သြဝါဒပေးခြင်းတောင် မပြုလုပ်ဘဲ လိုက်နာလျက်ရှိပါတယ်။
၇။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ရဲ့ မိန့်ကြားချက်ကလည်း ရှင်းပါတယ်။ တရားဆက်ဟောရင် ဖမ်းဆီးထောင်ချလို့ရတယ်၊ အာဏာကို ဖီဆန်ရင် အရေးယူလို့ ရတယ်လို့ ဆိုလိုတာဖြစ်တဲ့အတွက် တရားမဟောသရွေ့ အရေးယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
၈။ ဆရာတော်ဦးဝီရသူဟာ စာပေကျမ်းဂန်နှံ့စပ်တဲ့ သကျသီဟ(အဘိဝံသ)ဘွဲ့ရ ဆရာတော်တစ်ပါးဖြစ်ပြီး မစိုးရိမ်စာသင်တိုက်ကြီးရဲ့ နာယကဆရာတော်တစ်ပါးဖြစ်တာကြောင့် ဘုရားဟောတရားတော်တွေနဲ့ ခေတ်စနစ်ကို ပေါင်းစပ်ပြီး အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့ အဓိကလိုအပ်နေတဲ့ အမျိုးသားရေးတရားတော်တွေကို ဟောကြားနေပြီး အမျိုးသားရေးဝါဒီဆရာတော်ဖြစ်လို့ ထောင်လည်းကြောက်မှာမဟုတ်သလို ဒီမိုကရေစီအာဏာရှင်တွေကိုလည်း ကြောက်မှာမဟုတ်ပါဘူး။
၉။ ဆရာတော်ဦးဝီရသူကဲ့သို့ အမျိုးသားရေးတရားဟောကြားနေတဲ့ ဆရာတော်တွေ နောက်ထပ် နောက်ထပ်လည်း အများကြီးရှိနေသေးတာကြောင့် ဘာသာခြား၊ လုမျိုးခြားတွေရဲ့ အလိုနဲ့ အာဏာရှင်တွေရဲ့ အလိုကျ မတရားလုပ်လို့ ဆရာတော်က အရောင်မကျဘဲ အမျိုးသားရေးစိတ်ဓာတ် အရောင်ပိုလက်လာပြီး ကိုးကွယ်ဆည်းကပ်သူများက နဂိုကထက် ကြည်ညိုသဒ္ဓါတိုးလာလျက်ရှိနေပါတယ်။
၁၀။ တိုက်စစ်မှူးကောင်းတွေဟာ ဘယ်တော့မှ လူချလေ့မရှိသလို တိုက်စစ်မှူးကောင်းတိုင်း လူချခံရတာ မဆန်းတဲ့အတွက် ဆရာတော်ကို တရားပွဲပိတ်ပင်တာ မဆန်းပါဘူး။
၁၁။ ဆရာတော်ဦးဝီရသူကို အနီကတ်ပြပေမယ့် ဘေးက ထိုင်ကြည့်ခွင့်နဲ့ မကန်ပါဘူးဆိုတာကို ကွင်းထဲလာပြခွင့်လည်း ရှိပါတယ်။
ဆရာတော်လို တိုက်စစ်မှူးကောင်းတွေလည်း နောက်ထပ် အများကြီးရှိနေသေးတယ်ဆိုတာ ဒီမိုကရေစီအာဏာရှင်တို့ သိမယ်လို့လည်း ထင်ပါတယ်။

ဝင်းကိုကိုလတ်(ဥပဒေ)
၂၈-၃-၂၀၁၇
1:06 P.M.



No comments:

Post a Comment