Thursday, February 23, 2017

ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းအတွက် ဆုတောင်းပွဲ

ထိုင်းနိုင်ငံရှိ ဓမ္မကာယကျောင်းတိုက်မှ သံဃာတော်များကို ထိုင်းရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူ ဦးဆောင်သော ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က မန္တလေး မဟာမုနိဘုရားရုပ်ပွားတော်ရှေ့တွင် မေတ္တာပို့ ဆုတောင်းခဲ့ကြသည်။ ဦးဝီရသူ ဦးဆောင်သော အဖွဲ့သည် မဟာမုနိဘုရားရုပ်ပွားတော်ရှေ့၊ ဘုရားပုရဝုဏ် အပြင်ဘက်မှနေ၍ မဟာမုနိဘုရားတစ်ပတ် လမ်းလျှောက်၍ ဆုတောင်းမေတ္တာ ပို့သခဲ့သည်။


ဓာတ်ပုံ - မောင်ရဲနွေ












No comments:

Post a Comment