"မုဒိတာရပ်ဝန်း"
(မန်း
မဟော်သဓာအလှူတော်)
==================
မန္တလေးမြို့တွင်
တည်ဆောက်မည့် မဟော်သဓာ ကိုယ်ပိုင်အထက်တန်း အမျိုးသားရေးကျောင်းတော်ကြီး
ဆောက်လုပ်နိုင်ရန် နမ့်မွန်းရွာ
တိုက်ကုန်းရပ်ကွက်မှ မိခင်ကြီးဒေါ်အေးစိန်အား အမှူးထား၍ သမီးဒေါ်ဝင်းငွေ၊ ဦးဝင်းမြင့်၊
ဦးမင်းထွန်း၊ ဒေါ်ကြည်ဝင်း မောင်နှမများမှ ၁၀၀၀၀၀(တစ်သိန်း)ကျပ်နှင့် ဆရာတော်ဦးဝီရသူအား
နဝကမ္မဝတ္ထုငွေ ၆၀၀၀၀(ခြောက်သောင်း)ကျပ် လှူဒါန်းစဉ်။(23.3.2017)
မန်း မဟော်သဓာအတွက်
ဝါခင်းကုန်း
ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ
သိန်းပေါင်း ၁၃၅၀ ကျပ်၊
ကျောက်မဲမြို့
တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ သိန်း(၁၀၀)ကျပ်။
ထိုင်းနိုင်ငံ
မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊
သီခြားအလှူရှင်များ
လှူဒါန်းငွေ ၈,၈၈၅,၅၀၀
စုစုပေါင်း
- ၁၆၅,၁၈၅,၅၀၀ (တစ်ထောင့် ခြောက်ရာ ငါးဆယ့် တစ်သိန်း ရှစ်သောင်း ငါးထောင့် ငါးရာကျပ်)
ရရှိပြီဖြစ်သည်။
အလှူရှင်
မိသားစုနှင့်အတူ အမျိုး ဘာသာ သာနာရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ
လိုရာဆန္ဒပြည့်ဝကြပါစေ။
(23.3.2017)
No comments:
Post a Comment