Sunday, March 19, 2017

"လောကအလင်း သားသားမီးမီးလေးတွေနှင့်အတူ"

"လောကအလင်း သားသားမီးမီးလေးတွေနှင့်အတူ"
==========================
တပေါင်းလ္ဆုတ်(၆)ရက် (18.3.2017) မနက် 9:00 နာရီ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ မမ-၁၂ ရပ်ကွက်၊ ၅၃လမ်း×ယုဇနလမ်းထောင့်မှာတည်ရှိတဲ့ လောကအလင်းပညာဒါနစာသင်ကျောင်းကို ရောက်ခဲ့ပါတယ်။
ပထမအကြိမ် ဖွင့်လှစ်ထားတဲ့ ယဉ်ကျေးလိမ္မာသင်တန်းလေးပါ။
တရားဟောခွင့်ပိတ်ပင်ခံထားရလို့ သြဝါဒတောင် မပေးရဲပါဘူး။
စ.မ.က ပုဒ်မနဲ့ အရေးယူချင်သူတွေ အကွက်တွေ့သွားနိုင်လို့ပါ။
အရင်အစိုးရတွေက တရားဥပဒေစိုးမိုးရေးခေါင်းစဉ်မတပ်ဘဲ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးခေါင်းစဉ်နဲ့ ဥပဒေမဲ့ ကိုင်တွယ်ခဲ့ကြသလို၊ အခုအစိုးရဟာ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်အောက်ကနေ ဥပဒေမဲ့ စ.မ.က ပုဒ်မတွေနဲ့ အရေးယူတတ်လို့ပါ။
အရင့်အရင် ယဉ်ကျေးလိမ္မာကလေးတွေကို သြဝါဒပေးခဲ့ရတုန်းက မိမိရင်သွေးနှင့်မခြား စေတနာကရုဏာ အပြည့်နှင့် ဟောကြားခဲ့တာပါ။
ဒီသားသားမီးမီးတွေအတွက် ကိုယ်တိုင်ဦးစီးတဲ့ သင်တန်းကျကာမှ ပိတ်ပင်ခံရတာနှင့် ကြုံနေလို့ သားသားမီးမီးတွေကို ဘုရားဘာကြောင့်ရှိခိုးရတယ်၊ တရားဘာကြောင့်ကျင့်ရတယ်၊ သံဃာဘာကြောင်ပူဇော်ရ တယ်ဆိုတဲ့ အဓိပ္ပါယ်လေးတွေတောင် ဟောပြောပြသခွင့်မရတဲ့ ဒီအစိုးရလက်ထပ်မှာ နေရတာထက် သေရတာကမြတ်တယ်လို့ မယူဆနိုင်ပါဘူး။
အစွန်းရောက်အတွေးအခေါ်ဆိုပြီး တအားသေခိုင်းနေမှာစိုးလို့ပါ။
ဒါကြောင့်.......
ကလေးတွေဆော့ကစားနေတာကိုပဲ ကြည်နူးနှစ်သိမ့်နိုင်ခဲ့ရတာပါ။
ကဗျာလေးတွေဆိုပြ သီချင်းလေးတွေဆိုပြ မင်္ဂလာပါနှုတ်ဆက်ကြ ကျေးဇူးတင်ပါတယ်ဘုန်းဘုန်းဘုရားလို့ ကျေးဇူးစကားတွေဆိုကြနှင့် တကယ်ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေပါဗျာ......။
သူတို့လေးတွေကို မုန့်လေးတွေဝယ်ကျွေးခဲ့ပါတယ်။
ဝီရသူ(မစိုးရိမ်)
19.3.2017
PM 7:35





















No comments:

Post a Comment