Tuesday, February 21, 2017

သံဃာတော်များ ဆက်လုပ်ရမယ့် အမျိုးသားနိုင်ငံရေး

``သံဃာတော်များ ဆက်လုပ်ရမယ့် အမျိုးသားနိုင်ငံရေး``
@@@@@@@@@@@@@@@@@@@@@@@@@@@

ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားခေါင်းဆောင်ဘဝကတည်းက နိုင်ငံရေးနယ်ထဲခြေစုံပစ်ဝင်ဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။
ကျောင်းပိတ်လို့ ဇာတိနတ်မောက်မြို့ပြန်လာစဉ် ငယ်ဆရာ ဆရာတော်ဦးသောဘိတကို သွားရောက်ဖူးမြော်ပြီး 'တပည့်တော် ဘီအယ်လ်မဖြေချင်တော့ဘူး၊ သခင်အဖွဲ့ထဲဝင်ပြီးနိုင်ငံရေး
လုပ်တော့မယ်ဘုရား'လို့ လျှောက်ထားပါတယ်။

စိတ်က နိုင်ငံရေးထဲရောက်နေပေမယ့်သာသနာ့အရေးကို
လည်း မေ့မထားပါဘူး။

၂ဝ၁၂ ခု၊ သြဂုတ်လက ဒုတိယအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာနတ်မောက်ဘုန်းကျော်ရဲ့ 'မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသုတေသနစာတမ်း'ဆိုတဲ့ စာအုပ်မှာ... 'မြန်မာပြည်တွင်အချို့ဘုန်းတော်ကြီးများ နိုင်ငံရေးထဲဝင်ရောက်ဆောင်ရွက်မည့်အစား နယ်ခြားဒေသများတွင် သွားရောက်သာသနာပြုဖို့ကောင်းကြောင်း
ရေးသားလျှောက်ထားလေသည်။

ဆရာတော်က.....'အိမ်း... အဲဒါလည်း လိုတာပဲ။ တို့ရှေ့က သုဓမ္မာဂိုဏ်း မှတ်တမ်းတွေထဲမှာ တွေ့ဖူးတယ်။ ကရင်နီနဲ့ ကလေးမိုးညှင်းဘက်ကိုဆရာတော်တွေသွားပြီး သာသနာပြုတာ။
ဒါပေမယ့် အခုအခါ အင်္ဂလိပ်အစိုးရက အားပေးမယ်မထင်ဘူး
'လူငယ်က... ခရစ်ယာန်သာသနာပြုဘုန်းကြီးတွေ ဆင်းဆင်းရဲရဲဖြင့် ချင်းတောင်တန်း၊ ကချင်တောင်တန်းများတွင် သွားရောက်သာသနာပြုပုံ
၊ မြန်မာဘုန်းကြီးတွေလည်း စွန့်စားသွားရောက်ပြီး သာသနာပြုဖို့ကောင်းပုံများကို ရေးသားလျှောက်ထားပြန်သည်။

ဆရာတော်က စာကိုဖတ်ပြီးလျှင် ခေါင်းငုံ့စဉ်းစားနေတော်မူပြီးမှ ပြန်လည်မိန့်ကြားတော်မူ၏။

'အိမ်း... ဒါက မင်းစိတ်စောနေတာကိုး၊ ချင်းတောင်တန်း၊ ကချင်တောင်တန်းသွားသာသနာပြုဖို့ဆိုတာက ဒီအင်္ဂလိပ်ကောင်တွေရှိနေသမျှ မဖြစ်နိုင်ဘူး၊ ကိုယ့်မင်းကိုယ့်ချင်းနေနိုင်မှဖြစ်မှာ၊ တို့တစ်တွေ အရာရာတိုင်းမှာခံဘက်ကချည်းပဲ၊ မင်းစဉ်စားကြည့်၊ မြန်မာပြည်မှာ ကုလားဗလီနဲ့ အင်္ဂလိပ်ဘုရားရှိခိုးကျောင်းမရှိတဲ့မြို့ ဘယ်နှမြို့ရှိသလဲ၊ ငါ့ ရေတွက်ပြခဲ့စမ်းပါ။ အဲဒါကိုသာ မင်း နက်နက်နဲနဲစဉ်းစား...'လို့ စာမျက်နှာ ၁၉၆ မှာ မှတ်တမ်းတင်ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဆိုလိုတာက ဒီအချိန်မှာ နိုင်ငံရေးဘက်က လုပ်မယ့်သူတွေများနေပြီ၊ ကျောင်းသားသမဂ္ဂ၊ တို့ဗမာအစည်း
အရုံးစသည်ဖြင့် နိုင်ငံရေးလုပ်တဲ့အဖွဲ့အစည်းတွေလည်း ပေါ်လာပြီ၊ ဒါကြောင့် အချို့ဘုန်းတော်ကြီးများ နိုင်ငံရေးထဲ ဝင်ရောက်ဆောင်ရွက်မည့်အစား နယ်ခြားဒေသတွေမှာ သာသနာပြုကြပါလို့ တိုက်တွန်းခြင်းဖြစ်တယ်လို့ နားလည်မိပါတယ်။

