Saturday, February 25, 2017

"ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ်ထုတ်ပေးနေခြင်းအား ပြန်လည်ရုပ်သိမ်းပေးရန် မောင်တောမြို့ဒေသခံများ တောင်းဆိုဆန္ဒထုတ်ဖော်မည်"

"ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ်ထုတ်ပေးနေခြင်းအား ပြန်လည်ရုပ်သိမ်းပေးရန် မောင်တောမြို့ဒေသခံများ တောင်းဆိုဆန္ဒထုတ်ဖော်မည်"
=================================================================================

မောင်တော၊ ဖေဖော်ဝါရီ ၂၃
ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ်ထုတ်ပေးနေခြင်းအား ပြန်လည်ရုပ်သိမ်းပေးရန် မောင်တောဒေသခံများက ဖေဖော်ဝါရီ ၂၇ ရက်တွင် တောင်းဆိုဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ မောင်တောလူမှုကွန်ရက်မှ ဦးစိန်လှဖြူက "ကျွန်တော်တို့ ၂၇ ရက်မှာ ဆန္ဒထုတ်ဖော်သွားမယ်။ ဒီကနေ့ ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက်တင်ပါပြီ။ ဘာကြောင့်ဆန္ဒထုတ်ဖော်ဖို့လုပ်ရသလဲဆိုရင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိလို့ယူဆတဲ့အတွက် အခုဘင်္ဂါလီတွေကို နိုင်ငံသားကဒ်တွေထုတ်ပေးနေတာကို ချက်ချင်းရပ်တန့်ဖို့ ဆန္ဒထုတ်ဖော်မယ်။ ခုနစ်ရက်အတွင်း ထူးခြားမှုမရှိဘူးဆိုရင် ဘူးသီးတောင်ကို ချီတက်မယ်။ ပြီးရင် စစ်တွေကိုချီတက်ပြီး ပြည်နယ် လဝကရုံးရှေ့မှာ ဆန္ဒထုတ်ဖော်သွားမယ်"ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာတွင် တောင်းဆိုချက်များအနေဖြင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားသူများကို စိစစ်ပေးရေး၊ နိုင်ငံသားစိစစ်ရေးကော်မတီများ၌ တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်ခွင့်ရရှိရေး၊ ဥပဒေနှင့်မညီဘဲ နိုင်ငံသားအသိအမှတ်ပြုကဒ်ပြား ထုတ်ပေးနေခြင်းကို ချက်ချင်းရပ်စဲရေး၊ ဥပဒေနှင့်မညီဘဲ နိုင်ငံသားအသိအမှတ်ပြုကဒ်ပြား ထုတ်ပေးနေခြင်းကို ပြန်လည်သိမ်းဆည်းပေးရေး၊ နိုင်ငံသားအဖြစ် လိမ်လည်လျှောက်ထားသူနှင့် ဥပဒေမဲ့ ဆောင်ရွက်နေသူများအား အရေးယူအပြစ်ပေးရေးတို့ကို တောင်းဆိုဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် မောင်တောမြို့နယ်အတွင်း နေထိုင်ကြသော မြို၊ ဒိုင်းနက်၊ သက်၊ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများ အင်အား ၄၀၀ ခန့် ပါဝင်မည်ဖြစ်ပြီး ခရိုင် လဝက ရုံးရှေ့သို့ ချီတက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
သားရွှေဦး (ကစ္ဆပ)

24.2.2017  Daily Eleven


No comments:

Post a Comment