"နန်းကျဘုရင်ရဲ့
ဝေဒနာ"
===============
14.2.2017
ရက်နေ့၊ ညနေပိုင်းမှာ ကလေးလေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။
ကလေး မဘသ
ညီတော်နောင်တော်များ၊ ဝိုင်းတော်သူဝိုင်းတော်သားများ လိုက်ပို့ကြပါတယ်။
နားနေဆောင်ရောက်တော့
မထင်မှတ်ဘဲ ဦးခင်ညွန့်နဲ့ တွေ့ပါတယ်။
ဒကာကြီးရေ...
မဟုတ် မဟုတ်တွေနဲ့ လုပ်ဇာတ်ခင်း ရေးကြဦးမယ်ထင်တယ်။
ရေးကြမှာပဲဘုရား၊
ရေးကြပါစေဘုရား။ အရူးတွေနဲ့ တုဖြစ်နေရင် ကိုယ်ပါအရူးဖြစ်သွားနိုင်တယ်ဘုရား ဟု ပရိတ်သတ်ရှေ့မှာပဲ
လျှောက်ထားရှာပါတယ်။
၂၀၁၃ ခုနှစ်က
ရန်ကုန် တွံတေးဆရာတော် အရှင်ဣန္ဒက မွေးနေ့မှာ တစ်ခါတွေ့ဖူးပါတယ်။ မွေးနေ့ပွဲလာ ပရိသတ်တွေရှေ့မှာပဲ
စကားပြောကြပါတယ်။ ကင်မရာတွေချိန်နေတဲ့ကြားထဲမှာပဲ ပွင့်ပွင့်လင်းလင်း ပြောကြတာပါ။
စာရေးသူက
ဘုရားသားတော်အဖြစ် ခံယူထားတာမို့ နန်းကျဘုရင်တစ်ပါးကို ကရုဏာအပြည့်နှင့် အားပေးမိတာပါ။
ဒါကိုပဲ ခုထိ စွပ်စွဲလို့ကောင်းကြတုန်းပါ။
အခုတစ်ခါ
ထပ်တွေ့ပါပြီ။ သူတစ်ပါးအစွပ်စွဲခံရမှာကြောက်လို့ ရှောင်လွဲနေရမယ်ဆိုတာမျိုးက မပြတ်သားရာ၊
မမှန်ကန်ရာ၊ သိက္ခာမဲ့ရာ ရောက်နေပါတယ်။
ဒါကြောင့်
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး လှိုက်လှိုက်လှဲလှဲပဲ အားပါးတရ မိတ်ဆက်ကြ၊ ပြောဆိုကြ ပြုလုပ်ကြပါတယ်။
လက်ဆောင်ပေးစရာ
စာအုပ်ပါမလာလို့ ကလေးမြို့ နေသာပညာဒါနဆရာတော် နောင်တော်ကြီး ဦးဓမ္မိကအား စာရေးသူကပ်လှူထားတဲ့
စာအုပ်ကို နောင်တော်ကြီးက ဦးခင်ညွန်အား လက်မှတ်ထိုး ပြန်ပေးတာ တွေ့ရပါတယ်။ အားလုံး
သာဓုခေါ်ကြပါတယ်။
စာရေးသူကို
ဖမ်းဆီးသင်္ကန်းချွတ်တာ ဦးခင်ညွန့်အဖွဲ့ပါ။
စာရေးသူ မန္တလေးထောင်မှ
မြစ်ကြီးနားထောင် ပြောင်းရတာ ဦးခင်ညွန့်တပည့်တွေကြောင့်ပါ။
ဦးခင်ညွန့်က
မဟာမြိုင်တောကြီးထဲမှာ ဘုရားတည်နေတယ်လို့ ဆိုပါတယ်။ ကလေးလာတာ ရှစ်ခေါက်ရှိပြီလို့ ဆိုပါတယ်။
အနီတွေရဲ့
ဒီမိုကရေစီမှာ မဘသနဲ့ ဦးခင်ညွန့် တွေ့ဆုံခွင့်မရှိဘူးဆိုရင်လည်း ကြိုတင်ပြောထားပါနော်...။
ဝီရသူ (မစိုးရိမ်)
16.2.2017
PM-12:05






No comments:
Post a Comment