Wednesday, February 22, 2017

ဓမ္မကာယကျောင်းတော်ကြီးကို ဒီလိုဆောက်လုပ်ခဲ့ရပါတယ်

ဓမ္မကာယကျောင်းတော်ကြီးကို ဒီလိုဆောက်လုပ်ခဲ့ရပါတယ်
************************************

ဖွားဖွားသီလရှင်နဲ့ ဆရာတော် ဓမ္မချိုင်ယို ဆရာတော် ထတ္တချီဝိုတို့ ဝတ္ထုငွေ ဒေါ်လာ 100 တန်ဖိုးရှိ ဘတ် 3200 နဲ့ ကိုယ်အား စိတ်အား ပင်ပန်းခံပြီး စတင်တည်ဆောက်လာခဲ့တာပါ။

အခုဆိုရင် ကျောင်းဆောက်လုပ်ထားတဲ့ သက်တမ်းဟာ( ၄၇ ) နှစ်ရှိပါပြီ။ တစ်ခါတည်း အဆောက်ဦတွေကို ဆောက်နိုင်ခဲ့တာမဟုတ်ပါဘူး ။ တစ်ဖြေးဖြေးချင်း ကြိုးစားလာခဲ့တာပါ။

ဒီလို တိုးတက်လာအောင် ၈ ပါးသီလရှိသူတွေကိုမွေးထုတ်ပါတယ်။ အမျိုးသားတွေကိုဆိုရင် ဒုလ္လဘဝတ်ပေးပြီး သားရဟန်းတွေကို မွေးထုတ်ခဲ့တယ်။

ဖွားဖွားသီလရှင်ဟာ သူ့သား/သမီးတွေကို သီးခံစိတ်ရှိအောင်သွန်သင်ဆုံးမပေးခဲ့ပါတယ်။ ဘွဲ့ရပြီးမှ ရဟန်းဝတ်ခွင့် ယောဂီဝတ်ခွင့်ပြုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွားဖွားသီလရှင်ဟာ ကျောင်းမတက်ခဲ့ရလို့ပါပဲ။ စာမတတ်တော့ ပတ်ဝန်းကျင်ကနှိမ်တာကိုခံခဲ့ရတယ်။ ဒါပေမဲ့ ဖွားဖွားသီလရှင်ရဲ့ သီးခံခွင့်လွှတ်တတ်တဲ့စိတ် ဝိရိယရှိတဲ့စိတ် ဘာသာတရားကိုင်းရှိုင်းတဲ့စိတ်တွေကြောင့် ဓမ္မကာယကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းကို စတင် တည်ဆောက်နေရာချပေးနိုင်ခဲ့တယ်။

ဖွားဖွားသီလရှင် ဆုံးမခဲ့တဲ့ အချက် ၅ ချက်ရှိပါတယ်။
အဲဒါကတော့
(၁.) သန့်ရှင်းရမယ်။
(၂. ) ညီညာစည်းစနစ်ကျရမယ်။
(၃.) ယဉ်ကျေးလိမ္မာရမယ်။
(၄ .) အချိန်တိကျရမယ်။
(၅ .) သီလသမာဓိ ရှိရမယ်တဲ့

ဒီ ဆုံးမစာ ၅ ချက်ကို ရဟန်းသံဃာ . ကိုရင်.ယောဂီ .တပည့်တကာ အပေါင်းတို့ကိုလဲ တစ်ဆင့်ဆင့်သွန်သင်ပေးထားတဲ့အတွက် ကျောင်းမှာရှိတဲ့ သူတော်စင်အပေါင်းဟာ တစ်ကြောင်းတည်းသောစည်းကိုစောင့်ပြီး
တစ်ကြောင်းတည်းသော လမ်းကိုပဲလျောက်လှမ်းနေကြပါတယ်။

နောက်တစ်ခုက အလှူခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်က ဝေဖန်ကြပါတယ်။ နိဗ္ဗာန်ကိုအကြောင်းပြပြီး အလှူခံတယ်တဲ့ အတင်းအဓ္ဓမအလှူခံတယ်တဲ့။ ဒါတွေက ပေးကမ်းစွန့်ကျဲခြင်းရဲ့ အဓိပ္ပါယ်ကို မသိ နားမလည်လို့ ဝေဖန်ကြတာနေမှာပါ။

