ပေါ့နေလျှင်
ကော့ခံဖို့သာပြင်
===============
Credit=
Aung Htut Thet
သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့
Founder & Executive Director Dr. နိုင်ဆွေဦး၏ ယနေ့ထုတ် Tomorrow News
Journal, Vol. 3, No. 48 ပါ အမျိုးသားလုံခြုံရေးဆိုင်ရာ ဆောင်းပါး
(ဆောင်းပါး
အပြည့်အစုံ)
#အကြမ်းဖက်သမားဟောင်းတစ်ဦး၏
ဖွင့်ဟဝန်ခံချက် (သို့မဟုတ်) ခြိမ်းခြောက်ခံနေရသော မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး
ရေးသားသူ
- ဒေါက်တာနိုင်ဆွေဦး
#ခရီးအစ
သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့
တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးသည် Senior Leadership
Program အရ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခွင့်ရခဲ့ပါသည်။ မဟာဗျူဟာ
လေ့လာရေးဆိုင်ရာ သုတေသန အဖွဲ့အစည်းတစ်ခုအနေဖြင့် လိုက်ပါခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။
ခရီးစဉ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖြစ်ပြီး ရည်ရွယ်ချက်မှာ အင်ဒိုနီးရှားနိုင်ငံ၏
ပြုပြင်ပြောင်းလဲမှုများနှင့် မာလူကူပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ ဖြေရှင်းခြင်းတို့ကို
လေ့လာရန် ဖြစ်ပါသည်။
ခရီးစဉ်အတွင်း
သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အစိုးရအရာရှိကြီးများ၊ အငြိမ်းစား တပ်မတော် အရာရှိကြီးများ၊
အငြိမ်းစား ရဲအရာရှိကြီးများ၊ တက္ကသိုလ်များမှ ပညာရှင်များက လာရောက် ဆွေးနွေးခဲ့ကြပါသည်။
ထိုကဲ့သို့ လာရောက် ဆွေးနွေးသူများထဲတွင် တစ်ဦးအကြောင်းကိုတော့ ပိုမိုစိတ်ဝင်စားမိခဲ့သည်။
ထိုသူက နာဆီယာ အဘတ်စ် …….
#နာဆီယာ အဘတ်စ်
(Nasir Abbas) ဆိုသည်မှာ …..
အရပ်ပုပုပြတ်ပြတ်နှင့်
တက္ကသိုလ်ပါမောက္ခပုံစံပေါက်နေသော အဘတ်စ်ကို မည်သူကမျှ အကြမ်းဖက်သမားဟောင်းတစ်ဦးဖြစ်သည်ဟု
ထင်လိမ့်မည်မဟုတ်။
မလေးရှားနိုင်ငံသား
အဘတ်စ်သည် အရှေ့တောင်အာရှဒေသ၏ အလိုအရှိဆုံး အကြမ်းဖက်သမားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သူဖြစ်သည်။
သူက အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့အစည်း၏ အရှေ့တောင်အာရှမိတ်ဖက်၊ Jemaah Islamiyah
(JI) အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးပင် ဖြစ်သည်။ (JI သည် Islamic State of Indonesia တည်ထောင်ရန်အတွက်
၁၉၄၉ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။ ၎င်းတို့၏ အဖွဲ့ဝင်များအား
အင်ဒိုနီးရှားတပ်မတော်ကို တိုက်ခိုက်ရန်အတွက် အာဖဂန်နစ္စတန်သို့ စေလွှတ်ကာ စစ်ပညာ သင်ယူစေခဲ့ရာ
နာဆီယာ အဘတ်စ်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။)
အမည်ပေါင်း
(၁၄) မျိုးကို အသုံးပြုခဲ့သော နာဆီယာ အဘတ်စ်သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုပြည်နယ်