ကိုလိုနီခေတ်ဦးတုန်းကတော့ နိုင်ငံရေးသမားဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှပေါ်မလာသေးဘဲ ဘုန်းတော်ကြီးတွေပဲ နိုင်ငံရေးတရားတွေဟောပြီး အမျိုးသားရေးနိုးကြားလာအောင် စွမ်းတော်မူခဲ့ကြတယ်မဟုတ်ပါလား။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ လျှောက်ထားချက်ကို ဆရာတော်ဦးသောဘိတ ဖြေကြားပုံဟာ အလွန်တိုတောင်းသလောက် အလွန်ထိရောက်လှတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်လောင်းလျာ ဘာမှပြန်မပြောနိုင်ဘဲ ထ,ပြန်သွားရတာ...။

ဆရာတော်ဦးသောဘိတရဲ့ မိန့်ကြားချက်ဟာ အင်မတန်လေးနက်လှပါတယ်။- တောင်တန်းဒေသ သာသနာပြုရေးဆိုတာ ဒီအင်္ဂလိပ်ကောင်တွေ ရှိနေသမျှ မဖြစ်နိုင်ဘူး၊
- ကိုယ့်မင်းကိုယ့်ချင်း နေနိုင်မှဖြစ်မှာ၊- မြန်မာပြည်မှာ ကုလားဗလီနဲ့ အင်္ဂလိပ်ဘုရားရှိခိုးကျောင်းမရှိတဲ့မြို့ ဘယ်နှမြို့ရှိသလဲ၊အဲဒါကိုသာ မင်း နက်နက်နဲနဲစဉ်းစား...လို့နားလည်ရပါတယ်။

တောင်တန်းဒေသ သာသနာပြုရေးထက် မြို့ကြီးမြို့ငယ်တွေမှာ ခရစ်ယာန်၊ အစ္စလာမ်ဘာသာလွှမ်းမိုးလာပုံတွေကို မင်း ဘယ်လိုဖြေရှင်းမှာလဲလို့ ဆရာတော်ဦးသောဘိတကဗိုလ်ချုပ်အောင်ဆန်းကို မေးခွန်းထုတ်လိုက်ခြင်းဖြစ်တယ်လို့ နားလည်ရပါတယ်။

ဆရာတော်ဦးဘောဘိတရဲ့ ဆိုလိုချက်က လွတ်လပ်ရေးမရသေးသမျှ၊ ဘာသာခြား၊ လူမျိုးခြားတွေလွှမ်းမိုးမှုရှိနေသေးသမျှ ဘုန်းကြီးတွေ နိုင်ငံရေးဆက်လုပ်နေဦးမယ်ဆိုတဲ့ သဘောပါပဲ။

အင်္ဂလိပ်နယ်ချဲ့ဟာ မြန်မာပြည်ကိုသိမ်းပိုက်စဉ်ကတည်းက ခရစ်ယာန်ဘာသာကိုယူဆောင်လာခဲ့တယ်၊ အင်္ဂလိပ်ရဲ့ ရည်ရွယ်ချက်က ခရစ်ယာန်ဘာသာပြန့်ပွားရေး မုချပါရှိတယ်ဆိုတာ ခရစ်ယာန်ဘာသာကို အင်မတန်သက်ဝင်ယုံကြည်တဲ့ အင်္ဂလိပ်အုပ်ချုပ်ရေးအရာရှိ ဂျေအက်စ်
ဖာနီဗလ်ကိုယ်တိုင်ကအောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပါတယ်။

