"ဝီရသူကို တအားနင်းချစ်သူများ(၂၂)"
ဒီနေ့
1.3.2017 ရက်နေ့မှာ စာတိုက်မှတစ်ဆင့် ရောက်လာတဲ့စာလေးပါ။
ဖတ်လို့အရမ်းကောင်းတယ်
ဆောင်ပုဒ်လေးကိုကြိုက်တယ်......
ရွေးကောက်ပွဲဆောင်ပုဒ်ထက်တောင်
သာသေးတယ်......
သာသနာရောင်ဝါထွန်းလင်းစေဖို့
ဝီရသူကို
ရှင်းလင်းစို့.......။
ဒီစာပိုင်ရှင်က
စာအမြဲပို့နေကြပါ။
သူပို့တဲ့စာတွေက
တရုတ်တွေအကြောင်းပဲ ဖြစ်ပါတယ်။
ဒါပေမဲ့
ဗလာစာရွက်က တရုတ်တံဆိပ်ဖြစ်နေတယ်။
တရုတ်မကောင်းကြောင်း
သတင်းပို့သူက တရုတ်ဗလာစာအုပ်သုံးတယ်ဆိုတော့ ထူးဆန်းနေတာပေါ့။
အခုတော့
သူ့ကိုယ်သူ ဘုန်းကြီးယောင်ဆောင်ထားပြန်တယ်။
အခုတလော
ကျေးဇူးတင်ထိုက်သူ ကျေးဇူးတင်မိတာကိုပဲ မီဒီယာတွေက အမဲဖြတ်ကြ၊ လက်သီးပုန်းသမားတွေက
ခြိမ်းခြောက်ကြ၊ သိခရဏီသားတွေက ဝိုင်းအာကြနဲ့ ကျွန်တော်မျိုးကြီးဝီရသူ ကျန်းမာလျက်ပါခင်ဗျား..........။
သို့
ဝီရသူ
မင်းကဟေ့
ဘွတ်မှာ ဦးကိုနီကိုသတ်တဲ့သူတွေကို ချီးမွမ်းခန်းဖွင့်ရေးကာ ကျေးဇူးတင်စကားပြောတာဟာ
မင်းကပါ လူသတ်မှုမှာပါဝင်ပတ်သက်တဲ့သဘောဘဲကွ-
ဘယ်နှင့်ကွာ
ဘုရားခိုးတဲ့သူခိုး လူသတ်တဲ့မိစ္ဆာကောင်တွေ အစခွန်ရှောက်တဲ့သူကို ကျေးဇူးတင်တော့ မင်းဟာ
သူခိုး ဂျပိုး တေသေ လူသတ်ကောင်နဲ့ ဂိုဏ်းတူသွားတာပေါ့ကွာ-
မင်းက
တကယ်တော့ ဘာသာတခုကို ဘကြောကာကြီးနေတဲ့ ရောဂါဖြစ်နေတာပါကွာ။ ဘာသာတိုင်းက ကောင်းတာလုပ်ဖို့
သွန်သင်သင်ထားတာဘဲကွာ-
ငါတို့ဘုန်းကြီးတွေလဲ
မင်းနဲ့ ဝါကြီးပြီး အလကာ မနေဘူးကွ- လေ့လာနေတာဘဲ အစ္စလာမ်ခရဇ်ယန် ဟိန္ဓူ လူစကားတွေကို
လေ့လာကြည့်တော့ ဘယ်ဘာသာမှ အစွန်းမရောက်ဘဲ ကောင်းတာကိုဘဲ သွန်သင်ထားတာတွေ့ရတယ်။
မင်းရဲ့
ပြောဆိုစကား၊ လုပ်ပုံကိုင်ပုံတွေဟာ ဘုန်းကြီး ဝိနည်းနဲ့ လုံးဝ ကိုက်ညီမှုမရှိဘူးကွ။
ဒါကြောင့်
မင်းလူဝတ်လဲပြီး အေးအေးဆေးဆေး နေရင်ကောင်းမယ်။
ဘာသာ
သာသနာ သိက္ခာကျအောင်ပြောတာ ဆိုတာတွေ လျော့သင့်ပြီ- မင်းလို အဆင့်မရှိတဲ့ တေလေဂျပိုးတွေကြောင့်
ဗုဒ္ဓဘာသာ တန်ဖိုးနည်းလာရတယ်။
ဘုန်းကြီးတို့
သိရသလောက်တော့ မင်းစိတ်မမှန်ဘူးလို့ သိရတယ်။ ဒါကြောင့် မင်းမြန်မြန်လူဝတ်လဲပြီး ငါတို့(အဝိုင်း)ကနေထွက်ပါတော့ကွာ။
မင်းလိုကောင်ကို
မမြင်ချင်ဘးကွာ နောက်ထပ်လည်း အထင်ကြီးအောင် လျှောက်လုပ်မနေပါနဲ့ကွာ။
ဗုဒ္ဓသာသနာ
သန့်ရှင်းကို သူ့ဆရာတော်ကြီးများ
သာသနာရောင်ဝါ
ထွန်းလင်းစေဖို့
ဝီရသူကို
ရှင်းလင်းစို့။




No comments:
Post a Comment