တောတွင်းတွင် ဂျီဟတ်ဒ် အကြမ်းဖက်လေ့ကျင့်ရေးစခန်း ဖြစ်သော Hudaybiyah Training
Camp ကိုတည်ထောင်ခဲ့ပြီး အကြမ်းဖက်သမားကို လေ့ကျင့်ပေးခဲ့သူလည်း ဖြစ်သည်။ ထို့အပြင်
၂၀၀၂ခုနှစ် ဘာလီကျွန်း ဗုံးခွဲမှုတွင် ပါဝင်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများကို အာဖဂန်နစ္စတန်နိုင်ငံတွင်
လေ့ကျင့်ပေးခဲ့သူ ဖြစ်သည်။ နောင်တွင် JI အဖွဲ့၏ စစ်ဘက်လေ့ကျင့်ရေးဌာန ဖြစ်သော
Mantiqi III တွင် ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူလေ့ကျင့်ပေးခဲ့သော အကြမ်းဖက်သမားများသည်
အရှေ့တောင်အာရှတွင်သာမကဘဲ ကမ္ဘာတဝှမ်းတွင်ပါ လှုပ်ရှားခဲ့သူများ ဖြစ်လာခဲ့သည်။
နာဆီယာအဘတ်စ်သည်
၁၉၈၇မှ ၁၉၉၀ အတွင်း အာဖဂန်နစ္စတန် မူဂျာဟစ်ဒင် စစ်တက္ကသိုလ် (Military Academy of
Afghanistan Mujahedeen) ကို တက်ရောက်အောင်မြင်ခဲ့ပြီး ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။
ထိုရာထူးမှလည်း ဆက်မတက်တော့ဟု သူကဆိုပါသည်။ ကျောင်းဆင်းပြီးနောက် မလေးရှားနိုင်ငံသို့
ပြန်လာခဲ့ပါသည်။
#မြန်မာနိုင်ငံနှင့်
မည်သို့ ပတ်သက်နေပါသနည်း ….
သူကျောင်းဆင်းပြီးနောက်
အရှေ့တောင်အာရှဒေသတွင်း JI အဖွဲ့၏ လှုပ်ရှားမှုများ ပြုလုပ်ရန်အတွက် နေရာရွေးချယ်ရန်
တာဝန်ပေးခြင်း ခံခဲ့ရပါသည်။ အထူးသဖြင့် အကြမ်းဖက်သမားများကို လေ့ကျင့်ပေးရန်အတွက် စခန်းနေရာ
ရွေးချယ်ရန် ဖြစ်သည်။
ထို့ကြောင့်
မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားများကို လေ့ကျင့်ပေးရန်အတွက် စခန်းတည်ဆောက်ရန် ဖြစ်နိုင်ချေရှိမရှိနှင့်
မြန်မာနိုင်ငံတွင် မည်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ကို သိရှိလေ့လာနိုင်ရန် ၁၉၉၄
ခုနှစ်အစောပိုင်းတွင် စေလွှတ်ခြင်းခံခဲ့ရသည်။
သူနှင့် အတူလိုက်ပါလာသူက
အရှေ့တောင်အာရှ၏ အိုစမာဘင်လာဒင်အဖြစ် လူသိများသူ Riduan Isamuddin…
#Isamuddin
ကို Hambali ဟုလည်း ခေါ်ကြသည်။ သူ၏ ရည်ရွယ်ချက်မှာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့်
ဘရူနိုင်းနိုင်ငံများကို ဖိလစ်ပိုင်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ နယ်မြေအစိတ်အပိုင်းအချို့နှင့်
ပေါင်းစည်းကာ အစ္စလာမ်မစ်နိုင်ငံ တည်ထောင်ရန် ဖြစ်သည်။
သို့သော်
၂၀၀၃နှစ် CIA နှင့် ထိုင်းရဲတပ်ဖွဲ့တို့၏ ပူးပေါင်းစစ်ဆင်ရေးတစ်ခုတွင် ဖမ်းဆီးခံရကာ
ယခုအခါ ဂွာတာနာမိုအကျဉ်းစခန်းတွင် အကျဉ်းကျခံနေရပြီ ဖြစ်သည်။
#သူတို့ဘယ်လမ်းကြောင်းက
ဝင်ခဲ့ကြပါသလဲ …
မလေးရှားနိုင်ငံမှ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြပါသည်။ ကောက်ဘဇား (Cox’s
Bazar) အထိ ကားဖြင့်သွားရောက်ပြီး ထိုမှတဆင့် မြစ်ကို လှေဖြင့် ဖြတ်ကာ ရခိုင်ပြည်နယ်ထဲသို့