ဆရာတော် ဓမ္မချိုင်ယိုဟာ တစ်ခါမှ အတင်းအလှူမခံပါဘူး။ ဝေယာဝစ္စလုပ်လဲ ကိုယ်သဒ္ဒါရှိရင် နိဗ္ဗာန်ကိုရောက်မဲ့သူ ပါရမီများလာရင် ရောက်မှာပဲ။ နိဗ္ဗာန်ကိုရောက်အောင် ဒီတစ်ဘဝနဲ့ ပါရမီဖြည့်လို့ ရောက်တာမဟုတ်ပါဘူး။ ဘဝအဆက်ဆက်က ကုသိုလ်ပါရမီ ဖြည့်လာမှ ရောက်မှာပါ။

တစ်ချို့ကလဲပြောကြသေးတယ် ဘယ်လောက်လှူရင် ဘယ် နတ်ပြည် ဘယ်အဆင့် ဘယ်ဘုံရောက်မယ် ဘယ်လိုခံစားရ မယ်လို့ ကောလဟာလသတင်းတွေ ဖွကြတယ်။
မသိတဲ့သူတွေက ယုံကြပါတယ်။

ဓမ္မကာယ ဆရာတော်ကြီးဟာ ယဉ်ကျေး လိမ္မာတဲ့ ကလေးငယ်တွေကို နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှာတစ်ကြိမ် ကျင်းပပေးသော V star Day proget တစ်ခုကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကလေးတွေဟာ နိဗ္ဗာန်ရဲ့ အဓိပ္ပါယ်ကို မသိရှာကြပါဘူး။ ဒါကြောင့် ၅ ပါးသီလ မစောင့်ထိန်းရင် ဘယ်လိုဖြစ်တတ်တယ် ကောင်းမှုကုသိုလ်လုပ်ရင် ဘယ်လို စံစားရမယ်ဆိုတဲ့ နမူနာအနေဖြင့် နတ်ပြည် ၊ ငရဲပြည် ပုံစံတူတွေကို 3g 5g 7g တွေနဲ့လုပ်ပြီး ကလေးငယ်တွေကို အမှားမလုပ်မိအောင် ပျော်လဲပျော်အောင် လက်တွေ့ပြသပေးပါတယ်။
ဆရာတော် ကြီးသာ သီလမလုံရင် အခုလိုမတိုးတက်နိုင်ဘူး ပြီးတော့ လူမျိုး ပေါင်းစုံ အဆင့်တန်းအမျိုးမျိုးကလဲ လာရောက်ကြည်ညိုကြမှာမဟုတ်ပါဘူး။

တစ်ချို့ကပြောတယ် သူဌေးကျောင်း ဘာညာပေါ့။ ပြောတဲ့သူတွေဟာ ဓမ္မကာယကျောင်းဘယ်ပုံစံနေမှန်းတောင်မသိကြပါဘူး ရောက်ဖူးမယ်နေနေသာသာ။ အဆင့်အတန်းမရွေး လူမျိုးမရွေး လာလို့ရပါတယ် လှူချင်မှလှူပါ ကျောင်းကတော့ ၂၄နာရီ ဧည့်ခံကြိုဆိုလျက်ပါ။

ဓမ္မကာယကျောင်းက ဗုဒ္ဓဘာသာသာသနာ ထွန်းကား ပြန့်ပွားအောင်လဲလုပ်တယ်။ ပရိယတ္တိ၊ ပတိပတ္တိ
တွေကိုလဲ ကြိုးစားအားထုတ်လျက်ပါ။

