Tuesday, February 28, 2017

Speaker ဂျာနယ်နှင့် အင်တာဗျူး 28.2.2017


အပြော နဲ့ လက်တွေ့

အပြော နဲ့ လက်တွေ့
*****-*****-*****-*****-*****-****-

နိုင်ငံသားစိစစ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုရှိရန် မောင်တောတွင်ဆန္ဒပြ
ကိုအောင်

နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူကို နိုင်ငံသား ပေးလိုက်ပါ။ ကျနော်တို့ ဘာမှမကန့်ကွက်ပါဘူး။ အခု ဆန္ဒထုတ်ဖော်ရတာက နိုင်ငံသားစိစစ်ရေးကော်မတီဟာ ဘယ်လိုစိစစ်သလဲ။ ကျနော်တို့မြို့က တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း ကော်မတီထဲမှာ မပါတော့ စိစစ်မှုတွေဟာ ဥပဒေနဲ့ညီလား၊ မညီဘူးလားဆိုတာ ဘာမှမသိရဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါကြောင့် ဆန္ဒပြရတာပါ

သတင်းနှင့် ဓာတ်ပုံများကြည့်ရှုရန်...

http://burmese.dvb.no/archives/191957


"အစည်းအဝေး ဖိတ်ကြားလွှာ"

"အစည်းအဝေး ဖိတ်ကြားလွှာ"
==================

ကျေးဇူးရှင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် မဟာနာယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သြဝါဒါစရိယ၊ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ မဟာသကျသီဟမြတ်စွာဘုရားဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ သြဝါဒါစရိယ၊ ပွဲစားကုန်သည်စက်ပိုက်များ မဟာကထိန်တော်အသင်းကြီး၏ သြဝါဒါစရိယ ဖြစ်တော်မူသော
ဘဒ္ဒန္တပဒုမာဘိဝံသ
မဟာထေရ်မြတ်သည် ၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း (၂)ရက်၊ (27.2.2017) တနင်္လာနေ့၊ ည (၈း၁၅)နာရီအချိန်၊ သက်တော်(၈၂)၊ ဝါတော်(၆၂)အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသောကြောင့် အန္တိမအဂ္ဂိဈာပနပူဇော်ပွဲဆိုင်ရာ ဆောင်ရွက်ဖွယ်ရာများကို ညှိနှိုင်းဆောင်ရွက် ကုသိုလ်ယူနိုင်ရန်အတွက် ၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း(၄)ရက်၊ (1.3.2017) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ (၁)နာရီအချိန် မစိုးရိမ်ကျောင်းတိုက်၊ သာသနနယူပဒေသကျောင်း (အလယ်တိုက်ကြီး) အထက်ထပ်သို့ အစည်းအဝေးကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


တပည့် ဒါယကာ/ဒါယိကာမများ


မစိုးရိမ်ကျောင်းတိုက် မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တပဒုမာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု)၏ အန္တိမဈာပနကို တပေါင်းလဆန်း ၁၀ ရက်၊ (7.3.2017)ရက်နေ့မှာ ကျင်းပပါမည်။

ပေါင်းလဆန်း(၂)ရက်၊ (27.2.2017)ရက်နေ့၊ ည ၈း၃၀ နာရီမှာ ဘဝနတ်ထံပျံလွန်တော်မူသော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက် မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တပဒုမာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု)၏ အန္တိမဈာပနကို တပေါင်းလဆန်း ၁၀ ရက်၊ (7.3.2017)ရက်နေ့မှာ ကျင်းပပါမည်။
အေးရိပ်ငြိမ်သုသာန်မှာ အဂ္ဂိဈာပန မီးသဂြုင်္ိဟ်ပူဇော်ပွဲ ကျင်းပမည် ဖြစ်ပါသည်။

ယနေ့ (28.2.2017) မွန်းလွဲ ၁း၀၀ နာရီ စည်းဝေးဆုံးဖြတ်ချက် ဖြစ်ပါသည်။









Monday, February 27, 2017

"ခေါင်းစဉ်ကစ မှားနေပြီ"

"ခေါင်းစဉ်ကစ မှားနေပြီ"
==============

အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိပေး ဆိုတဲ့ခေါင်းစဉ်မှားနေတယ်။
အခြေခံဥပဒေဖျက်ဆီးလိုသူတွေကို ဝီရသူ သတိပေး ခေါင်းစဉ်တပ်ရမှာ။