ဝင်ရောက်လာခဲ့ကြသည်။ မြန်မာလူမျိုးများကဲ့သို့ ပုဆိုးများဝတ်ပြီး ဝင်ခဲ့သည်ဟု ဆိုပါသည်။
ရခိုင်ပြည်နယ်တွင်း
အရောက်တွင် Rohingya Solidarity Organization (RSO) ကုလားဆိုးအဖွဲ့ စခန်းတစ်ခုသို့
သူရောက်ရှိသွားခဲ့သည်။ စခန်းဟုဆိုသော်လည်း ရွာတစ်ခုပုံစံမျှသာ ဖြစ်ပြီး စစ်စခန်းတစ်ခုနှင့်
တူညီသောပုံစံမရှိဟု သိရပါသည်။ RSO များမှာ အင်အားနည်းပါးကြောင်း သူလေ့လာမိသည်။ ထို့အပြင်
တကိုယ်လုံးကို အဖြူရောင်ဝတ်ဆင်ကာ သေနတ်များလွယ်ကာ လှုပ်ရှားသွားလာနေသည်ကို မြင်ရသည့်
သူ့အတွက်တော့ အထူးပင် အံ့သြမိကြောင်း ပြောပါသည်။ တကယ်တမ်းဆိုလျှင် ပါကစ္စတန်ကဲ့သို့သောနိုင်ငံမျိုးတွင်
ဝတ်စုံအဖြူဝတ်ဆင်ထားပါက ဘာသာတရားကို လွန်စွာကိုင်းရှိုင်းသူများ ဖြစ်ကြောင်း၊ သေနတ်လွယ်ထားသော
ဝတ်စုံဖြူဝတ် RSO များကို မြင်တွေ့ရချိန်တွင် သူအံ့သြမိကြောင်း အဘတ်စ်က ဆိုပါသည်။ မည်သည့်အတွက်ကြောင့်
လက်နက်ကိုင်ရသနည်းဟု သူက မေးမြန်းရာ အစိုးရတပ်ကို တိုက်ခိုက်ရန် ဖြစ်သည်ဟု RSO တို့က
ဖြေကြသည်။ သူ့အနေဖြင့် RSO တို့အား အစိုးရတပ်အား ပြန်လည်တိုက်ခိုက်ခြင်း မပြုရန်နှင့်
တိုက်ခိုက်မည်ဆိုပါက မြေပြင် အနေအထားအရ ဖြစ်နိုင်မည် မဟုတ်ဘဲ ချေမှုန်းခံရမည် ဖြစ်ကြောင်း
အကြံပြုခဲ့သည်ဟု ပြောပါသည်။
JI အဖွဲ့၏
အကြမ်းဖက်လေ့ကျင့်ရေးကျောင်း တည်ထောင်နိုင်ရန်အတွက် သူရောက်ရှိနေသော ရခိုင်ဒေသကို လေ့လာကြည့်ရာတွင်
ဖြစ်နိုင်ဖွယ်မရှိသည်ကိုလည်း တွေ့ရှိခဲ့ပါသည်။
လေ့ကျင့်ရေးကျောင်း
ပုံစံ (၃)မျိုးရှိကြောင်း၊ ၎င်းတို့မှာ
(က) လှုပ်ရှားလေ့ကျင့်ရေးစခန်း
(Mobile Training Camp)
(ခ) တစ်ဝက်တစ်ပျက်လှုပ်ရှား
လေ့ကျင့်ရေးစခန်း (Semi Mobile Training Camp) နှင့်
(ဂ) အမြဲတမ်း
လေ့ကျင့်ရေးစခန်း (Permanent Training Camp) တို့ ဖြစ်ကြောင်း သူက ဆိုပါသည်။
JI အဖွဲ့အနေဖြင့်
မြန်မာနိုင်ငံတွင် အမြဲတမ်း လေ့ကျင့်ရေးစခန်း တစ်ခုတည်ထောင်ရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော်
ရခိုင်ဒေသ၏ မြေမျက်နှာသွင်ပြင်အရ အမြဲတမ်း လေ့ကျင့်ရေးစခန်း တည်ထောင်ရန် မဖြစ်နိုင်ကြောင်းလည်း
တွေ့ရှိခဲ့ရပါသည်။ တည်ထောင်မည်ဆိုပါက နိုင်ငံခြားမှ လာရောက်မည့် သင်တန်းဆရာများနှင့်
သင်တန်းသားများ၏ လုံခြုံရေးကို အာမခံချက် ပေးနိုင်ခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် အကြမ်းဖက်လေ့ကျင့်ရေးကျောင်းကို မြန်မာနိုင်ငံတွင် တည်ထောင်ရန် အစီအစဉ်ပျက်ပြယ်ခဲ့ပြီး
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာဟိုပြည်နယ် တောနက်ထဲတွင် တည်ထောင်ခဲ့ပါသည်။ ၁၉၉၄
ခုနှစ်တွင် တည်ထောင်သော ထိုသင်တန်းကျောင်းကို Hudaybiyah Training Camp ဟု ခေါ်တွင်ပြီး
သူ့အနေဖြင့် တည်ထောင်သူနှင့် ကျောင်းအုပ်အဖြစ်တာဝန် ၁၉၉၇ ခုနှစ် အထိ တာဝန်ယူခဲ့ပါသည်။
၂၀၀၁ ခုနှစ်တွင် JI အဖွဲ့၏ စစ်ဘက်လေ့ကျင့်ရေးဌာန ဖြစ်သော Mantiqi III တွင် ခေါင်းဆောင်
