"ကျင့်ဝတ်မဲ့
သတင်းသမား"
================
2013 ခုနှစ်က
စာရေးသူထံ အဲဒီသတင်းထောက် လာခဲ့ဖူးပါတယ်။
သူက သတင်းလာယူတာမဟုတ်ဘဲ
မကျေနပ်ချက်တွေ တင်ပြပြီး ရန်လာတွေ့တာပါ။
စာရေးသူက
ရဟန်းတစ်ပါးလည်းဖြစ်၊ အိမ်ရှင်လည်းဖြစ်နေလို့ ဒေါသသံလည်း မပါ၊ စိတ်ဆိုးမာန်ဆိုး အမူအရာလည်း
မပေါ်အောင် သည်းခံပြီး ဖြေပေးခဲ့ပါတယ်။
ကုလားဆိုင်
ဈေးမဝယ်ခိုင်းတာနဲ့ ပတ်သက်လို့ မေးတဲ့အခါ စာရေးသူက ကျွေးသောလက်ကို ကိုက်သောခွေး ဥပမာပေး
ဖြေကြားခဲ့ပါတယ်။
ဒကာက ခွေးတစ်ကောင်ကို
အစာကျွေးတဲ့အခါ ခွေးက ဒကာ့လက်ကိုပါ ကိုက်ပစ်လိုက်တယ်ဆိုရင် နောက်တစ်ခါ ကျွေးချင်ပါဦးမလား
မေးလိုက်ပါတယ်။
ဘာကွ၊ မူဆလင်တွေကို
ခွေးလို့ ပြောတယ် ဟုတ်လား ဆိုပြီး ဒေါသထွက်ကာ ထထိုးမည့်ပုံ လုပ်လာပါတယ်။
သံဃာတွေက
ဝိုင်းအုံကြည့်နေလို့ မထိုးဖြစ်တော့တာပါ။
မိတ္ထီလာအရေးအခင်းမှာ
ကုလားတစ်ယောက်ကို ပြန်မခုခံနိုင်ရုံလေး ရိုက်လိုက်တဲ့ဗီဒီယိုဖိုင်ကို သူကထုတ်ပြပါတယ်။
စာရေးသူကလည်း
မောင်တောခွေထုတ်ပြလိုက်ပါတယ်။
မောင်တောခွေကြည့်ပြီး
သူအံ့အားသင့်သွားပါတယ်။
အဲဒါဘယ်မှာလဲ၊
ဘယ်တုန်းကလဲ၊ ဘာလို့အကြမ်းဖက်တာလဲ မေးခွန်းတွေ တန်းစီမေးပါတယ်။
စာရေးသူက
အသေးစိတ်ရှင်းပြပြီး BBC လို ကမ္ဘာနဲ့ချီပြီး သတင်းလိုက်နေတဲ့ ဌာနကြီးက ဒီသတင်းမသိဘူးဆိုလို့
အံ့သြမိတယ်လို့ သူ့ကို လက်နဲ့အသာလေးပုတ်ပြီးပြောလိုက်တာ ရှက်ပြီးရယ်သွားပါတယ်။
စာရေးသူကပဲ
BBC သတင်းဌာနက ထုတ်လွှင့်တဲ့ မြန်မာပြည်မြေပုံထဲမှာ ရခိုင်ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားနေရာမှာ
ထောက်ရှာဆောင်း ဘင်္ဂါလီပုံတင်ထားတဲ့အကြောင်း ပြောတော့ BBC ရဲ့ မူဝါဒမဟုတ်ပါဘူး။ အခုဖြုတ်လိုက်ပါပြီလို့
ပြန်ပြောပါတယ်။
မိတ္ထီလာအရေးအခင်းတုန်းက
BBC ရေဒီယိုသတင်းထောက်အမျိုးသမီး (ဗမာ)က ဖုန်းဆက်မေးပါတယ်။
ဆရာတော်ဦးသောဘိတအသတ်ခံရတာ
ရာခိုင်နှုန်းဘယ်လောက်သေချာလဲ တဲ့။ စာရေးသူက တစ်ရာရာခိုင်နှုန်းအပြည့်လို့ ဖြေပြီး အခုပဲ
ဦးသောဘိတရွာမှ ပြန်လာခဲ့ကြောင်း ရက်လည်ဆွမ်းအတွက် ငွေလည်း လှူခဲ့ကြောင်း မိသားစုနှင့်
ရွာဘုန်းကြီးဖုန်းနံပါတ်တွေပေးလိုက်ရင်း သတင်းခိုင်လုံရင် လွှင့်ပေးဖို့ ပြန်ပြောတဲ့အခါ
BBC သတင်းဌာနက သတင်းမထိန်ချန်တတ်ပါဘူးလို့ ပြောပါတယ်။
ဒါပေမယ့်
အခုထိ ရွာဘုန်းကြီးနဲ့လည်း မဆက်သွယ်ဘူး။ မိသားစုထံလည်း လှမ်းမမေးဘူး။ သတင်းလည်း လုံးဝ
မလွှင့်ပါဘူး။
BBC သတင်းဌာနရဲ့
ဘင်္ဂလီ(မူဆလင်)နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လွှင့်တဲ့အစီအစဉ်တစ်ခုကို ငွေနဲ့ဝယ်ထားကြပြီဆိုတာ
ထင်ရှားပါတယ်။
အခုလည်း