အရှင်စိန္တိတရေ တတိယပါရာဇိက သိက္ခာပုဒ်ကို အဖွင့်ကျမ်းတွေနဲ့အတူ လေ့လာကြည့်ပါဦး။
သေဆုံးပြီးသွားသူတစ်ယောက်ကို အကြောင်းပြုပြီး အဲဒီလိုပြောတာဟာ တတိယပါရာဇိကနှင့် ဆိုင်သလား။
မသတ်ခင် မသေခင် မြှောက်ပင့်ပေးတာ၊ စေခိုင်းတာ၊ တိုက်တွန်းတာမျိုး မဟုတ်ဘူးနော။
ငါ့ရှင်က ငါ့အပေါ် ကျေးဇူးမရှိပေမယ့် ငါ့ရှင်အပေါ်တော့ ငါ့ကျေးဇူးတွေ နှိုက်ထုတ်လို့ မကုန်ဘူးနော။
ငါ့ရှင်က ငါ့ကို လူထွက်စေချင်နေတာမို့လား။
သံဃနာယကအဖွဲ့က ငါ့ကို လူထွက်ခိုင်းအောင် ဖိအားပေးနေတာမို့လား။
ငါ့ကို ထောင်ကောမကျစေချင်ဘူးလား။

ကြည်လင်တို့အဖွဲ့ကို ကျေးဇူးတင်စကားဆိုတာနဲ့ တတိယပါရာဇိကကြီးကို ကိုင်ပြီး စကားပြောရအောင် ငါ့ရှင် စာနဲ့ဝေးသွားပြီးထင်တယ်။
သနားစရာကောင်းပါတယ် ငါ့ရှင်။
နိုင်ငံရေးကိုယ်တော်လေးတွေ ဓမ္မမသိ ဝိနယမသိနဲ့ သာသနာတော်မှ ဝေးကွာသွားတာကို သနားမိတာပါ။
ရှေ့နေကြီး ရောဘတ်စန်းအောင်လောက်တောင် အဆင့်မရှိတော့ပါလား ငါ့ရှင်။
ရောဘတ်စန်းအောင်က အခင်းမဖြစ်ခင်ရေးခဲ့ရင် အရေးယူလို့ရတယ်။ အခင်းဖြစ်ပြီးမှ ရေးတာဖြစ်လို့ အရေးယူလို့မရဘူး လို့ ပြောထားပါတယ်။
ငါ့ရှင်တို့က ဒါကြောင့် မွတ်စလင်တွေကို ဆရာတင်တာဖြစ်မယ်။
နိုင်ငံရေးကိုယ်တော်တွေ ရွှေဝါရောင်နာမည်ကိုအသုံးချပြီး ကုလားနောက်မြီးဆွဲလုပ်နေတာ သိခရဏီကို ကိုးကွယ်နေတာ ဘုရား တရားနဲ့ ဝေးသွားလို့၊ ဓမ္မ ဝိနယတွေနဲ့ ဝေးသွားလို့ ဖြစ်မယ်။
မွတ်စလင်ကို ဆရာတင်ချင်ရင်လည်း ရောဘတ်စန်းအောင် စကားကို အရင်နားထောင်ကြည့်လိုက်ပါဦး။

နိုင်ငံတကာစံချိန်အတိုင်း လိုက်လုပ်ရအောင် ဘယ်ပါတီက စံချိန်မီနေလို့လဲ။
ဘယ်နိုင်ငံရေးသမားက စံချိန်မီနေလို့လဲ။
ဘယ်စာနယ်ဇင်းတွေက စံချိန်မီနေလို့လဲ။
မိမိကိုယ်ကို နိုင်ငံတကာအဆင့်မီအောင် အရင်လုပ်ကြပါ။
ပြည်သူတွေအတွက် လုပ်ပေးရမှာကျတော့ နိုင်ငံတကာဆိုတဲ့စကား မပြောကြဘူး။
သူတို့အခွင့်အရေးအတွက် သူတို့လုပ်ချင်လာပြီဆိုရင်တော့ နိုင်ငံတကာနဲ့ ကိုင်ပေါက်တော့တာပဲ။
နို်င်ငံတကာ အတိုင်း လုပ်ချင်ရင် အတိုင်ပင်ခံဥပဒေကို အရင်ဖျက်ပါ။
ပါတီနှင့် အစိုးရနှင့် လွှတ်တော်နှင့် ပူးပြီး ပေါင်းစားတာမျိုး ညီပြီး ညာစားတာမျိုး အရင်ရှောင်ပါ။
အဲလိုမှမဟုတ်ရင်တော့ နိုင်ငံတကာနဲ့ လာကိုင်မပေါက်မိစေနဲ့။

စင်းလုံးချော ဒီမိုကရေစီ ရင့်ကျက်တဲ့ဒီမိုကရေစီ ပြည့်ဝတဲ့ဒီမိုကရေစီဆိုရင် တစ်မတ်သားအမတ်တွေ မလိုအပ်ပါဘူး။
ဒီစစ်သားတွေရှိနေတာတောင် ဒီစစ်သားတွေ ဒီလောက်အတိုက်အခံလုပ်နေတာတောင် တိုင်းပြည်အတွက် အရေးကြီးတဲ့ ဧည့်စာရင်း ဥပဒေလို့ခေါ်တဲ့ လုံခြုံရေးဥပဒေကြီးကို ဖျက်ဆီးပစ်ခဲ့ကြပြီ။
ဒီစစ်သားတွေသာမရှိဘူးဆိုရင် ငနီခိုင်းတဲ့အတိုင်း အနောက်တံခါးကြီး ချိုးဖျက်ပြီးတာ ကြာရောပေါ့။