ဖြစ်လာခဲ့သည်။ ထိုဌာနအား ၂၀၀၃ ခုနှစ် သူဖမ်းဆီးခံရချိန်အထိ ကိုင်တွယ်ခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင်
အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ
ဗိုလ်ချုပ်ကြီး Ansyaad Mbai က အဘတ်စ်သည် JI အဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့်
အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားက
အဘတ်စ်ထံမှ ပတ်စပို့အတုများ ဖမ်းဆီးရမိခဲ့သောကြောင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်
ထောင်ဒဏ် (၁၁) လ ကျခံစေခဲ့သည်။
ဘာလီဗုံးခွဲမှုဖြင့်
ပတ်သက်ပြီး အရေးယူခြင်းမခံရဘူးလားဟု မေးမြန်းရာတွင် တိုက်ရိုက်ပတ်သက်ခဲ့ခြင်း မရှိသောကြောင့်ဟု
သူကဆိုပါသည်။
သူသည် တိုက်ခိုက်ရေးနည်းလမ်းများ၊
လက်နက်ငယ်များနှင့် ဖောက်ခွဲရေး အခြေခံနည်းလမ်းများကို သင်ကြားပေးသူဖြစ်သည်။ တိုက်ပွဲများတိုက်ခိုက်ရန်၊
စစ်ပွဲများဆင်နွှဲရန် လေ့ကျင့်ပေးခြင်း ဖြစ်သည်။ ခုခံကာကွယ်ရေးအတွက် လူသတ်ခြင်းဖြစ်သည်။
မိမိတို့ အခွင့်အရေးအတွက် တိုက်ခိုက်ကြခြင်းဖြစ်သည်။ JI အဖွဲ့အနေဖြင့် အရပ်သားများကို
သတ်ဖြတ်ခြင်းမရှိဟု သူက အခိုင်အမာဆိုသည်။
သို့သော်
၂၀၀၂ ခုနှစ် ဘာလီကျွန်း ဗုံးခွဲမှုဖြစ်စဉ်တွင် အရပ်သားများ သေဆုံးခဲ့ခြင်းနှင့်အတူ
JI ၏ ရပ်တည်ချက်လည်း ပြောင်းလဲသွားခဲ့ရသည်။ ဤသည်ကို သူ့အနေဖြင့် နှစ်သက်ခဲ့ခြင်း မရှိခဲ့ပါ။
ထို့ကြောင့် အကျဉ်းထောင်မှ လွတ်မြောက်လာချိန်တွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့အား အကြမ်းဖက်မှုနှိမ်နင်းရေးတွက်
ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ University of Indonesia (Universitas
Indonesia) တွင် သုတေသန အတိုင်ပင်ခံအဖြစ် အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို
အကြံပေးလျက်ရှိပါသည်။ သူ့အနေဖြင့် ယခုအခါ စာအုပ် (၆) အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ရာ
နောက်ဆုံးစာအုပ်မှာ ၂၀၁၂ ခုနှစ်က ထုတ်ဝေသော Inside Jemaah Islamiyah ဖြစ်ပါသည်။ သူ၏
ကိုယ်ရေးအထုပ္ပတ္တိအားလည်း ရေးသားလျက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အကြောင်းအရာများကို
ထည့်သွင်းရေးသားထားကြောင်း ပြောပါသည်။
#မြန်မာနိုင်ငံ၏
အမျိုးသားလုံခြုံရေးနှင့် အကြမ်းဖက်မှုအန္တရာယ်
မြန်မာနိုင်ငံ၏
အမျိုးသားလုံခြုံရေးကို ကြည့်မည်ဆိုလျှင် ပထဝီနိုင်ငံရေးကိုလည်း မေ့ပစ်၍ ရမည်မဟုတ်ပါ။
မြန်မာနိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုကြားတွင် တည်ရှိနေပြီး တောင်အာရှနှင့်
အရှေ့တောင်အာရှကို ဆက်စပ်ပေးသော တံခါးပေါက်လည်း ဖြစ်ပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်သည်
