"ပုသိမ်မြို့
ရွှေမစိုးရိမ် သြဝါဒ"
================
9.2.2017
မနက် ၈း၀၀ နာရီ၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမစိုးရိမ်ကျောင်းတိုက်မှာ အမျိုးသားရေးမိသားစုများနှင့်
ဆုံတွေ့ကြပါတယ်။
ရွှေမစိုးရိမ်ကျောင်းဆရာတော်
သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဝိဇယမထေရ်က စာရေးသူအကြောင်း နိဒါန်းပျိုးကာ ပရိသတ်နှင့် မိတ်ဆက်ပေးပါတယ်။
ရွှေမစိုးရိမ်ဆရာတော်က
မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသီတဂူကျောင်းမှာ စာချခဲ့သော စာချဆရာတော်တစ်ပါးဖြစ်လို့
စာရေးသူနှင့် ဆရာတူတပည့် မဘသ ညီနောင်များ ဖြစ်ပါတယ်။
ဒါကြောင့်
စာရေးသူအကြောင်းကို အပ်ကျမတ်ကျ ပြောပြနိုင်တာပါ။
ဧရာဝတီ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့
(ဧရာညွန့်)နှင့် ရွှေပြည်တော်ဆုံမတ် ပရဟိတအဖွဲ့သားများနှင့်အတူ ပုသိမ် မဘသ ဝိုင်းတော်သူ
ဝိုင်းတော်သားများ စုံစုံလင်လင်တွေ့ရပါတယ်။
ပုသိမ်မြို့နယ်
သံဃနာယကအဖွဲ့ဝင် စိုင်ခြံကျေးရွာ ဘဒ္ဒန္တကောသလ္လနှင့် ကမ်းနီ မရမ်းကုန်းကျောင်းဆရာတော်
သာသနတက္ကသီလာ ဓမ္မာစရိယ ပုသိမ် မဘသ အတွင်းရေးမှူး ဘဒ္ဒန္တဇာဂရတို့လည်း ကြွရောက်ချီးမြှောက်ကြပါတယ်။
ပုသိမ်သွေးက
မည်းတယ်ဆိုပေမယ့် အမျိုးသားရေးသမားတွေရဲ့သွေးက ရဲနေဆဲပါပဲ။
စာရေးသူက
အမျိုးသားရေးမှာ အမှန်နှင့် အမှားဆိုတာ မရှိကြောင်း၊ သူ့ဘက်ကိုယ့်ဘက်သာရှိကြောင်း၊
ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ၊ ကိုယ့်နိုင်ငံနှင့် ကိုယ့်နိုင်ငံသားဘက်မှာသာ
အမြဲရပ်တည်မှာဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။



No comments:
Post a Comment