နိုင်ငံရေးအတွက် ငါ့ရှင်တို့ လိုလားသူတွေ ရှိသင့်သလို အမျိုးသားလုံခြုံရေးအတွက် တပ်မတော်သားကိုယ်စားလှယ်တွေ အမှန်တကယ် လိုအပ်နေချိန်ပါ။
ငါ့ရှင် စိန္တိတ အငယ်တန်းစာဝါ ပြန်လိုက်ပါ။

ဘုန်းဘုန်း
ဝီရသူ (မစိုးရိမ်)
28.2.2017
PM-1:00
-----------------------------------------------------------------------------------------


အခြေခံဥပဒေပြင်လိုသူတွေကို မဘသ သတိပေး
======================
(သတင်း အစ အဆုံး)
#HtetKhaungLinn

ထက်ခေါင်လင်း/Myanmar Now

ရန်ကုန် (Myanmar Now) – ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်လိုသူတွေကို သတိထားကြပါလို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ အထင်ကရ ခေါင်းဆောင်တွေက ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး တနင်္လာနေ့မှာ ပြောလိုက်ပါတယ်၊

လုပ်ကြံခံရသူ ထင်ရှားတဲ့ အစ္စလမ်ဘာသာဝင် ရှေ့နေ ဦးကိုနီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သူ တစ်ယောက် ဖြစ်ပြီး ဒီအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရဲ့ နေရာ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားအမတ်တွေက ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ ရနေတာပါ။

မဘသ ခေါင်းဆောင် ဆရာတော် တစ်ပါး ဖြစ်တဲ့ ဦးဝီရသူက တခြားနိုင်ငံတွေရဲ့ လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မလိုအပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လိုအပ်တယ်၊ အခြေခံဥပဒေဟာ တစ်မျိုးသားလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီးတာကြောင့် လွှတ်တော်အတွင်းက တပ်မတော်သားကိုယ်စားလှယ် မရှိစေချင်သူ၊ အခြေခံဥပဒေကို ပယ်ဖျက်ချင်သူတွေ သတိထားကြပါလို့ သူက ရေးသားလိုက်ပါတယ်။

ဒါ့အပြင် ဦးဝီရသူက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ကြသူတွေကို ကျေးဇူးစကား ဆိုပါတယ်၊

"ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်" လို့ မန္တလေးမြို့က ဦးဝီရသူက သူ့ရဲ့ အင်တာနက် လူမှု ကွန်ရက်စာ မျက်နှာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရေးသားလိုက်ပါတယ်၊

ဦးကြည်လင်းက ရန်ကုန်လေဆိပ် သေနတ်သမား၊ ဦးအောင်ဝင်းဇော်က စီစဉ်သူဖြစ်ပြီး၊ ငွေကြေး ထုတ်ပေးသူက ဦး ဇေယျာဖြိုးတို့ဖြစ်တယ်၊ သူတို့ကို ဖမ်းဆီးပြီး လူသတ်မှုနဲ့ အရေးယူထားတယ်လို့ ပြည်ထဲရေးဌာနက ဖေဖော်ဝါရီ ၂၄ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပြီး ဦးဝီရသူကတော့ "သူတို့မိသားစုတွေကို စာနာမိတယ်" လို့ ဆိုပါတယ်။

လုပ်ကြံမှုမှာ ပါဝင်တဲ့ လေဆိပ်သေနတ်သမား၊ တပ်မတော်အရာရှိဟောင်းတွေနဲ့ ဘာအဆက်အသွယ်မှ မရှိကြောင်း၊ အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချပြီး အကြမ်းဖက်ခံရသူ တိုင်းကိုလည်း စာနာမိကြောင်း ဦးဝီရသူက ရေးပါတယ်။

ဦးဝီရသူဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ အစ္စလမ်ဘာသာရဲ့ လွှမ်းမိုးမှု အန္တရာယ် ကျရောက်နေကြောင်းကို တက်တက်ကြွကြွလှုံ့ဆော်လေ့ရှိပြီး သူ့ရဲ့ တရားပွဲများမှာလည်း ဒီအကြောင်းတွေကို အမြဲတမ်း ဟောပြောလေ့ ရှိပါတယ်။