'ယဉ်ကျေးမှုနှင့် ခရစ်ယာန်ဝါဒပျံ့နှံ့ရန်အတွက် ပဲခူးကို သိမ်းပိုက်ရသည်ဟူသော အကြောင်းပြချက်လည်းရှိ၏'လို့ သူ့ရဲ့ ''ကိုလိုနီလမ်းစဉ်နှင့်
မြန်မာနိုင်ငံ''စာအုပ်မှာ ရေးသားခဲ့ပါတယ်။
သူ့စာအုပ်အမည်ကCOLONIALPOLICY AND PRACTICE ဖြစ်ပြီး တက္ကသိုလ်အောင်ခင်ဦးက မြန်မာပြန်ကာ ၂ဝ၁၄အောက်တိုဘာလမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

ဒီစာအုပ်မှာ ကိုလိုနီခေတ်ဦး အမျိုးသားရေးတိုက်ပွဲတွေမှာ သံဃာတော်များ ဦးဆောင်ပါဝင်ခဲ့ကြပုံ၊ ဆရာတော်၊ သံဃာတော်များရဲ့နိုင်ငံရေးအစဉ်အလာ ကြီးမားပုံတွေကို ဖာနီဗလ်က အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပါတယ်။

'လူမှုရေးပြိုလဲပျက်စီးလာခြင်း၏ တစ်ခုသော အရိပ်လက္ခဏာမှာ ရဟန်းသံဃာတို့၏အခြေအနေ မတည်ငြိမ်မှုဖြစ်လာခြင်းပင် ဖြစ်၏။
နိုင်ငံရေးလှုပ်ရှားမှုများတွင် ရဟန်းသံဃာများ ဝင်ရောက်စွက်ဖက်ခြင်းသည် အသစ်အဆန်းတစ်ခုဖြစ်သည်ဟုလည်း သတ်မှတ်ကြသည်။
သို့သော် ၁၈၅၂ ခုနှစ်နှင့် ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှတို့ကို ပုန်ကန်ခြားနားသည့် ခေါင်းဆောင်များတွင် သံဃာတော်များပါဝင်ပြီး၁၈၃၁ ခုနှစ်ကတည်းက မကြာခဏ ဖြစ်ပွားခဲ့သော ပုန်ကန်မှုများတွင်လည်း သံဃာတော်များက အထင်အရှားပါဝင်ခဲ့ကြပေသည်။'(စာ-၂၉၂)

'၁၈၈၆ ပုန်ကန်မှုတွင် သံဃာတော်ဘုန်းကြီးများက နေရာတိုင်းတွင် ဦးဆောင်ကြပြီးအချို့မှာ တိုက်ပွဲ၌ပင် ပါဝင်တိုက်ခိုက်ကြ၏။(သံဃာတော်များ လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်ကြပုံတွေကို ၁၉၉၅ မေလထုတ်ဆရာမြသန်းတင်ရဲ့ 'တောင်သမန်ရွှေအင်းကလေညှင်းဆော်တော့'ဆိုတဲ့ သမိုင်းမှတ်တမ်းစာအုပ်ကြီးမှာ ဖတ်ကြည့်နိုင်ပါတယ်။)

သံဃာတော်များသည် နိုင်ငံရေးအစဉ်အလာ ရှိခဲ့ကြ၏။ မြန်မာမင်းလက်ထက်တွင် ရဟန်းတို့သည်ဒေသဆိုင်ရာတွင် အမျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များတွင် အရေးပါသောအခန်းမှ ပါဝင်ခဲ့ကြ၏။
'သာသနာရေးဝန်ထမ်း ရဟန်းသံဃာသည် လောကီအရေး သို့မဟုတ် နိုင်ငံရေးနှင့်မဆိုင်ဟု သီအိုရီအားဖြင့် ဆိုကြသော်လည်းလက်တွေ့မှာမူ အလွန်ခိုင်မြဲသော
နိုင်ငံရေးအာဏာပင်ဖြစ်တော့သည်။ ဗြိတိသျှခေတ်တွင်မူအခြေအနေများ ပြောင်းလဲကုန်တော့သည်။'(စာ-၂၉၂)