No Rohingya လို့ ပြရုံနဲ့ ဒေါသတကြီး ရန်တွေ့နေတာကို ကြည့်ရင် စားပေါက်ပိတ်မှာစိုးရိမ်နေပုံပါပဲ။
ဒီသတင်းထောက်မျိုးကို
ဒီအစိုးရက အရေးယူမည့်ပုံမျိုးလည်း မတွေ့ရပါဘူး။ ဘာကြောင့်လည်းဆို သူတို့က အမျိုးတော်ကြလို့လေ။
ဝီရသူ (မစိုးရိမ်)
14.2.2017
PM- 6:43
--------------------------------------------------------------------------
"သီလ၀ါဆိပ်ကမ်းတွင်
မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိ လှုပ်ရှားမှုဆောင်ရွက်သည့် ရဟန်းတော်များကို အင်တာဗျူးသည့်နိုင်ငံခြားသတင်းထောက်၏
ရိုင်းပျသောအပြုအမူနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိနေ"
+++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊
ဖေဖော်ဝါရီ ၁၀
သီလ၀ါ ဆိပ်ကမ်းတွင်
မြန်မာနိုင်ငံ၌ ရိုဟင် ဂျာမရှိ လှုပ်ရှားမှုဆောင်ရွက်သည့် ရဟန်းတော်များအား အင်တာဗျူး
အစီအစဉ်တွင် နိုင်ငံခြားသတင်း ထောက်တစ်ဦး၏အပြုအမူမှာ ရိုသေမှုမရှိဘဲ ရိုင်းစိုင်းသည်ဟုဆိုကာ
လူမှုကွန်ရက်တွင် ဝေဖန်နေမှုများ ရှိနေကြောင်း သိရသည်။
ဖေဖော်ဝါရီ
၉ ရက်က မလေး ရှားနိုင်ငံမှ ထောက်ပံ့ရေးသင်္ဘော မြန်မာနိုင်ငံသို့ဆိုက်ကပ်စဉ် သီလ၀ါဆိပ်ကမ်း၌
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားရေးတပ်ပေါင်းစုမှ မျိုးချစ် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များက
မြန်မာပြည်တွင် ရိုဟင်ဂျာမရှိကြောင်း လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါလှုပ်ရှားမှုနှင့်ပတ်သက်
၍ ယင်းနိုင်ငံခြားသတင်းထောက်က လှုပ်ရှားမှုတွင်ပါဝင်သော ရဟန်းတော် များနှင့် အင်တာဗျူးမေးခွန်းများ
မေးမြန်းရာတွင် ခါးထောက်မေးမြန်းခြင်း၊ နီးကပ်စွာရှိနေသော်လည်း ရဟန်းတော်များ၏မျက်နှာကို
လက်ညှိုးထိုး ကာမေးမြန်းခြင်းစသည့်အပြုအမူ နှင့်ပတ်သက်ပြီး အွန်လိုင်းစာမျက် နှာတွင်
ဗီဒီယိုဖိုင်တက် လာပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဗီဒီယိုဖိုင်တွင်
အင်တာ ဗျူးဖြေကြားသည့် ရဟန်းတော်က မေးမြန်းမည်ဆိုပါက အမူအရာကို ပြင်ရန်လိုကြောင်းနှင့်
အမူအရာကို ပြင်ဆင်ပါက ဆက်လက်ဖြေကြားသွားမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပြီး အဆိုပါနိုင်ငံခြားသတင်းထောက်က
မိမိ၏မေးခွန်းကို မကြိုက်လို့လားဟု ပြန်လည်မေးမြန်းခဲ့မှုအား မေးခွန်းကို မကြိုက်လို့မဟုတ်ကြောင်းနှင့်
အမူအရာကို မကြိုက်လို့ဖြစ်ကြောင်း၊ အမူအရာပြင်ပါက ဆက်လက်မေးမြန်းနိုင် ကြောင်းမိန့်ကြားပြီးနောက်
မေးမြန်းခြင်းမရှိတော့သည်ကို တွေ့ရသည်။
ယင်းနှင့်ပတ်သက်ပြီး