မဘသ အတွင်းရေးမှူး မှတ်ချက်
----------------------------

Facebook ရေးသားချက်နဲ့ ပတ်သက်ပြီး ဦးဝီရသူကို Myanmar Now က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူးကတော့ ဦးဝီရသူရဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရေးသားချက်ဟာ ရေးသားသူရဲ့ ပုဂ္ဂလိက အာဘော်သာဖြစ်တယ်၊ ဦးကိုနီအသတ်ခံရ စဉ်က အဖွဲ့အနေနဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန် ကြေညာပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်လို့ မဘသ အတွင်းရေးမှူး၊ မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိက ယူဆပါတယ်။

ဦးကိုနီက မွတ်စလင်တွေ နေရာရအောင် တိုင်းပြည်ရဲ့ခြံစည်းရိုးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခုချင်း ဖယ်ရှားနေတယ်၊ အခုချိန်မှာက တိုင်းပြည်ရဲ့အခြေအနေက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ မလိုသေးဘူး၊ ရလည်း မရသေးဘူး၊ ဒါကို ပြင်မယ်လို့ပြောနေရင် အမုန်းပွားနေဦးမှာပဲ လို့ ဆရာတော်က ဆိုပါတယ်၊

တပ်မတော်က ဒီဟာကို ကာကွယ်စောင့် ရှောက်ရမယ့်တာဝန် ရှိတယ်၊ ပြင်ချင်ရင် တပ်နဲ့ပေါင်းပေါ့၊ ဦးကိုနီက ဒီခြံစည်းရိုးကို တစ်ချောင်းချင်းဖြုတ်နေတာ၊ ဒါ တစ်နေ့ ချောက်ကျမှာပဲ။ ပြောလို့မှ မရရင် အမျိုးချစ်တဲ့ လူတွေရော၊ ဘုန်းကြီးတွေရော လက်ခံဘူး၊ တပ်ဘက်က အတွင်းကျကျ သိထားတာတစ်ခုက အခုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို တပ်ဘက်က စောင့်ကြည့်နေတယ်

အခြားတစ်ဘက်မှ အသံများ
----------------------------

ကိုယ်တိုင် ကျူးလွန်သတ်ဖြတ်တာ မဟုတ်ပေမယ့် သံဃာတော်တစ်ပါးအနေနဲ့ ရန်ကုန်လေဆိပ် လူသတ်သမားတွေကို အားပေးအားမြှောက်ပြုတာ၊ ချီးမွမ်းတာ၊ ထောက်ခံတာဟာ ရဟန်းရဲ့ဝိနည်းတော်အရ တတိယပါရာဇိကကျခြင်းဖြစ်တယ်၊ ရဟုန်းဘဝ ပြီးဆုံးသွားပြီး သာမန်လူတယောက်အဖြစ်သာ မှတ်ယူရမယ်လို့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်သူ မန္တလေးမှ ဦးစိန္တိတက မှတ်ချက်ပေးပါတယ်။

အဲ့ဒီလိုလုပ်တာဟာ ရဟန်းဘဝ ပြန်မရတော့ဘူး၊ ရဟန်းမဟုတ်တော့ဘူး၊ ဒါကို တာဝန်ရှိတဲ့ သံဃ အဖွဲ့အစည်းတွေ သိရမယ်၊ သိချိန်မှာလည်း သာသနာတော်ပြင်ပကို ထုတ်ရမှာ၊ အခုက ဦးဝီရသူ ကိုယ်တိုင်က သူလုပ်တာဟာ ဝိနည်းနဲ့မညီတာကို မခံယူလို့လား၊ သက်ဆိုင်တဲ့အဖွဲ့တွေကပဲ ဒီအတိုင်း ကြည့်နေတာလားတော့ တွေးစရာဖြစ်တယ် လို့ ဦးစိန္တိတက ဆိုပါတယ်၊

လူသတ်မှုကျူးလွန်ကြသူတွေကို ကျေးဇူးတင်ကြောင်း အများသိ ထုတ်ဖော်ခြင်းဟာ ရာဇဝတ် မှုကို အားပေးအားမြှောက်ပြုတဲ့သဘော သက်ရောက်ပေမယ့် ဥပဒေအရ အရေးယူနိုင်တဲ့အထိတော့ ပြစ်မှုမမြောက်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတချို့က မှတ်ချက်ပြုပါတယ်၊

အမှုဖြစ်စဉ် မဖြစ်ခင်မှာ သူ့အနေနဲ့ ဒီလိုရေးသားခဲ့မယ်ဆိုရင်တော့ ဥပဒေအရ အားပေးအားမြှောက်လုပ်တာ ဆိုပြီး သူ့ကိုအရေးယူလို့ရတယ်၊ အခုက ဖြစ်စဉ်ကြီး ဖြစ်ပျက်ပြီးမှ သူက သူ့စိတ်ခံစားချက်ကို လူမှုကွန်ရက်မှာ ရေးတာ ဖြစ်တဲ့အတွက် သူ့ကို အမှုဖွင့်အရေးယူလို့ကတော့ မရဘူး လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်၊

