"ကသာမြို့နယ်
ကင်မွန်းခြုံရွာ တရားပွဲ"
=====================
11.2.2017
ည ၈း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ကသာမြို့ယန်၊ ကင်မွန်းခြုံရွာ၊ ဘုရားထီးတော်တင် ဗုဒ္ဓပူဇနိယပွဲတော်အကြို
ဓမ္မသဘင်။
မနက်ပိုင်းမှာ
တံတားဦးလေဆိပ်မှာ တပည့်တွေနှင့်အတူ သီရိလင်္ကာဆရာတော်လေးနှစ်ပါး လာကြိုကြပါတယ်။
လေဆိပ်မှ
ကသာသို့ ဆက်ထွက်ခဲ့ပါတယ်။ ကားပေါ်မှာ သီရိလင်္ကာဆရာတော်နှစ်ပါးနှင့် ဆွေးနွေးကြပါတယ်။
ရွှေဘုန်းဝန်ကျောင်းတိုက်မှ ဦးဇင်းလေးတစ်ပါးက ဘာသာပြန်ပေးပါတယ်။
ညနေပိုင်းမှာ
ရှမ်း/မြောက် မဘိန်းမြို့နယ် ငါးအိုးရွာကို ရောက်ပါတယ်။ ကသာမှ ဒေါ်ခင်ညိုညို (ဟိတဓရမယ်တော်)မိသားစုနှင့်
မဘသ ဆွေတော်မျိုးတော်များ လာရောက်ကြိုဆိုကြပါတယ်။
ငါးအိုးရွာမှ
ကင်မွန်းခြုံရွာသို့ ခရီးဆက်ပါတယ်။ နယ်ခံသံဃာတော်များ လာရောက်အားပေးကြပါတယ်။
ရွာသူရွာသားများအား
တရားဟောရသည်မှာ အားရစရာပါ။ မေးတဲ့အခါလည်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြေကြ။ ကဗျာတွေချပေးတဲ့အခါလည်း
မြိုင်မြိုင်ဆိုင်ဆိုင်လိုက်ဆိုကြနဲ့ သီရိလင်္ကာဆရတော်များကတောင် ချီးကျူးတာတွေ့ရပါတယ်။
သူတို့နိုင်ငံတရားပွဲတွေက
ဘုန်းကြီးက ပလ္လင်ပေါ်ကဟော ပရိသတ်က စကားပြောရင်ပြော၊ မပြောရင် အိပ်ငိုက်နေကြတာပါ တဲ့။
ဒီမှာတော့
အားလုံးနီးပါး စိတ်ဝင်တစား ဖြေကြားကြ၊ လိုက်ဆိုကြနဲ့ အားရစရာကြီးပါ တဲ့။
ဒါပေမယ့်
လမ်းမကောင်းတာတော့ စိတ်မကောင်းဘူး တဲ့။ လိုက်သာလာရတာ တော်တော်စိတ်ဓာတ်ကျတယ် တဲ့။ လေယာဉ်ခရီးသာရှိရင်
ဘယ်လောက်ပေးရပေးရ လှည့်ပြန်သွားမှာ တဲ့။
တောလမ်းခရီးက
တစ်မျိုး၊ မြို့လမ်းခရီးက တစ်မျိုး အင်မတန်ကြမ်းတာကြောင့် လင်္ကာသားတွေ ညည်းညူသွားတာပါ။
ထီးချိုင့်အလွန်
အပြန်လမ်းမှာ ကတ္တရာလမ်းတွေ့တော့ လမ်းကောင်းရောက်ပါပြီိလို့ ပြောတဲ့အခါ ကတ္တရာလမ်းခင်းထားတာကလည်း
ရေဖျန်းသလိုလေး ခင်းထားတာပါ တဲ့။ သီရိလင်္ကာမှာဆို ခြောက်လက်မထု ခင်းပါတယ် တဲ့။
ဝီရသူရဲ့ဘဝကို
အတော်စာနာသွားကြပါတယ်။ မြန်မာပြည်က အမျိုးသာရေးသမားတွေ အတော်ပင်ပန်းတာပဲနော ဟု ပြောသွားပါသေးတယ်။
ကင်မွန်းခြုံရွာသူရွာသားတွေအတွက်တော့
ထူးထူးခြားခြား တရားပွဲပါပဲ။
No comments:
Post a Comment