တရုတ်တွေ
ဇောင်းထလာပဟေ့
****************************
ပြင်ဦးလွင်တွင်
တရုတ်လူမျိုးတစ်ဦးကို မုဒိမ်းမှုဖြင့် ဖမ်းဆီး
မန္တလေး၊ ဖေဖော်ဝါရီ
၁၃
ပြင်ဦးလွင်မြို့နယ်
သုံးထောင်ကျေးရွာရှိ BURSTT မှန်ဘီလူးစက်ရုံ ပလတ်စတစ်ဌာန တာဝန်ခံ တရုတ်နိုင်ငံသားတစ်ဦးက
ယင်းဌာနမှ အလုပ်သမားခေါင်းဆောင် အမျိုးသမီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၂ နာရီ (ဖေဖော်ဝါရီ
၁၃ ရက်နေ့ နံနက် ၂ နာရီ) ခန့်က မုဒိမ်းကျင့်ခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ
သိရသည်။
ညဆိုင်း တာဝန်ကျသည့်အတွက်
အသက် ၂၁ နှစ်အရွယ်ရှိ အလုပ်သမားခေါင်းဆောင် အမျိုးသမီးသည် ယင်းနေ့ ညနက်ပိုင်းက လုပ်ငန်းခွင်အတွင်း
ရှိနေစဉ် ဌာနတာဝန်ခံဖြစ်သည့် အသက် ၃၀ နှစ်အရွယ် Zhao Keyuan (ခ) ကျောက်ခဲယွမ်က အလုပ်ကိစ္စ
ပြောဆိုရန်ရှိသည်ဟုဆိုကာ ရုံးခန်းအတွင်းသို့ ခေါ်ဆောင်ကာ အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း
မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ တင်ပြသည့် ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့၏ ကြေးနန်းအရ
သိရသည်။
Zhao
Keyuan (ခ) ကျောက်ခဲယွမ်သည် လုပ်ငန်းဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း လာရောက်ခဲ့ပြီး
အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်နေခြင်ဖြစ်ကြောင်း၊ ၎င်း၏ ဗီဇာသက်တမ်းသည် ယခုနှစ် ဖေဖော်ဝါရီလ
၅ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ သက်တမ်းရှိကြောင်းလည်း ယင်းကြေးနန်းတွင် ဖော်ပြထားသည်။
Zhao
Keyuan (ခ) ကျောက်ခဲယွမ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း ညပိုင်းအချိန်တွင် စက်ရုံတွင်း
အမှောင်ကျရာနေရာသို့ ဆွဲခေါ်ခဲ့ဖူးသည်ဟု အဓမ္မ ပြုကျင့်ခံရသည့် အလုပ်သမားခေါင်းဆောင်
အမျိုးသမီးက ထွက်ဆိုထားသည်။
အဓမ္မပြုကျင့်ခံရသည့်
အမျိုးသမီးက တိုင်ကြားထားသောကြောင့် လက်ရှိတွင် တရုတ်နိုင်ငံသား Zhao Keyuan (ခ) ကျောက်ခဲယွမ်ကို
ပြင်စာကျေးရွာ ရဲစခန်းက (ပ) ၂၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၅၄ တို့ဖြင့် အမှုဖွင့်ထားပြီး
ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
Image
may contain: text

No comments:
Post a Comment