'၁၈၈၆ ခုနှစ်တွင် ဗြိတိသျှတို့က အထက်မြန်မာပြည်ကို သိမ်းပိုက်သောအခါတွင် မန္တလေးရှိ တစ်ပြည်လုံးက အသိအမှတ်ပြုထားသော သာသနာပိုင်အား ဗြိတိသျှတို့က မလိုဟုဆိုကာ ဘေးချိတ်ထားလိုက်ကြ၏။' (စာ-၂၉၃)

'၁၈၅၂ ခုနှစ်မှစ၍ အောက်မြန်မာပြည်ရှိ ကျေးရွာတို့တွင် ဘုန်းကြီးကျောင်းဆောက်လုပ်၍ ဘုန်းကြီးများ မထားနိုင်တော့သည်ကိုလည်းကောင်း၊ ဘုန်းကြီးကျောင်းတို့၏ အခြေအနေယိမ်းယိုင်လာသည်ကိုလည်းကောင်း အစောပိုင်းက ကျွန်ုပ်တို့သိရှိပြီးဖြစ်ပေသည်။' (စာ-၂၉၃)

ဘာသာ သာသနာကို ချီးမြှောက်ထောက်ပံ့ရာမှာ မင်းအစိုးရတို့သာလျှင် ပဓာနဖြစ်ပါတယ်။ မြန်မာမင်းများလက်ထက်က ဗုဒ္ဓသာသနာတော်ကြီး နေလိုလလို ထွန်းတောက်ခဲ့ပေမယ့် ဘာသာခြား၊ လူမျိုးခြားတွေရဲ့ လက်အောက်ကျရောက်သွားတဲ့အခါ
ရေဝေးကြာလိုညှိုးခြောက်စပြုလာခဲ့ပါတယ်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများယိမ်းယိုင်လာခဲ့ပေမယ့် ဗိုလ်ချုပ်ရဲ့ငယ်ဆရာဦးသောဘိတ မိန့်ကြားသလို ကုလားဗလီနဲ့ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကတော့ အပြိုင်းအရိုင်းပေါ်ပေါက်လာပါတော့တယ်။
'သာသနာ့ဝန်ထမ်းတို့၏ သြဇာအာဏာအသုံးပြုခြင်းသည်လည်းကောင်း၊ သြဇာအာဏာပြိုကွဲရခြင်းသည် အနောက်တိုင်းအုပ်ချုပ်ရေးကို မုန်းတီးခြင်းသည်လည်းကောင်း သစ်ဆန်းသော အကြောင်းအရာများမဟုတ်တော့ပါ။
သစ်ဆန်းသော ကိစ္စရပ်မှာ နိုင်ငံရေးလှုပ်ရှားမှုတို့ကို ပြုလုပ်ရာတွင် ရဟန်းဝတ်၍ ပြုလုပ်ခြင်းဖြင့် သံဃာထု၏ ထောက်ခံမှုကို ရရှိမည်ဖြစ်သည့်အပြင် ဘုန်းကြီးကျောင်းတို့သည်အစိုးရကို တိုက်ခိုက်ရာတွင် အကောင်းဆုံးသော နေရာပင်ဖြစ်သောကြောင့်တည်း။
'ခေတ်သစ်အမျိုးသားဝါဒ စတင်ပေါ်ပေါက်လာသည့် အချိန်မှစ၍ သံဃာတော်တို့သည် တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး တရားလွန်ပြင်းထန်သော အမျိုးသားဝါဒီတို့နှင့် တစ်သားတည်းပင် ဖြစ်ခဲ့ကြသည်။'