မဘသအဖွဲ့ရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်ကလည်း ဦးဝီရသူရဲ့ ရေးသားချက်ဟာ ပုဂ္ဂိုလ်ရေး ခံစားချက်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့ကပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဦးကိုနီသတ်ခံရမှုဟာ ပုဂ္ဂိုလ်ရေးမုန်းတီးတာကြောင့်ဖြစ်ပြီး၊ လူအချင်းချင်း အမုန်းပွားစေတဲ့ စကားတွေရပ်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဦးကိုနီသတ်ဖြတ်ခံမှုနဲ့ပတ်သတ်ပြီး အမုန်းပွားစေတဲ့စကားများ Facebook ကွန်ရက်မှာ ပျံ.နှံ့နေတာကိုတော့ အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း မပြုတာ တွေ့ရှိရပါတယ်။

-------------------------

လူစည်ကားတဲ့ ရန်ကုန်လေဆိပ်မှာ ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းကြံစည်သူတွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြသထားတဲ့ မှတ်တမ်းတွေကို လေ့လာနေသူတစ်ဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
https://www.facebook.com/myanmarnownews/posts/811719868975753:0





"ကျေးဇူးရှင် မစိုးရိမ်မဟာနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဒုမာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူပြီ"

"ကျေးဇူးရှင် မစိုးရိမ်မဟာနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဒုမာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူပြီ"
=========================================================

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်ကြီး၊ သဒ္ဓမ္မနယူပဒေသကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဒုမာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) 27.2.2017 ည ၈း၃၀ နာရီမှာ ဘဝနတ်ထံပျံလွန်တော်မူပါသည်။
ယနေ့ 28.2.2017 မနက်ပိုင်းမှာ မစိုးရိမ်တိုက်သစ်မှ နာယကဆရာတော်များ ကြွရောက်တော်မူပါသည်။

မြို့တော်ဝန်နှင့်အဖွဲ့လည်း လာရောက်ဖူးမြော်ပါသည်။ 28.2.2017 မွန်းလွဲ ၁း၀၀ နာရီမှာ အစည်းအဝေးကျင်းပပါမည်။ အစည်းအဝေးပြီးမှ ဈာပနရက် သိရှိရပါမည်။










မိတ်ဆွေကြီးလည်း မီဒီယာအနိုင်ကျင့်မှုခံနေရပါလား?

မိတ်ဆွေကြီးလည်း မီဒီယာအနိုင်ကျင့်မှုခံနေရပါလား?
***********************************

'ဒေါ်နယ်ထရမ့်၏ပထမဆုံးတစ်လအောင်ပွဲ မီဒီယာများနှုတ်ပိတ်နေခြင်း""
****************************************************************************************************************

Credit - မြန်မာ့စစ်​​သွေး

...အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ပထမဆုံးရက်(၃၀)မှာ
အမေရိကန်ပြည်သူတွေအပေါ်တင်ရှိနေတဲ့အကြွေး၁၂ဘီလီယံကိုလျှော့ချနိုင်ခဲ့ပါပြီ။
...ဒီအောင်ပွဲနဲ့ပတ်သက်လို့ မီဒီယာတွေကနှုတ်ဆိတ်နေကြပြီး ထုတ်ပြန်ခြင်း
သုံးသပ်ခြင်းမရှိကြဘူးလို့ဆိုပါတယ်။ဒေါ်နယ်ထရမ့်ကဒီအကြောင်းကိုသူ့ရဲ့
တွစ်တာစာမျက်နှာကနေရင်ဖွင့်ခဲ့ပါတယ်။
...ကျွန်တော်ဟာ ပထမဆုံးလမှာပဲ အမေရိကန်ပြည်သူတွေရဲ့အကြွေး၁၂ဘီလီယံလျှော့သွားအောင်ဆောင်ရွက်နိုင်ခဲ့ပါပြီ မီဒီယာတွေကတော့မဖော်ပြဘူးဗျ..နောက်ပြီးအိုဘားမားပထမတစ်လမှာတော့ အကြွေးဘီလီယံ၂၀၀ပိုတိုးသွားတယ်ဆိုတာလေးလည်းသိကြပေါ့ဗျာ..လို့ဆိုလိုက်ပါတယ်။
....RT သတင်းကဖော်ပြတာကတော့ ဒေါ်နယ်ထရမ့်အနေနဲ့ အမေရိကန်စီးပွားရေးတိုးတက်လာဖို့နဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးဖို့အတွက်ကြီးမားတဲ့အကောင်းမြင်မှူတွေရှိနေတယ်။ပြီးတော့ကြီးမားတဲ့အခွန်တွေနဲ့စည်းမျဉ်းတွေကိုပယ်ဖျက်ပစ်ဖို့လည်းသူက ကတိပေးထားပြန်တယ်။သူပြောတဲ့အချက်တွေက
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနတင်ပြချက်တွေနဲ့တိုက်ဆိုင်နေပါတယ်။
သူသမ္မတတာဝန်ယူတဲ့နေ့က US မှာအကြွေး$19,947ဘီလီယံ ရှိပါတယ်။ အခုပထမလပြီးတော့ $19,935ဘီလီယံရှိပါတယ်။ဒါဆိုရင်သူလိမ်ညာမပြောဘူးဆိုတာပေါ်လွင်ပါတယ်။လို့သတင်းကဆိုပါတယ်။
..ကဲ ကျုပ်တို့မြန်မာနဲ့ဘာကွာလဲ နဲနဲ နှိုင်းယှဉ်ကြပေါ့ဗျာ ။တတ်လို့တက်လုပ်တဲ့
သူနဲ့ အမျိုးသားအကျိုးစီးပွားဦးစားပေးတဲ့သူတွေ အောင်မြင်တဲ့ခေတ်ကိုရောက်နေပြီဆိုတာလေးသိစေချင်လို့တင်ပြလိုက်ပါတယ်။
Moe Kyaw (or) Sit Thwe (27-2-2017) #မြန်မာ့စစ်သွေး

