Tuesday, February 14, 2017

"သန်လျင် သီတဂူကောလိပ် ညီတော်များနှင့်အတူ"

"သန်လျင် သီတဂူကောလိပ် ညီတော်များနှင့်အတူ"
===========================

တပို့တွဲလဆန်း(၁၂)ရက်၊ (8.2.2017) မွန်းလွဲ ၃း၀၀ နာရီ၊ ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ သီတဂူကောလိပ်သို့ ရောက်ခဲ့ပါတယ်။

ကျောင်းထိုင်ဆရာတော်လေးက ဒေါက်တာအရှင်သီဟဉာဏ ပါ။ မဘသ(ဗဟို)အစည်းအဝေးမှာ ဆုံကြတိုင်း သန်လျင်ကြွပြီး သြဝါဒပေးဖို့ လျှောက်ထားတတ်ပါတယ်။
အရင်အပတ်ကလည်း ချိန်းထားပြီးမှ မြနန်းဆရာတော်ရဲ့ မယ်တော်ပျံဈာပနသွားလိုက်ရလို့ ပျက်သွားတာပါ။
အခုတော့ ညီတော်မောင် ဒေါက်တာကြီးထံ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလို့လာပါပြီ။

ဒီပလိုမာတန်း သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသူကြီးများအား သာသနာရေး စံ ငါးပါး ဟောကြားခဲ့ပါတယ်။
ကောလိပ်ကျောင်းသား ညီတော်လေးများ မေးတာတွေကိုလည်း ပြန်ဖြေခဲ့ပါတယ်။
အမျိုး ဘာသာ သာသနာအကြောင်း မေးကြတာပါ။

"သြဝါဒ"
(၁) သိဒ္ဓတ္ထလို ရည်မှန်းချက်မျိုး ထားရမယ်။
(၂) ဇနကလို ယုံကြည်ချက်မျိုး ရှိရမယ်။
(၃) ရှင်ပုဏ္ဏလို ခံယူချက်မျိုး မွေးရမယ်။
(၄) ခန္တီရသေ့လို ရပ်တည်ချက်မျိုး မြဲရမယ်။

(၅) မြတ်ဗုဒ္ဓလို လုပ်ဆောင်ချက်မျိုး ဖြစ်ရမယ်။
















No comments:

Post a Comment