"ထိုင်းနိုင်ငံ
ဓမ္မကာယကျောင်းအတွက် ဆုတောင်းဝတ်ပြုခြင်းနှင့် ပရိတ်တော်များရွတ်ဖတ်ခြင်း မန္တလေးတွင်
ပြုလုပ်"
======================================================================
ကျော်မျိုးထွဋ်(မြစ်မခ)
မန္တလေး၊ ဖေဖော်ဝါရီ
၂၄
ထိုင်းနိုင်ငံ
ဓမ္မကာယကျောင်းတွင် ပိတ်မိနေသော သံဃာတော်များ ဘေးကင်းရေးနှင့် အင်အားဖြစ်စေရေးအတွက်ဟုဆိုကာ
မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး၌ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၃ နာရီခွဲက မဘသ မှ ဆရာတော်များဦးဆောင်၍
ဆုတောင်းဝတ်ပြုခြင်းနှင့် ပရိတ်တော်များရွတ်ဖတ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓမ္မကာယကျောင်းအား
ထိုင်းအစိုးရက ဝင်ရောက်စီးနင်း၍ ပိတ်ဆို့ထားသဖြင့် သံဃာတော်များ အန္တရာယ်ကင်းရေး ဆုတောင်းခြင်းကို
ရန်ကုန်မြို့တွင်းလည်း လုပ်ဆောင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံသံရုံးမှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း
မေတ္တာရပ်ခံသည့်စာများ ပေးပို့ာထားကြောင်း ဆရာတော်ဦးဝီရသူက မိန့်သည်။
အပြစ်ရှာ
'ဗုဒ္ဓသာသနာနဲပ
အစော်ကားခံနေရတဲ့ သံဃာတော်တွေ အထူးသဖြင့် မင်းဘေးကလွတ်အောင် ဆုတောင်းတာပါ။ ဓမ္မကာယကျောင်းဆရာတော်ကြီးကို
ထိုင်းဘက်က အပြစ်မရှိ အပြစ်ရှာပြီးတော့ ခုံရုံးတင်တာကြားပါပြီ။ သုံးကြိမ်စလုံးမှာ သံဃာရာဇာသုံးပါးလုံးက
အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တာပါ။ အဲဒီကျောင်းတော်ကြီးကို ပြည်သူပိုင်သိမ်းချင်လို့
အစိုးရက ဦးချိုးချင်လို့ ဝင်စီးတာပါ'ဟု ဆရာတော်ဦးဝီရသူက မိန့်သည်။
အင်အားတစ်ခု
ဆုတောင်းဝတ်ပြုခြင်းကြောင့်
ပိတ်မိနေသော သံဃာတော်များအတွက် စိတ်ပိုင်းဆိုင်ရာ အင်အားရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတကာမှ
သံဃာတော်များကလည်း ယခုကဲ့သို့ပြုလုပ်လာနိုင်သည့်အပြင် ထိုင်းအစိုးရကလည်း သတိထားမိသွားပြီး
ဆင်ခြင်လာမည်ဖြစ်ကြောင်း ဆရာတော်ဦးဝီရသူက ဆက်လက်မိန့်ကြားသည်။
'အခုလို ဗုဒ္ဓဘာသာကျောင်းတော်ကြီးကို
ဝင်စီးခံရတာ၊ သံဃာတွေအစော်ကားခံရတာကြောင့် ဗုဒ္ဓဘာသာအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က ဝတ်ပြုဆုတောင်းတာ။
နိုင်ငံရေးမပါဘူး'ဟု ဆုတောင်းပွဲတွင်ပါဝင်သူ ဦးကျော်အောင်က ပြောသည်။
ဆုတောင်းပွဲတွင်
မဟာမြတ်မုနိရုပ်ပွားတော် တောင်ဘက်မှ ဝတ်ပြုဆုတောင်းခြင်း၊ မေတ္တသုတ်၊ မောရသုတ်၊ ဗောဇ္ဈင်သုတ်တော်များ
ရွတ်ဖတ်ပူဇော်ကြကာ ဘုရားကြီးအတွင်းဘက်မှ ပရိတ်တော်များရွတ်ဆို၍ တစ်ပတ်ပတ်ခဲ့ပြီး အမျိုးသားရေးညွန့်ပေါင်းအဖွဲ့၊
မျိုးချစ်လူငယ်များအဖွဲ့၊ မျိုးချစ်သမဂ္ဂ စသည့်အဖွဲ့ပေါင်းစုံ လူပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြောင်း
သိရသည်။
25.2.2017 စံတော်ချိန် သတင်းစာ
No comments:
Post a Comment