“ဦးသောဘိတရေ...အမျှ...အမျှ...(၁)”
======================
နိဒါန်း
၂၀၁၂ ခုနှစ်သည်
အမိမြန်မာပြည် သွေးစွန်းသောနှစ် ဖြစ်သည်။ ထိုသွေးသည် ရပ်တန့်၍မနေဘဲ ၂၀၁၃ အထိ ဆက်လက်စီးဆင်းလာသည်။
သီတာထွေးနှင့်
ရခိုင်ပြည်သူများအရေးကြောင့် ၉၆၉ အဖွဲ့ ပေါ်လာသည်။ အမိမြန်မာပြည် အန္တရာယ်အကျရောက်စေခြင်း
ဖြစ်၏။
ဦးသောဘိတအရေးကြောင့်
မဘသ အဖွဲ့ကြီး ပေါ်လာသည်။ အမိမြေ သွေးမစွန်းစေရေးပင် ဖြစ်၏။
သီတာထွေးသည်
ရခိုင်ပြည်၏ ပြယုဂ်၊
ဦးသောဘိတသည်
ဗမာပြည်၏ ပြယုဂ်။
၉၆၉ နှင့်
မဘသ အဖွဲ့ကြီးတို့ မြန်မာပြည်တစ်ဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နှိုးဆော်မှုကြောင့်
တစ်မျိုးသားလုံး နှိုးကြားလာကြ၏။ အမျိုးသားရေးအသိ အမျိုးသားရေးသတိ ကိုယ်စီရှိလာကြ၏။
မီဘေးကလည်း
ကြောက်စဖွယ်၊ မွတ်ဘေးကလည်း ကြောက်စဖွယ်။ သို့သော် မီးဘေးက နေရာအနှံ့အပြား မဟုတ်၊ ရာသီးတိုင်းလည်း
မဟုတ်။ မွတ်ဘေးကား နေရာတိုင်း၊ အချိန်တိုင်း ဖြစ်၏။ မီးဘေးကြောင့် လူမျိုးမသုဉ်းနိုင်၊
မွတ်ဘေးကြောင့် လူမျိုးသုဉ်းနိုင်၏။ မီးဘေးကြောင့် သာသနာမကွယ်နိုင်၊ မွတ်ဘေးကြောင့်
သာသနာကွယ်နိုင်၏။ မီးဘေးကြောင့် နိုင်ငံမပျောက်နိုင်၊ မွတ်ဘေးကြောင့် နိုင်ငံပျောက်နိုင်၏။
မွတ်ဘေးကား
အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု အချုပ်အခြာ အားလုံးအတွက် ကြီးမားသော အန္တရာယ်ဖြစ်၏။
သီတာထွေးကို
ကျေးဇူးတင်သည်။
ဦးသောဘိတကို
ကျေးဇူးတင်သည်။
ဤစာမူသည်
ဦးသောဘိတ အကြမ်းဖက် သတ်ဖြတ်ခရပြီးစကာလများ၌ FB ရေးတင်ခဲ့သော သတင်းဆောင်းပါးများကို
စုစည်းတင်ပြထားသော စာအုပ်လေးဖြစ်ပါသည်။
ဟံဇား မဘသ
နှစ်ပတ်လည်အခမ်းအနားအမီ ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ဦးသောဘိတရေ
... အမျှ ... အမျှ ...
