"ဝါဆိုဆရာတော်ဘုရားကြီးဈာပန
ထူးခြားတာလေးတွေ"
===============================
မန်းတောင်ခြေ
အားကစားကွင်းကို အစောကြီးကတည်းက ရောက်ပါတယ်။
ဝိသုဒ္ဓါရုံမှာ
အခမ်းအနားကျင်းပစဉ် ယပ်တောင်နှင့် စာစောင်တွေ လှူဒါန်းဝေငှတာတွေစီစဉ်ပြီး ဈာပနကွင်းသို့
တန်းသွားတာပါ။
ယာဉ်တန်းနှင့်မပါဘဲ
ကြိုရောက်နှင့်နေလို့ သီတဂူဆရာတော်ကြီးတို့ ကာချုပ်ကြီးတို့ မဏ္ဍပ်ထဲမှာရှိမှန်း သိရပါတယ်။
သီတဂူဆရာတော်ကြီးအား
ဖူးမြော်လိုက်ရင် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ သွားမဖူးပါဘူး။
ဒါနဲ့ ဒေါင်းယာဉ်ပျံကြီးကြွလာမှ
ကွင်းထဲဝင်တာပါ။
ရုပ်ကလာပ်တော်ကို
ပင့်ဆောင်ဖို့ သီတဂူဆရာတော်ကြီးတို့ကြွလာပြီး စာရေးသူနားမှာ ရပ်နေတော်မူပါတယ်။ နှုတ်ဆင့်သင့်
မသင့် ချိန်ဆပြီးမှ နှုတ်မဆက်ရင် မကောင်းဘူးထင်တာနဲ့ ထိုင်ရာမှထပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။
ဆရာတော်ဘုရား...
တပည့် ဝီရသူပါဘုရား။
အေး ဝီရသူ ဝမ်းသာတယ်။
ဘယ်အချိန်ရောက်တာလဲ။
နေ့ခင်းကတည်းကပါဘုရား။
ကောင်းတယ်
ဖိတ်စာရောက်မှလာတာမျိုး မကောင်းဘူး။ ဖိတ်စာမမျှော်ဘဲ အရောက်လာရမည့်ပွဲ။
ကျေးဇူးကြီးလှပါတယ်ဘုရား။
စာရေးသူလည်း
ပရိသတ်နှင့်အတူ ပြန်ထိုင်ဖို့ ပြင်လိုက်ပါသေးတယ်။ ဆရာတော်ကြီးက
ဘယ်မှမသွားနဲ့၊
ဒီမှာပဲ နေ
မိန့်တော်မူတာနဲ့
ဆရာတော်ကြီးအနားမှာပဲ ရပ်နေရင်း ရုပ်ကလာပ်တော်ထမ်းဖို့ စောင့်နေလိုက်ပါတယ်။
သီတဂူဆရာတော်ကြီး
ပြန်ကြွသွားသည့်အခါ စာရေးသူအား ဝီရသူ ကျေးဇူးတင်တယ် ဟု နှုတ်ဆက်သွားပါတယ်။
ရိုးရိုးစကားပြောတာ
မဟုတ်ဘဲ ဦးခေါင်းကို လက်ဝါးဖြင့် အသာအယာပုတ်ပြီးမှ ပြောတာပါ။
ကိုယ့်မြေး
ကိုယ့်တပည့်ကို ကြင်နာတတ်သော ကရုဏာလက်တော်ပါဘုရား။
သီတဂူဆရာတော်ကြီး
ကျန်းမာစွာဖြင့် သက်တော်ရာကျော် ရှည်တော်မူပါစေဘုရား။
တပည့်
ဝီရသူ (မစိုးရိမ်)
19.2.2017
PM-8:50





No comments:
Post a Comment