(စာ-၂၉၅)ပညာရေးအခြေအနေကို ကြည့်မယ်ဆိုရင်လည်း ဘာသာခြား၊ လူမျိုးခြားတို့ကသာလွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ပညာရေးတွင်.... အင်္ဂလိပ်၊ ကုလားကပြားဦးရေသည် လူဦးရေစုစုပေါင်း၏ ဝ ဒသမ ၂ရာခိုင်နှုန်းမရှိသော်လည်း တက္ကသိုလ်ကျောင်းသားအရေအတွက်ကမူ ၈ ဒသမ ၃ ရာခိုင်နှုန်းမျှရှိ၏။ ကုလားဦးရေမှာလည်း လူဦးရေ၏၆ ဒသမ ၉ ရာခိုင်နှုန်းသာရှိသော်လည်း တက္ကသိုလ်သို့ တက်ရောက်သော ကုလားဦးရေမှာကျောင်းသားဦးရေ၏ ၃၃ ဒသမ ၈ ရာခိုင်နှုန်းဖြစ်၏။' (စာ-၃ဝ၁)
အင်္ဂလိပ်ခေတ်ရောက်မှသာ မြန်မာတွေအထက်တန်းပညာ သင်ခွင့်မရအောင် ချိုးနှိမ်ခံခဲ့ရပေမယ့် ရှေးမြန်မာမင်းများလက်ထက်မှာ'ကျောင်းသားဦးရေသည် အရှေ့ဖျား တိုင်းပြည်များတွင် အများဆုံးဖြစ်သည်'လို့ ဖာနီဗယ်ကဖေါ်ထုတ်ထားပါတယ်။
မြန်မာပြည်တွင် တက္ကသိုလ်ကျောင်းမရှိသေးသော်လည်း အိန္ဒိယပြည်ရှိ တိုးတက်သောပြည်နယ်များထက်ပင် စာတတ်သည့်ဦးရေများပြားသည်။ စာတတ်သည့် အမျိုးသားဦးရေသည် အိန္ဒိယထက် သုံးဆပိုများပြီး အမျိုးသမီးစာတတ်ဦးရေသည် ငါးဆမျှပင်ပိုခဲ့၏။'(စာ-၁၆၈)
အင်္ဂလိပ်တွေဟာ မြန်မာတို့ရဲ့ ပညာရေးကို ချိုးနှိမ်သောအားဖြင့် ခရစ်ယာန်ပညာရေးကို အထူးအားပေးခဲ့ပါတယ်။ ဆရာနတ်မောက်ဘုန်းကျော်က 'မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသုတေသနစာတမ်းများ'စာအုပ်မှာ ၁၉၂ဝဝန်းကျင်က ခရစ်ယာန်ကျောင်းပေါင်း ၁၂၆ကျောင်းရှိချိန်မှာ ဗုဒ္ဓဘာသာကျောင်းက ၂ဝမျှသာရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ခရစ်ယာန်ကျောင်းတွေကို အင်္ဂလိပ်အစိုးရက ထောက်ပံ့ငွေပေးထားပြီး ဗုဒ္ဓဘာသာကျောင်းများကတော့ ကိုယ်ထူကိုယ်ထ ရုန်းကန်ရပါတယ်။ ၁၉၂ဝ နောက်ပိုင်း 'အမျိုးသားကျောင်းများ ဖြစ်ထွန်းပေါ်ပေါက်
လာခြင်းကိုအစိုးရနှင့် ခရစ်ယာန်သာသနာပြုကျောင်းများက များစွာမျက်စိစပါးမွေးစူးကြသော်လည်းတိုင်းပြည်က အထူးအားပေးကြသည်'လို့ ဆိုပါတယ်။ (စာ-၆၉)
'အမျိုးသားကျောင်းများတွင် (ဘုရင်ဧကရာဇ်အား ဘုရားသခင် စောင်မပါစေ) ဆုတောင်းသီချင်းကို မသီဆိုရသည့်ပြင် သတ်မှတ်ထားသော ဗုဒ္ဓဘာသာသင်ခန်းစာများကိုလည်း လွတ်လပ်စွာ သင်ကြားနိုင်ခွင့်ရှိလေသည်။' (စာ-၇၁)
အမျိုးသားကျောင်းများ ပေါ်ပေါက်လာတဲ့အခါ မျိုးချစ်စိတ်ဇာတိမာန်တွေလည်း ရှင်သန်နိုးကြားလာပါတော့တယ်။ ခရစ်ယာန်ကျောင်းတွေကို သပိတ်မှောက်လိုက်ကြပါတော့တယ်။