အမျိုးဘာ သာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ- ဗဟို) အဖွဲ့ဝင် ဆရာတော် ဒေါက်တာသောပါက
က ယင်းအပြု အမူမှာရိုင်းပျကြောင်းနှင့် မဘသအနေဖြင့် သဘောထားထုတ်ပြန်ချက် အနေဖြင့်တော့
ထုတ်သွားရန်မရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ဒီမိုကရေစီတူဒေးသို့ မိန့်ကြားခဲ့သည်။
"စာထုတ်သွားဖို့
ဘာဖို့တော့ မရှိပါဘူး။ ဒီသတင်းထောက်ရဲ့ပြော ပုံဆက်ဆံပုံတွေက တော်တော်ရိုင်း တာပေါ့နော်။
တိုင်းတစ်ပါးသားက ကိုယ့်နိုင်ငံလာပြီး အဲဒီလိုရိုင်းစိုင်း တဲ့အမူအရာတွေနဲ့ မေးမြန်းတာကတော့
မကောင်းပါဘူး။ မဘသအ နေနဲ့တော့ ဘာမှမဖြစ်ပါဘူး။ ပုဂ္ဂိုလ် ရေးအနေနဲ့ကြည့်မယ်ဆိုရင် ဒါက
တော့သာမန်လူတစ်ယောက်တောင် သိနိုင်ပါတယ်။ ရိုင်းတယ်ဆိုတဲ့အမူ အရာကလေ" ဟု မိန့်ကြားခဲ့သည်။
သတင်းစာကောင်စီမှ
တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာမင်းက "အဲဒါနဲ့ပတ်သက်ပြီးတော့ ကောင်စီအနေနဲ့
လူကြီးတွေအစည်း အဝေးလုပ်တာတွေတော့ မရှိသေးဘူး။ (ဖေဖော်ဝါရီ ၁၃ ရက်)တနင်္လာ နေ့မှသိရပါမယ်။
အခုမသိသေးဘူး။ လုပ်ဖို့မရှိတာတော့ မဟုတ်ဘူး၊ မသိသေးတာ။ အဲဒါကိုဘယ်လိုဆောင် ရွက်မယ်ဆိုတာကို
လူကြီးတွေတွေ့ ပြီး မဆုံးဖြတ်ရသေးတာ။ တနင်္လာ နေ့ကျရင်တင်ပြမယ်။ အဲဒီနေ့ကျရင် သမိုင်းစာတမ်းဖတ်ပွဲနဲ့ပတ်သက်ပြီး
သတင်းစာရှင်းလင်းပွဲရှိတယ်။ အဲဒီ ကျမှ သူတို့ဘယ်လိုလုပ်မလဲဆိုတာ သိရမယ်"ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး
သတင်းစာဆရာ ဦးစည်သူအောင်မြင့် က "သတင်းသမားတစ်ဦးအနေနဲ့ အဓိကသတင်းရယူတဲ့နေရာမှာ
ဘယ်သွားသွားပေါ့။ သက်ဆိုင်ရာသတင်း ရင်းမြစ်နေရာတွေကို လေ့လာထား မှုရှိရမယ်။ ခရစ်ယာန်ဘုန်းတော်ကြီးနဲ့
အင်တာဗျူးတဲ့နေရာမှာလည်း သင့်တင့်လျောက်ပတ်သလို ပြောဆိုရမယ်။ ဒီလိုပဲ ဗုဒ္ဓဘာသာဘုန်းတော်
ကြီးနဲ့လည်း သင့်တင့်သလိုပြောဆိုရပါမယ်။ ဘုရားကျောင်းကန်တွေကို သွားလည်းပဲ ဖိနပ်ချွတ်ရမယ့်နေရာမှာ
ဖိနပ်ချွတ်ရပါမယ်။ ဒါကိုလိုက် နာစောင့်ထိန်းရပါမယ်။ ဒီအတိုင်းပဲ အစ္စလာမ္မစ်နိုင်ငံတွေကိုသွားလည်းပဲ
သူတို့နိုင်ငံရဲ့ လိုက်နာရမယ့်ကျင့် ၀တ်တွေကို လိုက်နာကြရတာပါပဲ"ဟု သုံးသပ်ပြောသည်။
သာသနာရေးနှင့်
ယဉ်ကျေးမှု ၀န်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာနခွဲ
မှ ညွှန်ကြားရေးမှူး
ဦးအောင်ဆန်းဝင်းက "အခုထိတော့ ဘာမှတင်ပြလာတာမရှိသေးဘူး။ ဖြစ်စဉ်ကိုလည်းမသိပါဘူး။
တင်ပြလာမှုရှိမှ ဆက်လက်ဆောင်ရွက်လို့ရမှာပါ။ လောလောဆယ်မှာ ဒါနဲ့ပတ်သက်ပြီး ဘာအစီအစဉ်မှမရှိပါ
ဘူး"ဟု ပြောကြားသည်။
11.2.2017
- Democracy Today

No comments:
Post a Comment