ဦးသောဘိတတစ်ပါး
ကောင်းရာမွန်ရာဘဝမှာ မျိုးဆက်သစ် ရင်သွေးတရနာလေးများကို ဆက်လက်စောင့်ရှောက်လိမ့်မည်ဟု
ယုံကြည်မိပါသည်။
ဝီရသူ (မစိုးရိမ်)
2.3.2017
AM- 7:55
--------------------------------------------------------------------------------------------------
“ဦးသောဘိတရေ...အမျှ...အမျှ...(၁)”
၂၀-၃-၂၀၁၃-ညနေ
ငါးနာရီခန့်မှာ ကျဆုံးခဲ့ရရှာသော ဦးပဉ္စင်းကြီး ဦးသောဘိတသည် သာစည်မြို့နယ်၊ ဟံဇားအုပ်စု၊
ဟံဇားကျေးရွာ၊ မိုးကောင်းကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်သူ ဖြစ်ပါသည်။
သက်တော်(၄၅)နှစ်အရွယ်၊
သိက္ခာ(၂)ဝါ၊ တောထွက် ဦးပဉ္စင်းကြီး ဖြစ်ပါသည်။ ၄င်းသည် သဲတောမြို့အရှေ့ဘက် မိတ္ထီလာခရိုင်၊
ဝမ်းတွင်းမြို့နယ်၊ ညောင်ဦးဖီးအုပ်စု၊ ဒုန်းကုန်းကျေးရွာဇာတိ ဖြစ်ပြီး၊ ဦးမြရင်+ဒေါ်အိတို့၏သား
ဖြစ်ပါသည်။ ငယ်စဉ်က သဲတောမြို့ မြနှင်းဆီစာသင်တိုက်မှာ ပထမငယ်တန်း အောင်မြင်သည်အထိ
ရှင်သာမဏေဘဝဖြင့် ပညာဆည်းပူးကာ လူဝတ်လဲသွားခဲ့ခြင်း ဖြစ်ပါသည်။
လူအမည်မှာ
မောင်တင်ထွန်း ဖြစ်ပါသည်။ ဟံဇားရွာ မိုးကောင်းကျောင်း ဆရာတော်ဦးပဏ္ဍိစ္စသည် ကွယ်လွန်သူ
ဦးသောဘိတနှင့် သဲတောမြို့ မြနှင်းဆီစာသင်တိုက်မှာ စာသင်ဘက် သူငယ်ချင်းဖြစ်ပါသည်။ ဦးသောဘိတသည်
ဇနီး ဒေါ်ခင်မာရီနှင့် သားတစ်ယောက် သမီးတစ်ယောက်
ထွန်းကားခဲ့ပါသည်။ သမီးအကြီးက သူဇာနွယ်၊ သားငယ်က နိုင်လင်းမောင် ဖြစ်ပါသည်။
ဦးသောဘိတသည်
သူငယ်ချင်းဖြစ်သူ ဦးပဏ္ဍိစ္စထံ လာရောက်ရဟန်းခံသည်မှာ (၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊ ၂၀-၃-၂၀၁၃-ရက်နေ့
ညနေ(၄း၃၀)ခန့်တွင် ကလေးသူငယ်လေးများ ယဉ်ကျေးလိမ္မာသင်တန်းအတွက် စာအုပ်လိုအပ်နေ၍ မိတ္ထီလာသို့
စာအုပ်လာဝယ်ခြင်း ဖြစ်ပါသည်။ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကလေးငယ်(၂၀၀)ကျော်ရှိပြီး (၃၈)ဖြာမင်္ဂလာ
စာအုပ်က (၁၃၀)သာရှိသောကြောင့် သင်တန်းဆင်းသည်နှင့် ချက်ချင်း အရေးပေါ်ဈေးတက်ဝယ်ခြင်း
ဖြစ်ပါသည်။
ဆိုင်ကယ်မောင်းသူမှာ
ဦးတင်မောင်ဝင်း(ခ)ကုလား ဖြစ်ပြီး၊ ၄င်း၏(၄)နှစ်အရွယ် သမီးလေးကလည်း ယဉ်ကျေးလိမ္မာသင်တန်း