နောက်တစ်ခုက ပိဋကတ် သုံးပုံနဲ့ပတ်သက်ပြီးလဲ ကောလဟာလသတင်းလွှင့်ကြပါတယ်။ ဓမ္မကာယကျောင်းက မြတ်စွာဘုရားဟောကြားထားတဲ့ ပိဋကတ်သုံးပုံကို ပြန်ပြင်ရေးတယ် ဘာညာပေါ့။ တကယ်မှာက ဘုရားဟောကြားခဲ့တာတွေကို ဘယ်သူပြန်ပြင်လို့မရပါဘူး။ ဓမ္မကာယကျောင်းကလဲ ပြန်မပြင်ပါဘူး ။ ဘာကြောင့် ဒီလိုဝန်ခံ ရဲလဲဆိုတော့ ဓမ္မကာယကျောင်းမှာ မြန်မာ၊ သီရိလင်္ကာ ၊ နီပေါ၊ ကမ္ဘောဒီယား စသည့် နိုင်ငံတကာက ဆရာတော်တွေကနေ လာရောက် ဘာသာပြန် မှတ်တမ်းတင် ရေးသားနေလို့ပါပဲ။
ထိုင်းသတင်း မီဒီယာသမားတွေကတော့ တစ်ခါမှ ဓမ္မကာယကျောင်းရဲ့ ကောင်းတဲ့သတင်း အခမ်းအနားကျင်းပတဲ့သတင်း မထုတ်လွှင့်ဖူးပါဘူး။
မဟုတ်တဲ့သတင်း သတင်းအမှား ကောလဟာလသတင်းတွေဆို မရပ်မနား လွှင့်ကြပါတယ်။
သတင်းကြည့်ပြီး တစ်ချို့သော ပြည်သူတွေက ဓမ္မကာယကျောင်းကို လိုက်ဝေဖန်ကြတော့တာပါပဲ။
ထိုင်းနိုင်ငံက ဘာသာရေးဟာ အားနည်းလွန်းလှပါတယ်။ ကျွန်မတို့မြန်မာပြည်နဲ့မတူတဲ့အတွက် ဗုဒ္ဓဘာသာထွန်းကားအောင် လုပ်ဆောင်နေတဲ့ ဓမ္မကာယကျောင်းကိုဝိုင်းဝန်းကာကွယ်ပေးကြဖို့ အနူးညွတ်တောင်းဆိုလိုပါတယ်။
အခုဖြစ်နေတဲ့ ပြသနာဟာ စစ်အစိုးရနဲ့ ဓမ္မကာယကျောင်းကို မနာလိုဖြစ်နေတဲ့ သူတွေရယ် ဘာသာခြားတွေရဲ့ ဆွဲကိုင်မှုတွေကြောင့် အခုလိုမြင်တွေ့နေရတာဖြစ်ပါတယ်။ သူတို့လုပ်ရပ်ကြောင့် ဓမ္မလိုင်းဖြစ်တဲ့ DMC လိုင်းကိုလဲ ပိတ်လိုက်ပါတယ်။
ထပ်မှာချင်တာကတော့ ဓမ္မကာယကျောင်းက သူများငွေ လိမ်စားဖို့နေနေသာသာ ဘယ်နိုင်ငံမှာပဲ အခမ်းအနားလုပ်လုပ် ဓမ္မကာယကျောင်းက အရင် ထုတ်ပေးတတ်တာပါပဲ ။ သူခိုးငွေလက်ခံလို့ မတရားစွပ်စွဲတယ်။ ဘယ်သူဘယ်လိုနည်းနဲ့ရလာပြီး လာလှူမှန်းဘယ်သံဃာမှမေးပိုင်ခွင့်မရှိသလို မေးလဲမမေးတတ်ကြပါဘူး။ ကျွန်မတို့ မြန်မာနိုင်က ဘုန်းဘုန်းတွေလဲ အလှူရှင်ကို ပြန်မမေးတတ်ကြပါဘူး။
အခုသတင်းတွေမှာ ထိခိုက်မှုဖြစ်အောင်လုပ်နေတယ် ဒဏ်ရာတွေရနေကြတယ် ဒါဟာလဲ သူတို့ ထိုင်းလူမျိုးအချင်းချင်းကိုတောင် မချစ်ကြလို့ပါပဲ။ စီးပွားရေးပဲလိုက်စားကြတယ်။သီလပျက်လာကြတယ်။ လူမိုက်များလာတယ်။

ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရစေ ရင်ထဲရှိရာ ကိုယ်လက်တွေ့ မြင်တွေ့ရတာတွေကို ရေးရင်တော့ ဒီညမပြီးလောက်ပါဘူး ...... အစနေအဆုံး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် စာဖတ်ပြီးလဲ ဓမ္မကာယကျောင်းကို နားလည်ပေးတတ်ပါစေ.............


စာအရေးအသားမှားရင် ပြင်ဖတ်ပေးပါ🙇


Daw Thidar Lwin








No comments:

Post a Comment