Trump Cuts US Debt By $12bn In First Month, Media Remains Silent..
President Donald Trump has managed to decrease the total US public debt by $12 billion in his first month in office despite the media remaining silent on his achievement.President Trump Tweeted that the media had not reported the huge reduction of the national debt.He said: “The media has not reported that the National Debt in my first month went down by $12 billion vs a $200 billion increase in Obama first month".
RT.com reports: He then added that he has “great optimism for future of the US business and jobs” and promised “big tax and regulation cuts.”The figures presented by Trump coincide with the data issued by the US Treasury Department, according to which, on January 20th, the day of Trump’s inauguration, the overall US debt stood at $19,947 billion. On February 21st, a month later, the total US debt load amounted to $19,935 billion.Moreover, between February 22 and February 23, the US debt fell by further $ 22 billion from $ 19,935 billion to $ 19,913 billion.The US public debt really grew by more than US$ 200 billion from US$ 10,626 billion to US$ 10,838 billion in Obama’s first month in office, according to the US Treasury data.According to the website USdebtclock.org, which tracks how much the US debt grows in real time, the debt had grown by $ 9 trillion or by 86 percent from $ 10.7 trillion to $ 19.6 trillion during Obama’s two terms in office, hitting a record high.U.S. President Barack Obama holds his final news conference at the White House in Washington, U.S., January 18, 2017. © Kevin LamarqueUS debt soars 86% under Obama presidency to nearly $20 trillion.
The largest budget item is Medicare/Medicaid which has seen over $1.1 trillion added to US debt. Social Security accounted for $900 billion, while $585 billion was spent on defense and war.However, the New York Times reported in 2009 that Obama banned four accounting gimmicks that President George W. Bush used to make deficit projections look smaller. This decision led to a situation, in which the spending seemed to grow to a larger degree previously.Trump’s statements come just a day after the Council on Foreign Relations predicted that “Trump’s policies would be likely to significantly widen the budget deficit.”In November 2016, after the US elections, the Tax Policy Center (TPC) also said that the federal debt would rise by $7.2 trillion n ten years and by $20.9 trillion by 2036.Trump vowed to reduce the US debt and to eliminate deficit spending during his presidential campaign. On Wednesday, he once again addressed this issue and pledged to make Washington stop wasting taxpayers’ money.“The finances of our country are a mess, but we’re going to clean them up,” the president said, adding that “we won’t let your money be wasted anymore."

http://achievement.pr/

သိမ်ဇရပ်ဆရာတော်ပြောသောခေတ်

အလ္လာရှင်တော်မြတ်က ချစ်လွန်းလို့ ခေါ်တော်မူတာကို အသာတကြည် လိုက်မသွားဘဲ
တရားပွဲ ခလုတ်တိုက်လိုက်၊ မဘသခလုတ်တိုက်လိုက်နဲ့ ဝိပဿ နာ ဆရာတော်တွေတောင် အေးအေးမနေနိုင်ရှာတော့ဘူး။

အပျိုစင်၇၂ဦးနဲ့ အရက်ချိုမွှေးတွေ ပျားရည်မြစ်တွေနဲ့ ပျော်သူကပျော်နေပြီ။
ဒူးမနာသားတွေက ငိုလို့ မပြီးသေးဘူး။

ဝီရသူ ( မစိုးရိမ်)
28.2.2017
pm 10:20

--------------------------------------------------------==

သိမ်ဇရပ်ဆရာတော်ပြောသောခေတ်
(သို့မဟုတ်)
ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ
ကာကွယ်စောင့်ရှောက်တဲ့ အလုပ် လုပ်တာဟာ -
လူမုန်းစရာ အလုပ်ကြီးလိုဖြစ်သွားတဲ့ခေတ်
.
=================================
.

