"မြန်မာ့သာသနာရဲ့
လက်ရှိအခြေအနေလေးပါ"
မန္တလေးတိုင်း၊
ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ခန်လူးကြီးကျေးရွာ ရွှေဘုန်းသာကျောင်းတိုက်ရဲ့ ဓမ္မသဘင်ဆိုင်းဘုတ်ဖြစ်ပါတယ်။
ဓမ္မကထိကဆရာတော်(၃)ပါးထဲမှာ
နောက်ဆုံးတစ်ပါးဖြစ်တဲ့ ဦးပဉ္စင်းဦးဝီရသူက 22.3.2017 မှာ ဟောကြားရမှာပါ။
ပိတ်ပင်ကာလအတွင်း
ကျရောက်သွားလို့ မူလ ခွင့်ပြုချက်ကျထားသော်လည်း အခုအချိန်မှာတော့ ဗီနိုင်းတောင် ထောင်ခွင့်မရှိတော့ပါဘူး။
ထွေအုပ်နှင့်
သံဃနာယကအဖွဲ့က ဗီနိုင်းချိတ်ခွင့်မပေးတဲ့အတွက် ဦးပဉ္စင်းရဲ့နေရာမှာ ဓားနဲ့လှီးပြီး
ကွက်လပ်ချပ်ထားတဲ့ပုံပါ။
တရားပွဲမကျင်းပလိုက်ရပေမဲ့
ရွာပင့်ပြီး ဓမ္မစကူးလ်ကျောင်းသူ ကျောင်းသားလေးများနှင့် တွေ့ဆုံခဲ့ပါတယ်။
သူတို့လေးတွေအတွက်
လွယ်အိတ်လေးတွေ လှူဒါန်းခဲ့ပါတယ်။
ရည်မှန်းပြီးသား
တရားပွဲ ကုသိုလ်ရှင်နှင့် ရွာသူရွာသားတို့ရဲ့ ဓမ္မပူဇာအလှူငွေတွေကို ဒီကနေ့
23.3.2017 အခမ်းအနားမှာ ကပ်လှူပါတယ်။
ဓမ္မစကူးလ်ကျောင်းသူကျောင်းသားလေးများအတွက်နှင့်
ကလေးအဆိုတော်လေး နှစ်ယောက်အတွက် ပြန်လှူ ခဲ့ပါတယ်။
ကလေးအဆိုတော်
သဒ္ဒါနန်းထိုက်က ခန်လူးကြီးရွာထိ လိုက်ဆိုပေးပါတယ်။
ဓမ္မစကူးလ်ကျောင်းသူ
ကျောင်းသားလေးများ အားရဝမ်းသာ ပျော်ရွှင်နေကြပါတယ်။
ဒီနေ့ပွဲကို
ရွှေဘုံသာကျောင်းတိုက်ဆရာတော် ဦးနန္ဒောနှင့်အဖွဲ့က ဦးဆောင်ကျင်းပပြီး မန္တလေးမှ မျိုးချစ်
အင်အားစု ကူညီစောင့်ရှောက်ပေးကြပါတယ်။


No comments:
Post a Comment