တက်နေသည့်အပြင် ဦးသောဘိတသွားလေရာ ဦးတင်မောင်ဝင်း(ခ)ကုလား အသက်(၄၀)ကို ခေါ်သွားလေ့ရှိကြောင်း
သိရပါသည်။
ဦးကုလားရော
ဦးသောဘိတပါ မိတ္ထီလာမှာ ဖြစ်ပျက်နေသည်ကို လုံးဝမသိရဘဲ ဝယ်နေကျဖြစ်သော မိတ္ထီလာဈေးအနောက်ဘက်
"ကျော်ဇောလင်း"ဆိုင်မှာ (၃၈)ဖြာ မင်္ဂလာစာအုပ်ဝယ်ဖို့သာ စိတ်ထက်သန်နေသည်ဟု
သိရပါသည်။
ဦးသောဘိတသည်
အနီးအနားသွားလျှင် ဆိုင်ကယ်နောက်ခုံမှာ ဘေးတိုက်ထိုင်စီးလေ့ရှိပြီး၊ မိတ္ထီလာသွားရာတွင်
ခရီးဝေးသောကြောင့် နောက်မှခွထိုင်စီး၍ သွားခဲ့ခြင်းဖြစ်ပါသည်။
ညနေ
ငါးနာရီခန့် တော်ဝင်နန်း စားသောက်ဆိုင် မီးပွိုင့်အတက်တွင် လမ်းမကြီးဘေး ဝဲဘက်ယာဘက်
ပလက်ဖောင်းပေါ်၌ ဓားများ၊ စတီးလ်လုံးများ၊ သံလုံးများ ကိုယ်စီကိုင်ဆောင်ထားသော မူဆလင်လူတန်းရှည်ကြီးကို
တွေ့ရှိလိုက်ရာ ဦးတင်မောင်ဝင်း (ခ) ကုလားက "အခြေအနေ မကောင်းဘူး၊ ပြန်လှည့်ရအောင်"ဟု
ဦးသောဘိတကို ပြောပါသည်။
ဦးသောဘိတက "သူတို့အချင်းချင်း ရန်ဖြစ်တာနေမှာပါ။
ကျုပ်ပါပါတယ်။ ဆက်သာမောင်းပါ"ဟု ပြောဆို၍ ဆက်မောင်းရာ မေတ္တာကားဂိတ်လမ်းမပေါ်တွင်
ဖျက်ဆီးခံထားရသော ဆိုင်ကယ်တစ်စီး ကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ကြရပါသည်။
ထုံးအိုးကြီး
ကွမ်းယာဆိုင်ဒေါင့်အရောက်တွင် ကောက်ဆွ(ခရင်း)ကြီး ကိုင်ထားသော မူဆလင်တစ်ယောက် ဘယ်ဘက်ပလက်ဖောင်းမှ
ဖြတ်ကူးလာသည်ကို ဆိုင်ကယ်မောင်းသူ ဦးတင်မောင်ဝင်း(ခ)ကုလားက ဘက်မှန်ထဲမှ တွေ့မြင်လိုက်ရပါသည်။
ထိုကောက်ဆွကြီးဖြင့်
အားကုန်လွှဲ၍ ရိုက်ချလိုက်ရာ အုံးခနဲ အသံကြီးနှင့်အတူ ဦးသောဘိတခန္ဓာကိုယ်က ဦးတင်မောင်ဝင်းပေါ်သို့
ပိကျသွားပါသည်။ ဦးတင်မောင်ဝင်းရော ဦးသောဘိတကပါ "သာစည်ကပါ၊ ဟံဇားကပါ၊ စာအုပ်လာဝယ်တာပါ။
ဘာမျှ မသိရပါဘူး"ဟု တောင်းတောင်းပန်ပန် မေတ္တာရပ်ခံခဲ့ကြပါသည်။ ထိုအချိန်တွင် ဆိုင်ကယ်ဘီးလှိမ့်ရုံသာ
ဖြည်းဖြည်းလေးမောင်းထားပါသည်။ ရှေ့တည့်တည့် လမ်းမကြီးပေါ်တွင်လည်း ကုလားအုပ်ကြီးက ပိတ်ဆို့ထားပါသည်။
ထိုသို့တောင်းပန်နေချိန်မှာပင်
ဦးသောဘိတ၏ ဘယ်ဘက်နားထင် လေးခွမှန်သွားပါသည်။ ကျောကုန်းကို တဗုန်းဗုန်း ရိုက်သံကြားနေရပါသည်။