မနေ့က သတင်းလေး ၁ ပုဒ် -
ဗီဒီယိုဖိုင်လေး ၁ ခု ကြည့်ပါတယ်။
ညက တရားပွဲမှာလည်း မနေနိုင်လို့ ပြောလိုက်ပါသေးတယ်။
သတင်းထောက် ၁ ယောက်က -
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေကို မေးတယ် ။

" အခု ဦးကိုနီကို သတ်တဲ့ကိစ္စမှာ ....
မဘသ ဆရာတော်တွေက ခိုင်းတာရော မဖြစ်နိုင်ဘူးလား " .....တဲ့ ...။
.
ကဲ....ကြည့်ပါဦး ....
အဲဒီတော့ ဘုန်းကြီးတွေက -
ဘုန်းကြီးတွေက ဘယ်လိုအထဲကို ရောက်သွားမှန်းတောင် မသိတော့ဘူး။
တော်တော်လေးအခြေအနေဆိုးတဲ့အထဲကို ရောက်နေတယ် -
အဲဒီတော့ -
ပြည်ထဲရေးဝန်ကြီး
ပြန်ဖြေလိုက်တာလေးတော့ ....
ဘုန်းကြီးက စိတ်သက်သာရာရပါတယ် ။

" ငါ့ညီရာတဲ့ ....
မင်းလည်း ဗုဒ္ဓဘာသာပဲကွာ တဲ့ -
တို့လည်း ဗုဒ္ဓဘာသာပဲ တဲ့ -
ပါဏာတိပါတာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ
ဆောက်တည်နေကြရတာပဲ ။
ဘုန်းကြီးတွေက သတ်ခိုင်းမလား မင်းစဉ်းစားကြည့်ပါ ."...တဲ့ ။

အဲ....သူပြောတဲ့စကားလေးကြောင့် -
သက်သာရာရသွားတယ် -
ဒီသတင်းထောက် အလိုဆိုရင်တော့ .....
.
အဲဒီတော့ တစ်ခါတစ်ခါ
ဘုန်းကြီးတို့ တွက်ကြည့်တယ် ။
ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ
ကာကွယ်စောင့်ရှောက်တဲ့ အလုပ် လုပ်တာဟာ -
တကယ့်လူမုန်းစရာ အလုပ်ကြီးလိုဖြစ်သွားတဲ့ခေတ်နော် ....။
.
အဲဒီအတိုင်းသွားရင် သည်သာသနာ -
ကြာကြာခံမှာလား....မခံဘူးလား ။

ထိုင်း ကို နမူနာယူဖို့ လိုတယ်နော့် ....၊
.
အဲဒီ ဒီလူမုန်းများတဲ့အလုပ်ကို ....
ဆရာတော်ကလေ ....
ကျောက်တောင်ကြီးလိုပဲ ရှေ့ကနေ မားမားမတ်မတ် -
အမျိုးဘာသာသာသနာ
စောင့်ရှောက်ရေးအဖွဲ့ ....

ဆရာတော် သံဃာတော်အားလုံးကလည်း -
ရှေ့က ဆရာတော်ရပ်နေတယ် ....
ရှေ့က ဆရာတော်ရှိနေတယ် .....
အဲသည်အားလေး တစ်ခုတည်းနဲ့ပဲ -
အကုန်လုံးကလည်း ရဲရဲတင်းတင်းဖြစ်သွားကြတယ် ။

အဲဒီတော့ လူမုန်းများတဲ့အလုပ်ကို -
အကျိုးရှိတဲ့အတွက် -
ဆရာတော်ကြီး ရှေ့က မားမားမတ်မတ်ရပ်တည်တယ်။

ဒီဂုဏ်ကလည်း ခုနောက်ပိုင်းမှ လူသိလာကြတယ်။
သို့သော် အဲဒါကို ဂုဏ်လို့မမြင်ပဲ -
အပြစ်လို့ မြင်တဲ့ခေတ်ထဲကိုလည်း ....
မရောက်ဘူးလား.... ရောက်နေလား ။

အားလုံးသတိရှိကြပါ ။
မဟုတ်ရင် မြန်မာပြည်သာသနာဟာ
ထိုင်းလို ထိုင်းသာသနာလိုဖြစ်သွားလိမ့်မယ် ။

နောင်လာနောက်သား မျိုးဆက်သစ်တွေ
နိဗ္ဗာန ပစ္စယော ဟောတု ဆိုတာတောင် ကြားခွင့်မရတဲ့အနေအထား..
ရောက်သွားနိုင်တယ်နော့် ....။
မဆုံးရှုံးဘူးလား....ဆုံးရှုံးမှာလား ။