အဲဒီတုန်းက ထုတ်စေခဲ့တဲ့ 'အမျိုးသားပညာရေးမဂ္ဂဇင်း' အတွဲ-၂၊ အမှတ်-၅ ခေါင်းကြီးပိုင်းမှာ သပိတ်မှောက်ရခြင်းရဲ့...'အဓိကအချက်ကား မိမိ၏ ဘာသာရင်းမဟုတ်သောအခြားခရစ်ယာန်ဘာသာကျမ်းစာသင်မှု၊ ခရစ်ယာန်ဘုရားရှိခိုးမှု၊ ဆုတောင်းမှုတို့ကို မပြုမနေရ စည်းကမ်းများ ပြဋ္ဌာန်းထားသောကြောင့်ဖြစ်သည်။ အလွန်မတရားသော စည်းကမ်းစုတည်း။
စက်ဆုပ်ဖွယ်ချည်းတည်း။ အစအနအနံ့အသက်မကျန်အောင် ဖျက်ဆီးထိုက်သောစည်းကမ်းစုတို့တည်း'လို့ ဝေဖန်ရှုတ်ချထားပြီး.....'သာသနာပြုကျောင်းများသည် ဗုဒ္ဓဘာသာကျောင်းသားများကို မိဘသဘောမတူဘဲနှင့် ခရစ်ယာန်ဘာသာထဲ ဆွဲမသွင်းသင့်ကြောင်း၊ မိမိတို့ ခရစ်ယာန်ဘာသာ ပြန့်ပွားစေလို၍ ကျောင်းထောင်သာသနာပြုနေလျှင်တိုင်းပြည်မှပေးရသော အခွန်ဘဏ္ဍာငွေထဲမှထောက်ပံ့ရသည့် ထောက်ပံ့ငွေများကို အစိုးရထံမှမယူဘဲ မိမိတို့ငွေဖြင့် သာသနာပြုကျောင်းထောင်သင့်ကြောင်း၊ တိုင်းသူပြည်သားက အခွန်တော်ပေးနေခြင်းမှာ ခရစ်ယာန်သာသနာပြုကျောင်းထောင်ရန်အတွက် ပေးနေခြင်းမဟုတ်ကြောင်း...'စသည်များကိုပါ ရှင်းလင်းရေးသားထား၏။ (စာ-၁ဝဝ)
အမျိုးသားကျောင်းများမှာ ဗုဒ္ဓဘာသာကို မသင်မနေရ ပြဋ္ဌာန်းပြီး လေးလေးနက်နက်သင်ကြားပေးပါတယ်။ ဗုဒ္ဓဘာသာ အမျိုးသားကျောင်းများက ဘာသာခြား၊ လူမျိုးခြားတွေ ကိုမောင်းထုတ်ပြီး လွတ်လပ်ရေးအရ ယူနိုင်ဖို့အထူးပဲ ကျေးဇူးပြုခဲ့ပါတယ်။
ဒါပေမယ့် လွတ်လပ်ရေးရပြီးချိန်မှာ ကိုလိုနီအမွေဆိုးအဖြစ်ဘာသာခြား၊ လူမျိုးခြား လွှမ်းမိုးမှုဟာ အမြစ်တွယ်မျိုးပွား ကြီးထွားလာလိုက်တာ ဒီနေ့ 'အမျိုးဘာသာ သာသနာ'တည်တံ့ခိုင်မြဲအောင်ကျားကုတ်ကျားခဲ ကာကွယ်နေရတဲ့ အခြေအနေကို ဆိုက်ရောက်လာခဲ့ပါပြီ။ အလွန်အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။
ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့တောင်တန်းသာသနာပြုရေးမှာလည်း ဗုဒ္ဓဘာသာက နောက်ကျနေဆဲပဲရှိပါတယ်။ အမျိုးဘာသာ သာသနာမကွယ်ပျောက်အောင်သံဃာတော်များကပဲ ဦးဆောင်လှုပ်ရှားနေကြပါတယ်။ အာဏာနိုင်ငံရေးမဟုတ်တဲ့ အမျိုးသားနိုင်ငံရေးနယ်ပယ်မှာ ဆရာတော်၊ သံဃာတော်တွေ ဆက်လက်ဦးဆောင်ပါဝင်နေဦးမှာပါပဲ။ ။

``မောင်သွေးချွန်``


No comments:

Post a Comment