ဓားဖြင့်ခေါင်းကို လွှဲခုတ်လိုက်သည်ကို မြင်လိုက်ရပါသည်။ ဦးသောဘိတသည် ဘယ်ဘက်သို့ ခွေခွေလေး
ပြုတ်ကျသွားပါသည်။ ဦးတင်မောင်ဝင်း(ခ) ဦးကုလားက ဆိုင်ကယ်ဒေါက်ထောက်ပြီး ဦးသောဘိတကို
ပွေ့တင်ပါသည်။ အသက်(၁၃/၁၄)နှစ်အရွယ် ကလေးတစ်ယောက်ပြေးလာပြီး ဦးသောဘိတကို ပွေ့ထူပေးပါသည်။
နားရွက်အထက် နောက်စေ့မှ သွေးတွေ ဒလဟော စီးကျနေပြီး တစ်ကိုယ်လုံး ပျော့ခွေနေရာ လုံးဝတင်၍မရတော့ပါ။
ဆိုင်ကယ်ပေါ်သို့
ပွေ့တင်နေစဉ် ဆိုင်ကယ်ကို ဓားနှင့်ခုတ်၊ ခြေနှင့်ဆောင့်ကန်ရာ ရှေ့ဘီးတာယာ ပျက်စီးသွားပြီး၊
လက်ကိုင်နှင့် ရှေ့ပိုင်းလည်း ဓားထိသွားပါသည်။ ဆိုင်ကယ်လည်း လဲကျသွားပါသည်။ ဦးတင်မောင်ဝင်း
လှည့်ကြည့်စဉ် ကောက်ဆွကြီးနှင့် ပထမဦးဆုံး ရိုက်သည့်ကုလားကြီးက ငါးဂါလံဆံ့ အဝါရောင်
ပုံးတစ်ပုံး ထမ်းလာရင်း "မီးရှို့မီးရှို့"-ဟု အော်ပြေးလာသည်ကို တွေ့လိုက်ရပါသည်။
ထိုစဉ်
"ဒကာကြီးလွတ်အောင်ပြေး" ဟု ဦးသောဘိတက အားကုန်အော်ပြောပါသည်။ ဦးသောဘိတကို
ပွေ့ထူဖို့လာသော ဘောင်းဘီတို ဝတ်ထားသော ကလေးလေးကလည်း "ဦးလေးပြေးတော့ ပြေးတော့"ဟု
အော်ပြောပါသည်။
ဦးသောဘိတအား
သဲကြီးမဲကြီး ရိုက်နှက်နေကြချိန်တွင် ဦးတင်မောင်ဝင်းကို လုံးဝ ပစ်မှတ်မထားကြပါ။ အသားကညို၊
မုဆိတ် ပါးပြိုင်းမွှေးတို့ကလည်း ရှိနေ၍ ဦးတင်မောင်ဝင်းကို ကုလားဟု ထင်နေပုံရပါသည်။
ဦးတင်မောင်ဝင်းလည်း ဆိုင်ကယ်မောင်းပြေးရာ ကုလားတွေက ခဲတွေ၊ တုတ်တွေ၊ ဓားတွေနှင့် ပစ်ပေါက်ထုနှက်
ကြပါတော့သည်။
"အဲဒီကောင် ဗမာ။ လိုက်"ဟု ပြောသံတွေကြားရပြီးမှ
ခဲမိုးတွေရွာခြင်း၊ တုတ်ဆွမ်းဓားဆွမ်း လောင်းကြခြင်း ဖြစ်ပါသည်။ ဆိုင်ကယ်သည် ဓားဖြင့်
သုံးချက် အခုတ်ခံလိုက်ရပါသည်။
တံတားထိပ်ရောက်သည့်အခါ
မြန်မာလူအုပ်ကြီးနှင့် တွေ့ပါသည်။ "ကယ်ကြပါဦး၊ ဦးဇင်းတစ်ပါး အသတ်ခံရပြီ။ ယဉ်ကျေးမှု
စာအုပ်လာဝယ်တာပါ" ဟု ပြော၍ အကူအညီတောင်းလိုက်ပါသည်။ လက်နက်မပါသည့် မြန်မာလူအုပ်ကြီး
တုတ်ဓားလက်နက်ကိုင်ဆောင်ထားသော ကုလားလူအုပ်ကြီးဘက် ထွက်ခွါသွားပါသည်။
ဦးသောဘိတရေ...အမျှ...အမျှ...
ပါဘုရား။
Wira
Thu FB - March 25, 2013 at 2:37pm

No comments:
Post a Comment