အဲဒီတော့ ဘုန်းကြီးက တွက်ကြည့်တာပါ ။
သတင်းထောက် တစ်ယောက်မေးတာ ကြည့်ပြီးတော့ -

#ဒီသတင်းထောက်တွေလည်း ....
#ဘယ်ကဟာတွေစားပြီးတော့
#ဘာစိတ်တွေများဝင်နေလည်းမသိဘူး လို့ ။

ဘုန်းကြီးတွေဆိုရင် အကောင်းကို မမြင်တော့ဘူး ။

ဘုန်းကြီးတွေက ....
လူသတ်သမား လူမိုက်ငှားပြီး
သတ်ခိုင်းတဲ့အဆင့်
ရောက် - မရောက်ဆိုတာတော့
နည်းနည်းလေးတော့
စဉ်းစားဖို့ကောင်းတယ်နော် ။

အဲဒီတော့ သူတို့မေးလိုက်တဲ့ မေးခွန်းအရ ....
ဟိုဘက်က ဖြေတဲ့ပုဂ္ဂိုလ်က မပါးနပ်လို့
အူလည်ကြောင်လည်သာဖြစ်လို့ရှိရင် ....
ထင်ယောင်ထင်မှားတွေနဲ့ ပိုဆိုးကုန်မယ်။

တော်သေးရဲ့ -
ဟိုဘက်ကလူ ဘာဖြေမလဲ
နားထောင်ရင်းနဲ့ ....
ရင်တထိတ်ထိတ်
ရင်တမမ စောင့်နေရတာ ....။

" ငါ့ညီရာ မင်းလည်း ဗုဒ္ဓဘာသာ
ငါတို့လည်း ဗုဒ္ဓဘာသာ...
ပါဏာတိပါတာ ဝေရာမဏိသိက္ခာပဒံ ရှောင်ကြဉ်ဖို့ပဲပြောတာ ....
ဘုန်းကြီးတွေက လူမသတ်ခိုင်းလောက်ပါဘူး"

အဲဒီစကားလေး ပြောလိုက်တော့မှ -
တော်ပေသေးရဲ့......လို့ ....။

(ဓမ္မဒူတအရှင်ပညာဝရ၏
ဗီဒီယိုဖိုင်မှ ကူးယူဖော်ပြသည်။)
Image may contain: 1 person
Image may contain: 5 people, text
Image may contain: 1 person, text

Image may contain: 3 people





“မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာပညာရေးအလှူတော်)

“မုဒိတာရပ်ဝန်း”
(မန်း မဟော်သဓာပညာရေးအလှူတော်)
============================

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မဟာစည်ဌာနချုပ်၊ မဟာစည်ဝန်ဆောင်ကမ္မဋ္ဌာနာစရိယ ဦးသစ္စဝံသ က အလှူငွေ ၁၀၀၀၀၀ိ/ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။

မန်း မဟော်သဓာအတွက်
ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော် လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊
ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊
သီခြားအလှူရှင်များ လှူဒါန်းငွေ ၇,၉၀၅,၅၀၀
စုစုပေါင်း - ၁၅၄,၂၀၅,၅၀၀ (တစ်ထောင့် ငါးရာ့ လေးဆယ့် နှစ်သိန်း ငါးထောင့် ငါးရာကျပ်) ရရှိပြီဖြစ်သည်။


အလှူရှင်မိသားစုနှင့်အတူ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုး၍ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျောရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။


"စဥ့်ကိုင်မြို့နယ် ကံသာအေးကျေးရွာ တရားပွဲ"

"စဥ့်ကိုင်မြို့နယ် ကံသာအေးကျေးရွာ တရားပွဲ"
==========================

တပို့တွဲလဆုတ် ၆ ရက်၊ (17.2.2017) ည ၈း၀၀ နာရီ၊ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ အင်္လျှားအရှေ့/အနောက် ကံသာအေးရွာ၊ သောကြာလူငယ် ဘုံဆွမ်းလောင်းအဖွဲ့ စတုတ္ထအကြိမ် အထူးဓမ္မသဘင်။

တရားမဟောခင် အင်္လျှားအနောက်ရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ခဏနားပါတယ်။
စဥ့်ကိုင်မြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီး၊ ရပ်/ကျေး သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အင်္လျှားအနောက်ကျောင်းဆရာတော် ဦးစန္ဒိမာတို့အား ဖူးမြော်ပူဇော်ပြီး စာအုပ်စာစောင်များ လှူဒါန်းပါတယ်။

မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးက တဘက်စွဲရွာတရားပွဲတုန်းက ညစဉ် လာရောက်စောင့်ရှောက်တဲ့ ဆရာတော်ကြီးပါ။
ရွာသူရွာသားများနှင့် ယခင်တစ်ကြိမ်လည်း ဆုံခဲ့ဖူးတာကြောင့် သုတ္တန်သက်သက်ပဲ ဟောကြားခဲ့ပါတယ်။
တရားတော်ရဲ့အမည်က နမောတဿတန်ဖိုး တရားတော်ပါ။