နိုင်ငံအတွက် မဟာဗျူဟာအချက်အခြာဒေသတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။
အကယ်၍သာ နာဆီယာ
အဘတ်စ်အနေဖြင့် ၁၉၉၄ ခုနှစ်က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်လေ့ကျင့်ရေးစခန်း ဖွင့်လှစ်ဖြစ်ခဲ့မည်ဆိုပါက
အခြေအနေများသည် ယခုထက် ပိုမိုဆိုးရွားမည်ဆိုသည်မှာ ယုံမှားဖွယ်မရှိပါ။
ပြီးခဲ့သည့်နှစ်က
ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်
(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးများ တိုက်ခိုက်ခံရမှုသည်
စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်းတွေ့ရသည်။ ဖမ်းဆီးရမိသူများကို
စစ်ဆေးချက်များအရ အဆိုပါ အကြမ်းဖက်မှုများသည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းဝင်များ၏
ပံ့ပိုးကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ကြောင်း
တွေ့ရှိရပါသည်။ အဆိုပါ ဖြစ်စဉ်သည် RSO အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်နွယ်နေသော မောင်တောဒေသတွင်
လှုပ်ရှားသည့် Aqu Mul Mujahiden (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း
သိရှိရပါသည်။
Aqa Mul
Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့သည် ကမ္ဘာအနှံ့ရှိ အကြမ်းဖက် တိုက်ခိုက်မှုများတွင်
ဆောင်ရွက်လေ့ရှိသည့် နည်းဗျူဟာများအတိုင်း ပြည်ပငွေကြေး ထောက်ပံ့မှု (အရှေ့အလယ်ပိုင်းရှိ
မောင်တောဒေသအမျိုးအနွယ်များ)၊ အကြမ်းဖက်တိုက်ခိုက်မှုစစ်သင်တန်း (ပါကစ္စတန် - တာလီဘန်၊
ဘင်္ဂလားဒေ့ရှ် - RSO) စသည်တို့ဖြင့် စတင်၍ ပဋိပက္ခဖြစ်ပွားခဲ့သော မောင်တောဒေသအတွင်းရှိ
အစွန်းရောက်လူငယ်များကို ဘာသာရေးအရ စည်းရုံးဆောင်ရွက်သော နည်းဗျူဟာကို ကျင့်သုံးဖော်ဆောင်ခဲ့ခြင်း
ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ရယူပြီးနောက်
ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုများ မြင့်တက်လာစေရန်၊ ပြည်တွင်း ပြည်ပမှ ဘာသာရေးအစွန်းရောက်များ
ပူးပေါင်းပါဝင်လာစေရန်အတွက် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏
နည်းနာအတိုင်း အင်တာနက်နှင့် လူမှုကွန်ရက်များတွင် ဗီဒီယိုဖိုင်များလွှင့်တင်ကာ ဝါဒဖြန့်ချိလျက်ရှိသည်ကို
လေ့လာသိရှိရပါသည်။
အထက်ပါ ဖြစ်စဉ်များကို
လေ့လာသုံးသပ်ကြည့်မည် ဆိုပါက ရခိုင်ပြည်နယ်သည် ခေတ်အဆက်ဆက်က အကြမ်းဖက်သမားတို့ မျက်စိကျရာဒေသ
ဖြစ်ပါသည်။ ယခုအခါ အရှေ့အလယ်ပိုင်းဒေသ အထူးသဖြင့် ဆီးရီးယားတွင် စစ်အရှိန်လျော့ကျလာမှုနှင့်အတူ
ထိုဒေသသို့ သွားရောက်တိုက်ခိုက်နေကြသော အကြမ်းဖက်သမားများသည် အရှေ့တောင်အာရှ ဒေသကို
ပြန်လည် ဝင်ရောက်လာနေကြောင်း လေ့လာသိရှိရသည်။
ထိုကဲ့သို့
ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်သည် အကြမ်းဖက်မှု၏ ဒုတိယစစ်မျက်နှာ
ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈) အခန်း(၅) ပုဒ်မ(၂၀၁) အရ နိုင်ငံတော်သမ္မတ ဦးဆောင်မှုဖြင့် အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီကို ဖွဲ့စည်းထားရှိကြောင်း လေ့လာသိရှိရသည်။ ပုဒ်မ (၂၁၃) ပုဒ်မခွဲ(က)
တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းလျက် စစ်ရေးအရ
လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားပါသည်။ ရခိုင်ဒေသဖြစ်စဉ်သည် ပြည်ပအကြမ်းဖက်
အဖွဲ့အစည်းများ ပါဝင်နေသည်ဟု သုံးသပ်နိုင်သဖြင့် သမားရိုးကျမဟုတ်သော ကျူးကျော်မှု ဖြစ်သည်ဟု
ယူဆနိုင်ပါသည်။ ထို့အပြင် ဇန်နဝါရီလ ၂၀ ရက်နေ့က Janes.com တွင် ဖော်ပြပါရှိသော ဆောင်းပါးရှင်
Anthony Davis ၏ JTIC Brief: Rohingya militancy in Myanmar's Rakhine likely to
escalate in 2017 ဆောင်းပါးတွင် ၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂါလီအကြမ်းဖက်မှုများ မြင့်တက်လာနိုင်ကြောင်းကိုလည်း
သုံးသပ်ထားပါသည်။
ထို့ကြောင့်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် ပိုမိုအရေးကြီးလာပြီ ဖြစ်ပါသည်။
သို့သော် ယခုအစိုးရ သက်တမ်းအတွင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးများကို
တစ်ကြိမ်တစ်ခါမျှ ကျင်းပခြင်း မရှိကြောင်း လေ့လာသိရှိရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ (၃၃၉) တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က
ဦးဆောင်ရမည်ဟု ပြဌာန်းထားရှိပါည်။ နိုင်ငံတော်သမ္မတအနေဖြင့် ယခုဖြစ်ပေါ်နေသော စစ်ရေးနှင့်
နိုင်ငံရေးအခြေအနေများအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းကာ
ပိုမိုထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်သွားသင့်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း
သုံးသပ်တွေ့ရှိရပါသည်။
#ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့
(သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့
(Thayninga Institute for Strategic Studies)သည် အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးနှင့်
ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာနေသော သုတေသနအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။)
#ကိုးကား
(၁) နိုင်ငံတော်သမ္မတရုံး၏
သတင်းထုတ်ပြန်ချက်အမှတ် (၁/ ၂၀၁၆)
(၂) မြန်မာကိုယ်စားလှယ်အဖွဲ့၏
အင်ဒိုနီးရှား ခရီးစဉ်အတွင်း မစ္စတာနာဆီယာ အဘတ်စ်၏ ဆွေးနွေးချက်များ။
(၃) JTIC
Brief: Rohingya militancy in Myanmar's Rakhine likely to escalate in 2017 by
Anthony Davis - IHS Jane's Terrorism & Insurgency Monitor (20th January
2017)
(၄) The
jihadi who turned 'supergrass' by Peter Taylor (13th September 2006)



No comments:
Post a Comment